ဘန်ကောက်၊ မတ် ၁၇

အကြီးစားဝီစကီကုမ္ပဏီတစ်ခုဖြစ်သည့် ချီးဗက်စ်ရီဂယ်လ် သည် ကေပေ့ါဂီတ Blackpink အဖွဲ့ဝင် တစ်ဦးဖြစ်သည့် လာလီဆာ “လီဆာ” မာနိုဘန်ကို ၎င်း ကုမ္ပဏီ၏ သံတမန်အသစ် ဖြစ်လာမည် ဟု ကြေငြာခဲ့သည်။ 

ထိုဆောင်ရွက်ချက်သည် လီဆာကို အာရှရှိ ချီးဗက်စ် ကုန်အမှတ်တံဆိပ်အတွက် ပထမဦးဆုံး အမျိုး သမီးမျက်နှာသစ် ဖြစ်လာစေခဲ့သည်။

သို့သော်လည်း ထိုင်းနိုင်ငံအတွင်း အရက်ကြော်ငြာ ထုတ်လုပ်ခြင်း ဥပဒေအရ အငြင်းပွားမှုများ ဖြစ် ပေါပြီး ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ 

ချီးဗက်စ် ရီဂယ်လ်သည် I Rise We Rise ဟု အမည်ရသော ကမ်ပိန်းအသစ်တစ်ရပ်ကို ထိုင်းနိုင်ငံဖွား အနုပညာရှင်တစ်ဦး၏ အောင်မြင်မှုလမ်းကြောင်းအား ရိုက်ကူး ဖော်ပြထားသည့် တစ်မိနစ်ကျော်ကြာ ဗီဒီယိုနှင့်အတူ ကြေငြာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

သို့သော်လည်း အရက်ထုတ်လုပ်ရေးကဏ္ဍနှင့် လူထု၏ ကြီးမားသော စိတ်ခံစားမှုများတွင် ဝီစကီကုမ္ပဏီ တစ်ခု၏ သံတမန်ဖြစ်လာသူ လီဆာ၏ ရာထူးသည် ထိုင်းနိုင်ငံ၏ အရက်ကုန်ပစ္စည်းကြေငြာခြင်းဆိုင်ရာ ဥပ‌ဒေ၏ သူတော်ကောင်းဆန်မှုကို သရုပ်ပေါ်စေခဲ့သည်။ 

ထိုင်းနိုင်ငံ၏ ၂၀၀၈ ခုနှစ် အရက်ယမကာထိန်းချုပ်ရေး အက်ဥပဒေ အခန်း ၃၂ အရ ထိုင်းနိုင်ငံအတွင်းရှိ မည်သူတစ်ဦး တစ်ယောက်ကမျှ အရက်ပါဝင်သော သောက်သုံးမှုကို ကြေငြာခြင်း၊ အမည် သင်္ကေတ သို့မဟုတ် ကုန်အမှတ်တံဆိပ်များကို ဖော်ပြခြင်းမှ တားမြစ်ထားသည်။ 

အခုအချိန်ထိ ဝေဖန်သူများ၏ ပြောကြားချက်အရ လီဆာ၏ ကြီးမားသော ‌အောင်မြင်မှုများကြောင့်သာ အရက်ကို ကြေငြာခဲ့သည့်အတွက် ဒဏ်ကြေးပေးဆောင်ရနိုင်ချေမရှိဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ Craft Beer အသင်း၏ အဓိက အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ပရာပါဗီ ဟီမာတာ က အရက် ကြော်ငြာခြင်းက တရားမဝင် ကိစ္စမဖြစ်သင့်ပါဟု ပြောကြားခဲ့သည်။ 

ပရာပါဗီ က “အရက်ယမကာကြေငြာမှုကို သင့်တင့်လျောက်ပတ်တဲ့ တင်ဆက်မှုတွေနဲ့အတူ ခွင့်ပြုပေး သင့်ပေမယ့် ဥပဒေအရဆိုရင် ဘုရင့်နိုင်ငံအတွင်းမှာတော့ အားလုံးက တရားမဝင်ဖြစ်အောင် လုပ်ထား တာပဲ။ ဒီဥပ‌ဒေကတော့ ဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းကြီးတွေအကြားမှာ မညီမျှတဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးဖို့လောက်ပဲ ရှိနေတာပါ” ဟု ပြောကြားခဲ့သည်။ 

ပရာဗီ၏ ပြောကြားချက်အရ ထိုဥပဒေသည် အရက်ယမကာဈေးကွက်အတွင်းရှိ လုပ်ငန်းကြီးများကို ဦးစားပေးထားပြီး ပြည်တွင်းက ထိုင်းလူမျိုးပိုင်ဆိုင်သော လွတ်လပ်သော ကုမ္ပဏီများအဖို့ သူတို့ထုတ် ကုန်ကြေငြာရေးမှာ နည်းပါးသော အခွင့်အရေးတစ်ရပ်သာ ပေးထားသည်ဟု ပါရှိသည်။ 

“လုပ်ငန်းကြီးတွေကျတော့ သူတို့ရဲ့  ကုန်ပစ္စည်းတွေကို တရားဝင်ကြေငြာနိုင်ဖို့ ထိုင်းနိုင်ငံပြင်ပ ကြော် ငြာအေဂျင်စီတွေကို ငှားရမ်းနိုင်ကြတယ်၊ ဒါပေမယ့် ထိုင်းဘုရင့်နိုင်ငံအတွင်းမှာရှိတဲ့ အသေးစား စွန့်ဦး တီထွင်သူတွေက အဲ့အတိုင်းလုပ်မယ်ဆိုရင်တော့ တရားမဝင်ဘူးပဲ”ဟု ပရာဗီက ပြောကြားခဲ့သည်။ 

လူမှုကွန်ရက်များအပေါ်တွင် ထောင်သောင်းမက‌သော လူအများသည် ထိုမညီမျှမှုများကို သတိပြု မိခဲ့သည်။ 

လူမှုကွန်ရက် အသုံးပြုသူတစ်ဦး က “လီဆာလို မျိုးဆက်သစ်လေးတစ်ယောက်က အရက်ကြော်ငြာ တာနဲ့ ပတ်သက်လို့ စိတ်ပျက်မိပြီး၊ သဘောမတူနိုင်ပါဘူး။ ဒါပေမယ့် လီဆာရဲ့ ကြော်ငြာက ထိုင်းနိုင်ငံမှာ မဟုတ်ပဲ ကိုရီးယားမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ သူမက ထိုင်းဥပဒေအောက်မှာ ရှိနေတာ မဟုတ်” ဟု ရေးသားခဲ့သည်။ 

“ဒီလုပ်ငန်းအတွင်းကို ပြည်တွင်း စွန့်ဦးတီထွင်တွေအများအပြား ဝင်ရောက်နိုင်အောင် ထိုဥပဒေကို ပြင်ဆင်သင့်ပါတယ်” ဟု လူမှုကွန်ရက်အသုံးပြုတစ်ဦးမှ ပြောကြားခဲ့သည်။  

ထိုကဲ့သို့ ဝိဝါဒ ကွဲပြားသော ကိစ္စရပ်အပေါ် ထင်ရှားသော နိုင်ငံရေးသမားအချို့လည်း ဝေဖန် သုံးသပ်ခဲ့ ကြသည်။ 

ထိုင်းနိုင်ငံ၏ Progressive Movement အဖွဲ့ ပူးတွဲတည်ထောင်သူ ပီယဘူဆိုင်က “ဥပဒေ အခန်း ၃၂ ရဲ့ အဓိကရည်ရွယ်ချက်က အရက် ကြော်ငြာထုတ်လုပ်ခြင်းကို တားမြစ်တာပါ။ ဒါပေမယ့် အဲ့ဒီဥပဒေရဲ့ ဟာကွက်ကပဲ ထိုင်းနိုင်ငံပြင်ပမှနေ၍ ဈေးကွက်ချဲ့ထွင်ခြင်းကိစ္စတွေကို ခွင့်ပြုထားပြန်ပါတယ်။ ဒီတော့ Blackpink Lisa က အဲ့ဒီဥပဒေဟာကွက်ရဲ့ ဥပမာတစ်ခုဖြစ်လေမလား” ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့ ပါသည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Thai Enquirer

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.