မော်လမြိုင် ၊ မတ် (၁၇)

ထားဝယ်အကျဉ်းထောင်မှာ တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထက်မနည်း တိုက်ပိတ်ခံထားရတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တွေက ထောင်အတွင်း နိုင်ငံရေး လှုပ်ရှားတာ၊ တရားရုံးထုတ်စဉ် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တိုက်ပိတ်ထားတာ ဖြစ်ပါတယ်။

တိုက်ပိတ်ခံရသူတွေထဲမှာတော့ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံထားရတဲ့ တနင်္သာရီ ဝန်ကြီးချုပ် ဦးမြင့်အောင်၊ နိုင်ငံရေးလှုပ်ရှားသူ ကိုထွန်ဦး၊ ကိုရာဇာထွန်း၊ ကိုမင်းဆက်မှူး အပါအဝင် ၁၁ ဦး ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ထားဝယ်အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေဟာ ပြီးခဲ့တဲ့လတွေတုန်းကလည်း အစာငတ်ခံ ဆန္ဒထုတ်ဖော်တာတွေ လုပ်ဆောင်ထားပါတယ်။

တနင်္သာရီမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ ဖမ်းဆီးတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို ထောင်ဒဏ် နှစ်ရှည်တွေ ချမှတ်ထားသလို ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၈၀၀ ကျော်ကိုတော့ အမှုဆက်လက် စစ်ဆေးနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.