မော်လမြိုင် ၊ မတ် (၁၆)

အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာ ကိုယ်စားပြု ခွင့်ပေးဖို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ထားဝယ်ခရိုင်သပိတ်ကော်မတီဟာ NUCC မှာ ကိုယ်စားပြုခွင့်ရဖို့အတွက် ၂ ကြိမ်တိုင်တိုင် စာပို့ထားပေမယ့် အသိအမှတ်ပြုတာ မခံရဘူးလို့ ပြောပါတယ်။

NUCC မှာ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုရတာဟာ ဒေသအတွင်းက အသံတွေကို ကိုယ်စားပြုတင်ပြဆွေးနွေးနိုင်ဖို့၊ လက်ရှိ နိုင်ငံရေး အကျပ်အတည်းနဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေအတွက် ပါဝင်ဆွေးနွေးခွင့်ရဖို့ တောင်းဆိုရတာလို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထားဝယ်အကျဉ်းထောင်ထဲက ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေကလည်း ထးဝယ်ခရိုင်သပိတ်ကော်မတီကို NUCC မှာ ကိုယ်စားပြုခွင့်ပေးဖို့နဲ့ သပိတ်အဖွဲ့တွေအနေနဲ့လည်း ခရိုင်သပိတ်ကော်မတီနဲ့ ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားတာပါ။

ထားဝယ်အကျဉ်းထောင်ထဲမှာတော့ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အတွက်ကြောင့် ဖမ်းဆီးခံရသူ ၁၀၀၀ နီးပါးရှိပြီး အဲဒီထဲမှာတော့ ၂၀၀ ကျော်ကတော့ ထောင်ဒဏ် ပြစ်ဒဏ်အသီးသီး အမိန့်ချမှတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ပုံစာ – ထားဝယ်ခရိုင်အတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.