ထိုင်ဝမ်၊ ဖေဖော်ဝါရီ ၂၅

ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားသော ဒေသနှစ်ခုမှာ ရုရှားရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဖြန့်ကျက်ချထားမှုကို ထိုင်ဝမ်က ဗုဒ္ဓဟူးနေ့မှာ ရှုတ်ချခဲ့ပြီး ဘေဂျင်းက မော်စကိုရဲ့ နည်းနာပုံစံကို အတုယူပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ကျွန်းကို အင်အားသုံး သိမ်းယူဖို့ ကြိုးပမ်းလာမှာကို စိုးရိမ်နေပါတယ်။ 

ခွဲထွက်ဒေသနှစ်ခုသို့ ရုရှားတပ်များ နေရာယူရန် ရုရှားမှ အမိန့်ပေးပြီးနောက်တွင် ယူကရိန်း သမ္မတ Tsai Ing-wen က အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးကို သဘာပတိအဖြစ် တာဝန်ယူ ကျင်းပခဲ့ပြီး ယူကရိန်း၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းအတွက် ရုရှားအား ရှုတ်ချခဲ့ပြီး အငြင်းပွားမှုတွင် ပါဝင်ပတ်သက်သူ အားလုံးကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တောင်းဆိုခဲ့ပါတယ်။

“နိုင်ငံတကာ အသိုက်အဝန်းရဲ့ အဖွဲ့ဝင်အနေနဲ့ ထိုင်ဝမ်ဟာ အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ဘက်ပေါင်း စုံမှ ကြိုးပမ်းဆောင်ရွက်ရန် အဆင်သင့်ရှိပါတယ်” ဟု သမ္မတ Tsai က ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Xavier Chang က ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့ပါတယ်။

လနဲ့ချီပြီး ယူကရိန်းနယ်စပ်အနီးသို့ စစ်အင်အား ပို့ဆောင်ပြီး နေရာယူထားသည့် ရုရှားသည် တနင်္လာနေ့တွင် ကိုယ်ပိုင်ကြွေးကြော်ထားသော Donetsk နှင့် Luhansk တို့ကို သီးခြားလွတ်လပ်သော တပ်ဖွဲ့များအဖြစ် အသိအမှတ်ပြုပြီး ထိုနေရာတွင် တပ်စွဲရန် အမိန့်ပေးခဲ့တာပါ။

တရုတ်သမ္မတ ရှီကျင့်ဖျင်မှ ရုရှား၏ ဗျူဟာကို အတုယူကာ လက်ရှိရှုပ်ထွေးမှုဖြစ်စဉ်ကို အခွင့်အကောင်းယူပြီး ထိုင်ဝမ်ကို သိမ်းပိုက်မည်ကို စိုးရိမ်နေကြပါတယ်။

ဘာသာပြန် – အာသစ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.