ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၃

ထိုင်းအစိုးရအဖွဲ့မှ နိုင်ငံခြားသား အခွန်ပေးဆောင်သူ အုပ်စု ၃ စုကို ပုဂ္ဂိုလ်ရေး ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးဖို့ အတည်ပြုခဲ့ပြီး ထိုအထဲတွင် ဝင်ငွေအမြင့်ဆုံးရှာနိုင်သူများ၊ ပင်စင်စာများနှင့် ထိုင်းနိုင်ငံမှနေ၍ အဝေးရောက် စနစ်ဖြင့် အလုပ်လုပ်ကိုင်လိုသူများပါဝင်သည်ဟု ဘဏ္ဍာရေးဝန်ကြီး အာခွန်မ် တာမ်ဖစ်တာယာပိုင်စစ်တ်က ပြောကြားခဲ့ပါသည်။  

ထိုကဲ့သို့ အကျိုးခံစားခွင့်ရှိသူများသည် အစိုးရမှ ပေးအပ်ထားသော ကာလရှည်ကြာနေထိုင်ခွင့်ဗီဇာရှိရန် လိုအပ်ပြီး ၎င်းတို့ကို ထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများအဖြစ် သဘောထားမှတ်ယူသွားမည်ဟု မစ္စတာ အာခွန်မ်၏ အင်္ဂါနေ့ပြောကြားချက်တွင် ပါရှိသည်။ 

ပထမအုပ်စုသည် အနည်းဆုံး ဘတ် ၁၆.၃၅ မီလီယမ်ကျော်တန်ဖိုးကို အစိုးရ ငွေတိုက်စာချုပ်များ၊ ပိုင်ဆိုင်မှုများအဖြစ်သော်လည်းကောင်း၊ ထိုကဲ့သို့မဟုတ်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပုံစံတစ်ရပ်အဖြစ် သော် လည်း ထည့်ဝင်ထားရမည်ဖြစ်သည်။ 

နိုင်ငံခြားသား ပင်စင်စားများအနေဖြင့် အနည်းဆုံး အသက် ၅၀ ခန့်ရှိရမည်ဖြစ်ပြီး နှစ်စဥ်ဝင်ငွေမှာ တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ၄၀,၀၀၀ နှင့်အထက်ရှိရမည်ဖြစ်သလို ငွေတိုက်စာချုပ်များနှင့် အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ထည့်ဝင်ထားရမည်ဖြစ်သည်။  

ထိုင်းနိုင်ငံတွင်နေထိုင်၍ အဝေးရောက်စနစ်ဖြင့် အလုပ်လုပ်ကိုင်ချင်သော ကျွမ်းကျင်ပညာရှင်များအနေဖြင့် နှစ်စဥ်ဝင်ငွေ အနည်းဆုံး ဒေါ်လာ ၄၀,၀၀၀၊ မာစတာဘွဲ့ သို့မဟုတ် အဆင့်မြင့်ဘွဲ့ သို့မဟုတ် ဉာဏပိုင်ဆိုင်မှု ဆိုင်ရာ မူပိုင်ခွင့်များ (Intellectual Property) ရှိထားရမည်ဖြစ်ကာ သုတေသနနယ်ပယ်တွင် ၅ နှစ်အတွေ့ အကြုံရှိသူဖြစ်ရမည်။ 

အစိုးရအဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ တရိုင်ဆူလီ တရိုင်ဆိုရန်နာကွန်လ် ၏ ပြောကြားချက်အရ လက်ရှိတွင် ထိုအစုအဖွဲ့သုံးခုသည် မည်သည့်အခွန်တစုံတရာ ပေးဆောင်ခြင်းမရှိသောကြောင့် အစိုးရအနေဖြင့် ထိုအစီ အစဥ် အမြတ်တော်ခွန် ဆုံးရှုံးစရာမရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ အစိုးရအဖွဲ့ ထံ တင်ပြခဲ့သည်ဟု ပါရှိသည်။ 

သို့သော်ငြားလည်း အစိုးရအနေဖြင့် အချို့သော ကျွမ်းကျင်ပညာရှင်များအပေါ် ဝင်ငွေခွန် ၁၇ ရာခိုင်နှုန်း ကောက်ခံခြင်းဖြင့် အကျိုးအမြတ်ရရှိနိုင်မည်ဟု  သူမက ပြောကြားခဲ့သည်။ 

ဘဏ္ဍာရေးဝန်ကြီး မစ္စတာအာခွန်၏ ပြောကြားချက်အရ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်နိုးထလာ အောင် ဆောင်ရွက်ရသော အတိုင်းအတာများသည် အမြင့်ဆုံးဖြစ်နိုင်ချေရှိသော နိုင်ငံခြားသားများကို ထိုင်းနိုင်ငံသို့ လာရောက်ဖို့ ဆွဲဆောင်နိင်ပါလိမ့်မည်ဟု ပါရှိသည်။ ချမ်းသာကြွယ်ဝသော နိုင်ငံခြားသားများနှင့် ကျွမ်းကျင်ပညာရှင်များကို ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်ကြဖို့ ဆွဲဆောင်နိုင်မှာပါဟု ပါရှိ သည်။ 

ထိုင်းနိုင်ငံ ပြည်တွင်းရေးဝန်ကြီးဌာန၏ အဆိုပြုလွှာများတွင် ၎င်း ကာလရှည်ကြာနေထိုင်ခွင့် ဗီဇာများသည် မိသားစု လေးဦးအပါအဝင် အသက် ၂၀ အရွယ်ထိရှိသော ကလေးသူငယ်များလည်းပါဝင်သည် ဖော်ပြ ထားသည်။ 

ဗီဇာများကို ၅ နှစ်အထိ အကျုံးဝင်မည်ဖြစ်ပြီး နောက်တစ်ကြိမ် သက်တမ်းတိုးရာတွင် ၅ နှစ်အထိ သက်တမ်း တိုးသွားနိုင်သလို နောက်ဆုံးအကြိမ်တွင် ၁၀ နှစ်အထိ တိုးနိုင်မည်ဖြစ်သည်။ အဆိုပါဗီဇာ ကိုင်ဆောင်သူများ သည် တစ်နှစ်လျှင် ဘတ် ၁၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံ နေထိုင်ရာလိပ်စာအား အကြောင်း ကြားခြင်းကို တစ်နှစ်လျှင် တစ်ခါ ပြုလုပ်ရမည်ဖြစ်သည်။ ထိုဗီဇာ ရရှိသွားပြီးသော နိုင်ငံခြားသားအနေဖြင့် လည်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ကို လျှောက်ထားနိုင်သည်။  

ထိုင်းနိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ မှ ချမှတ်သော ထိုမူဝါဒသည် ၅ နှစ် အတွင်း နိုင်ငံတွင်းသို့ ဝင်ရောက်လာသူဦးရေ ၁ မီလီယမ်အထိရှိပြီး ဝင်ငွေ ၁ ထွီလီယမ်ဘတ်အထိ ရရှိနိုင်ရန် ရေးဆွဲထားခြင်းဖြစ်သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.