နယူးယောက်၊ ဖေဖော်ဝါရီ ၂၃

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များဖြစ်သော တရုတ်နှင့် ရုရှားတို့အပြင် ဆားဘီးယားနိုင်ငံတို့သည် အရပ်သားများကို တိုက်ခိုက်ရန်အတွက် ပြီးခဲ့သည့်နှစ် အာဏာသိမ်းချိန်မှစ၍ မြန်မာစစ်အစိုးရအား လက်နက်များ ဆက်လက်ထောက်ပံ့ပေးနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွန်အင်ဒရူးစ် Tom Andrews က “မြန်မာစစ်တပ်က အရပ်သားတွေကို တိုက်ခိုက်သတ်ဖြတ်ရာတွင်အသုံးပြုနေတဲ့ လက်နက်လွှဲပြောင်းမှုတွေကို တားမြစ်ဖို့ အခြေအတင် ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ဖို့” လုံခြုံရေးကောင်စီကို အရေးပေါ်အစည်းအဝေးခေါ်ယူရန် တိုက်တွန်းလိုက်ပါတယ်။

စစ်အစိုးရက ၎င်း၏လက်နက်များကို မည်သည့်နေရာမှ ရယူနေသည်ဟူသော အသေးစိတ်အချက်အလက် အစီရင်ခံစာကို အင်္ဂါနေ့တွင် သူကထုတ်ပြန်ခဲ့ပြီး ဆုံးဖြတ်ချက်များအပေါ် ဗီတိုအာဏာကိုင်စွဲထားသည့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နှစ်နိုင်ငံက အဓိက တင်သွင်းသူများထဲတွင် ရှိနေကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။

“ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေ ရှိနေပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ရုရှားနဲ့ တရုတ်တို့က မြန်မာစစ်အစိုးရကို တိုက်လေယာဉ်တွေ၊ သံချပ်ကာယာဉ် အများအပြားကို ဆက်လက် ပံ့ပိုးပေးနေပြီး နောက်ထပ် လက်နက်တွေ ထပ်ပေးမယ်လို့ ကတိပေးထားတယ်” လို့ အင်ဒရူးစ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

“အဲဒီအချိန်အတွင်းမှာပဲ ဆားဘီးယားနိုင်ငံက မြန်မာနိုင်ငံကို ဒုံးကျည်တွေနဲ့ အမြှောက်တွေကို တင်ပို့ဖို့ ခွင့်ပြုထားပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ခန့်အပ်ထားသည့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် Andrews က ပြောကြားသော်လည်း ကမ္ဘာ့နိုင်ငံများ၏ ကိုယ်စား မည်သူမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေက ဆိုးဆိုးရွားရွား ဆိုးရွားနေပါတယ်” “လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများ အပါအဝင် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများမှာ ခိုင်မာတဲ့ အထောက်အထားများ ရှိကြောင်း” အင်ဒရူးစ်က ၎င်း၏ အစီရင်ခံစာတွင် ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေး၊ အိန္ဒိယ၊ ပါကစ္စတန်၊ တောင်ကိုရီးယား၊ ဘီလာရုစ်နှင့် ယူကရိန်းတို့ကလည်း အဆိုပါစာရင်းတွင် ပါဝင်ပြီး တရုတ်၊ ရုရှားနှင့် ဆားဗီးယားတို့သည် ယင်းစာရင်းတွင် ပါဝင်နေသော်လည်း အာဏာသိမ်းပြီးနောက် ၎င်းတို့၏ လက်နက်လွှဲပြောင်းမှုများကို ဆက်လက်လုပ်ဆောင်နေခဲ့ပါသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံသို့ လက်နက်များ စီးဆင်းမှုကို ဟန့်တားရန် နိုင်ငံများအား ဇွန်လက တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သော်လည်း “မြန်မာပြည်၏ အကျပ်အတည်းနှင့် အရပ်သားများကို တိုက်ခိုက်ရန် စစ်တပ်၏အခြေအနေကို ပိုင်းခြားသိမြင်နိုင်တဲ့ သက်ရောက်မှု တစ်စုံတစ်ရာ မရှိခဲ့”လို့ Andrews က ပြောကြားခဲ့ပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်တစ်ဦးမှ အဆိုပါဆုံးဖြတ်ချက်ကို ဆန့်ကျင်မဲ မပေးခဲ့သော်လည်း ကောင်စီတွင် ပါဝင်သည့်အဖွဲ့ဝင်နိုင်ငံတွေအားလုံးအတွက် စည်းနှောင်မှုရှိတဲ့ စကားလုံးပေါ်မဲပေးဆုံးဖြတ်ဖို့အတွက် စဉ်းစားချက်မရှိခဲ့ပေ။

“စစ်အစိုးရကို လက်နက်ရောင်းချတာကို ရပ်တန့်ဖို့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီက အလောတကြီးဆောင်ရွက်ဖို့ အရေးကြီးတယ်။ လူ့အသက်နဲ့ လုံခြုံရေးကောင်စီရဲ့ ယုံကြည်ကိုးစားမှုက လမ်းကြောင်းပေါ်ရောက်နေပါတယ်” “အနည်းဆုံးတော့ အပြစ်မဲ့ပြည်သူတွေကို သတ်ဖို့ မြန်မာစစ်တပ်က အသုံးပြုနေတဲ့ လက်နက်တွေကို တားမြစ်ဖို့ လုံခြုံရေးကောင်စီက စဉ်းစားသင့်ပါတယ်” ဟု Andrews က ပြောကြားခဲ့သည်။

ဘာသာပြန် – အာသစ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.