နယူးယောက်၊ ဖေဖော်ဝါရီ ၂၃

မြောက်ကိုရီးယားကို ကိုဗစ် ၁၉ ကာကွယ်ဆေးများ အနည်းဆုံး သန်း ၆၀ ပံ့ပိုးပေးရန် နိုင်ငံတကာအသိုက်အဝန်း က မဟာဗျူဟာတစ်ရပ်ကို ချမှတ်သင့်သည်ဟု လွတ်လပ်သော ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး က ဖေဖော်ဝါရီ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါသည်။

အဆိုပါ ကာကွယ်ဆေးများသည် လူ ၂၆ သန်းထဲမှ အချို့ကို ငတ်မွတ်ခေါင်းပါးခါနီးအခြေအနေဖြစ်နေ သည့်  အသွားအလာကန့်သတ်ချက်များကို ဖြေလျှော့ရန် နိုင်ငံအား ဆွဲဆောင်နိုင်သည့် နည်းလမ်းတစ်ခု ဖြစ်နိုင် ကြောင်း ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဂျေးကွင်တာနာ Tomas Ojea Quintana က ဆိုးလ်မြို့ရှိ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

“မြောက်ကိုရီးယားရဲ့ ပြည်သူတွေကို ကာကွယ်ဆေးထိုးဖို့ အရေးကြီးပါတယ်… ဒါမှ အစိုးရက နယ်နိမိတ် ပိတ်တာကို ထိန်းသိမ်းဖို့ အကြောင်းပြချက်မရှိမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

မြောက်ကိုရီးယားသည် မည်သည့် ကိုဗစ် ၁၉ ကာကွယ်ဆေးများ တင်သွင်းထားကြောင်း မသိရသေးဘဲ (Covax) ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် ၁၉ ကာကွယ်ဆေးခွဲဝေမှုအစီအစဉ်သည် ၎င်းနိုင်ငံအတွက် ခွဲဝေပေးထားသည့် ပမာဏကို ပြန်လည်လျှော့ချခဲ့ပါသည်။

ပြီးခဲ့တဲ့နှစ်က ဘေးထွက်ဆိုးကျိုးများအတွက် စိုးရိမ်မှုများကြောင့် Covax အစီအစဉ်အောက်တွင် စီစဉ်နေသော AstraZeneca ၏ Covid-19 ကာကွယ်ဆေး တင်ပို့မှုကို မြောက်ကိုရီးယားက ပယ်ချခဲ့ကြောင်း ထိုအချိန်က တောင်ကိုရီးယား အကြံပေးမှ ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ၏ Sinovac Biotech ၏ Covid-19 ကာကွယ်ဆေး ၃ သန်း ကမ်းလှမ်းမှုကိုလည်း ပြုံယမ်းက ပယ်ချခဲ့ကြောင်း Unicef က ယမန်နှစ်က ပြောကြားခဲ့သည်။

ဆိုးလ်တွင် နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံစဉ် မြောက်ကိုရီးယားအား ကာကွယ်ဆေး သန်း ၆၀ ပေးမည့် အလားအလာကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးက ပြောကြားခဲ့သော်လည်း ယင်းအဆိုပြုချက်ကို  တရားဝင် မထုတ်ပြန်သေးကြောင်း နှင့် ငွေပေးချေမှုများ၊ ပိတ်ဆို့အရေးယူမှုနှင့် အတားအဆီးများ အပါအဝင်ကိစ္စရပ်များကို ပြေလည်အောင် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဘာသာပြန် – အာသစ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.