မွန်က ကွာရန်တင်းစင်တာတွေ စစ်ကောင်စီအထောက်အပံ့ မရလို့ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဆောင်ရွက်နေရ
မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၄) မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်အတည်ပြုလူနာတွေကို ကုသပေးနေတဲ့ ကွာရန်တင်းစင်တာတွေဟာ စစ်ကောင်စီ အထောက်အပံ့မရတာကြောင့် ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဆောင်ရွက်နေရတယ်လို့ ကိုဗစ်အရေးကူညီပေးနေသူတွေက ပြောပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေကို သက်ဆိုင်ရာမြို့နယ်တွေရဲ့ ရပ်ကွက်၊ကျေးရွာမှာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကွာရန်တင်းစင်တာတွေ ဖွင့်လှစ်ပြီး ဆေးကုသပေးနေရတာ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ ကိုဗစ်အတည်ပြုလူနာတွေထဲမှာ ရောဂါအခံရှိသူနဲ့ သက်ကြီးပိုင်းတွေကိုသာ မြို့နယ် ပြည်သူ့ဆေးရုံတွေမှာ…