ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံတွင် ယမန်နှစ်အာဏာသိမ်းမှုဖြစ်ပွားပြီး တစ်နှစ်အကြာ အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက် လက်ဖြစ်ပွားနေမှုကြောင့် ဥရောပသမဂ္ဂသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့၌ အာဏာသိမ်း စစ်အုပ်စု အရာရှိ ၂၂ ဦးနှင့် ၎င်းတို့နှင့်ပတ်သက်သော ကုမ္ပဏီ ၄ ခုကို အစုအဖွဲ့လိုက် ပိတ်ဆို့မှုစာရင်းထဲ ထပ်မံ ထည့်သွင်းခဲ့ပါသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်မှ အာဏာရယူလိုက်ချိန်တွင် ပိုင်ဆိုင်မှုထိန်းချုပ်ကန့်သတ်ခြ င်းများနှင့် ဗီဇာပိတ်ဆို့ခြင်းများနှင့်ဆက်စပ်ပြီး ဥရောပသမဂ္ဂမှ မြန်မာ့စစ်တပ် အရာရှိများအပေါ် ဦးတည်ပိတ်ဆို့သော အရေအတွက်မှာ ၆၅ ဦးအထိရှိလာခဲ့ပြီး လုပ်ငန်းပေါင်း ၁၀ ခုအထိရှိလာခဲ့ သည်။   

နောက်ဆုံးအကြိမ် ဦးတည်ပိတ်ဆို့မှုများတွင် ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့် သတင်းအချက်အလက်ဆိုင်ရာ ဝန်ကြီးများဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်မှ အရာရှိများနှင့် စစ်တပ်ပိုင်း အကြီးတန်းအဖွဲ့ဝင်များ ပါဝင်သည်။  

နိုင်ငံပိုင် သတ္တုတူးဖော်ရေးနှင့် စွမ်းအင်လုပ်ငန်းနှစ်ခုကိုလည်း ထိုစာရင်းအတွင်းသို့ ထည့်သွင်းခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုနှင့် ဆက်စပ်သည့် ပုဂ္ဂလိကလုပ်ငန်းနှစ်ခုလည်း ပါဝင်ခဲ့သည်။ 

“ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာနေခြင်းနှင့် ၎င်း (အကြမ်း ဖက်မှုများ)သည် ဒေသတွင်း ဂယက်ရိုက်ခတ်မှုများနှင့်အတူ ကာလရှည်ကြာ ပဋိပက္ခတစ်ခု အသွင်ဖြင့် ပြောင်းလဲလာခြင်းကို အထူးစိုးရိမ်ပူပန်မှုရှိပါတယ်” 

၎င်း ထုတ်ပြန်ချက်တွင် စစ်မက်ပြုခြင်းများအားလုံးကို ချက်ချင်းရပ်စဲနိုင်ရေးနှင့် တပ်အင်အားအလွန် အကျွံသုံးစွဲမှု၊ နိုင်ငံအားအရေးပေါ်အခြေအနေထုတ်ပြန်မှုအား အဆုံးသတ်ဖို့ ထပ်ပြီး တောင်းဆိုပါ သည်ဟု ဖော်ပြထားပါသည်။ 

ဒေသတွင်း စောင့်ကြည့်လေ့လာရေးအစုအဖွဲ့တစ်ခု၏ ပြောကြားချက်အရ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအတွင်း အစိုးရကို အင်အားသုံး၍ ဖြုတ်ချစဥ်ကတည်းက တိုင်းပြည်အခြေအနေမှာ ဆိုးရွား နေခဲ့ပြီး၊ ၎င်း၏ စီးပွားရေးသည်လည်း တုံ့ဆိုင်းရပ်တန့်နေကာ၊ အရပ်သားဦးရေ ၁၅၀၀ ကျော်သည် စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သတ်ဖြတ်ခံခဲ့ရပြီးဖြစ်သည်ဟု ပါရှိသည်။

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.