ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၃

ထိုင်းအစိုးရနှင့် တောင်ပိုင်းလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို မတ်လ ၇ ရက်နေ့ တွင် မလေးရှားနိုင်ငံ၌ ပြန်လည်ကျင်းပမည်ဟု ဆွေးနွေးမှုများ၏ အကျိုးဆောင်ပြောကြားချက်ကို ကိုးကား ၍  Star သတင်းစာပါ သတင်းအစီရင်ခံမှုအရ သိရသည်။ 

နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်များသည် ပီတာလင်ဂျာယာရှိ ဟိုတယ်တစ်ခုတွင် တွေ့ဆုံကြမည်ဟု မလေး အစိုးရကိုယ်စားပြု ရာဟင်မ်နော် ၏ ပြောကြားချက်ကို ကိုးကား၍ ထိုသတင်းအစီရင်ခံမှုတွင် ဖော်ပြထား သည်။ 

ထိုသတင်းစာပါ ဖော်ပြချက်အရ အစုအဖွဲ့များအားလုံးသည် မလေးရှားနိုင်ငံတွင် ဇန်နဝါရီလအတွင်းက တွေ့ ဆုံခဲ့ကြပြီး တွေ့ဆုံမှုများသည် အလွန်ကောင်းမွန်စွာ တိုးတက်မှုရှိခဲ့သည်ဟု ရာဟင်မ်၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.