မနီလာ၊ ဖေဖော်ဝါရီ ၂၁

အစိုးရကို ရာစုနှစ်ရှည်ကြာ ဆန့်ကျင်သော မော်ဝါဒီသူပုန်အဖွဲ့၏ ခေါင်းဆောင်ဟု စွပ်စွဲ၍ ဆရာဝန် တဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့များက မြို့တော်မနီလာတွင် ဖမ်းဆီးခဲ့ပါသည်။ 

အသက် ၅၂ နှစ်အရွယ် မာရီယာ နာတီဗီဒတ် ကတ်စ်ထရိုကို အာမခံမပေးပဲ ချုပ်နှောင်ထားပြီး ၂၀၂၀ ခုနှစ်အတွင်းက သူမအားဖမ်းဆီးရန် အမိန့်ချမှတ်ထားသော အောက်ရုံးတော် ပြန်ပေးဆွဲမှုဖြင့် စွဲချက်တင် စစ်ဆေးမည်ဟု ရဲတပ်ဖွဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ည ထုတ်ပြန်ချက်အရ သိရသည်။ .

သူမ၏ ယခင်အလုပ်ရှင်၊ လူအခွင့်အရေးလေ့လာစောင့်ကြည့်သူ ကာရာပတန်က ကတ်စ်ထရိုသည် မတည်ငြိမ်သေးသော မင်ဒါနာအို ဒေသ၌ လူထုကျန်းမာရေးစင်တာများတည်ထောင်ချိန်တွင် လူ့အခွင့် အရေးအကြမ်းဖက်မှုများကို ကျူးလွန်သော ရှာဖွေဖော်ထုတ်ပြီးနောက် ယခုကဲ့သို့သော အကွက်ဆင် ဖမ်းဆီးမှုများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။ 

ကတ်စ်ထရိုသည် သူမ၏နေအိမ်တွင် သောကြာနေ့က ဖမ်းဆီးခံခဲ့ရပြီး ဖိလစ်ပိုင်နိုင်ငံ၏ ကွန်မြူနစ်ပါတီ ၏ ဗဟိုကော်မတီဝင်အဖြစ် စွပ်စွဲခံထားရပါသည်။ 

“ကာရာပတန်အနေနဲ့က လူအခွင့်အရေးလှုပ်ရှားသူ၊ ကျန်းမာရေးလုပ်သား ဒေါက်တာ နတီကတ်စ်ထရို ဖမ်းဆီခံရမှုကို လူ့အခွင့်အရေးကာကွယ်သူများကို တိုက်ခိုက်တဲ့ နောက်ထပ်လုပ်ရပ်တစ်ခုအဖြစ် ရှုတ်ချထားပါတယ်”ဟု အဆိုပါအဖွဲ့မှ ပြောကြားခဲ့သည်။ 

အနီရောင်အမှတ်တံဆိပ်တပ်ဆင်ခြင်း – red tagging ဟု လူသိများသော ကွန်မြူနစ်သမားဟု စွပ်စွဲချက် သည် တက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများနှင့် ဆန္ဒပြသူများကို အသရေပျက်ပြားအောင်လုပ်ပြီး ဖမ်းဆီးထိန်းသိမ်းရာတွင် အသုံးပြုနေဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ 

ထိုကဲ့သို့ အလေ့အထသည် ဖိလစ်ပိုင်နိုင်ငံအတွက် အစိမ်းသက်သက်မဟုတ်သောလည်း သမ္မတရိုဒရီဂို ဒူတာတေးလက်အောက်တွင် ပြင်းထန်လာသည်ဟု အခွင့်အရေးလှုပ်ရှားမှုအဖွဲ့များ၏ ပြောကြားချက် အရ သိရသည်။ 

မစ္စတာ ဒူတာတေး တာဝန်စတင်ယူချိန် ၂၀၀၆ ခုနှစ်တွင် သူ့ကိုယ်ကို ဆိုရှယ်လစ်သမားဟု ဖော်ညွှန်းခဲ့ ပြီး ပုန်ကန်သူများနှင့် ငြိမ်းချမ်းရေး အပေးအယူပြုလုပ်မည်ဟု ဆုံးဖြတ်ချက်ပြုထားသည်။ 

သို့သော် ၂၀၁၇ ခုနှစ်အတွင်း ဆွေးနွေးမှုများပျက်ပြားပြီးနောက် ဒူတာတေးသည် ကွန်မြူနစ်ပါတီနှင့် ၎င်း၏ လက်ရုံးလက်နက်ကိုင်အဖွဲ့ဟု တံဆိပ်ကပ်နှိပ်ခဲ့ကာ အမျိုးသမီးပုန်ကန်ရေးသမားလက်နက်ကိုင် များကို မွေးရာပါအင်္ဂါအတွင်းသို့ ပစ်ခတ်ရန် စစ်သားများကို အမိန့်ပေးခဲ့သည်။ 

ကတ်စ်ထရို၏ အစ်ကိုတော်စပ်သူ၏ လူမှုကွန်ရက်ပေါ်ရှိ ဖော်ပြချက်တွင် သူမသည် ဝေးလံခေါင်းဖျား တိုင်းရင်းဒေသအတွင်းရှိ လူထုများကို ဝန်ဆောင်မှုပေးနေသော ကျန်းမာရေး လုပ်သားတစ်ဦးသာ ဖြစ်ခဲ့သည်ဟု ပါရှိသည်။ 

ဖိလစ်ပိုင်ရဲချုပ် ဒိုင်ယိုနာဒို ကာလို့စ်က ကတ်စ်ထရိုကို ဖမ်းဆီးခြင်းအတွက် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုစကားပြောကြားခဲ့ပြီး သံသယရှိသူအား တရားရုံးရှေ့သို့ ခေါ်ဆောင်သွားနိုင်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.