ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၂၁

ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသား ဗီဇာကိုင်နိုင်ငံတကာနယ်လှည့်ခရီးသွားတွေအနေနဲ့ ဩစတေးလျကို လာရောက် လည်ပတ်နိုင်ဖို့အတွက် ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

ပြန်လည်ဖွင့်လှစ်လိုက်တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာတော့ ဆစ်ဒနီနိုင်ငံတကာလေဆိပ်မှာ လာရောက် လည်ပတ် မယ့်သူတွေကို ခရီးသွားလုပ်ငန်းဝန်ထမ်းတွေက လက်ဆောင်ပစ္စည်းပန်းခြင်းများနှင့် စောင့်ဆိုင်းနေခဲ့ပါတယ်။ 

ကိုဗစ်ကပ်ဆိုး မဖြစ်ခင်ကာလက ခရီးသွားလုပ်ငန်းမှာ နိုင်ငံ့လုပ်အား ၅ ရာခိုင်နှုန်း ဖြစ်ခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရဲ့ ၃ ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါမတိုင်ခင် တောမီးလောင်ခဲ့တဲ့ ၂၀၂၀ အစောပိုင်းက စပြီး ခရီးသွားလုပ်ငန်းကို ရပ်ခဲ့တာ ဖြစ်ပါ တယ်။ 

အခုလို ခရီးလုပ်ငန်း ပြန်လည်ဖွင့်လိုတာဟာ ကောင်းတယ်လို့ လုပ်ငန်းရှင်များက မှတ်ချက်ပေးကြပါတယ်။ 

ခရီးသွားဈေးကွက်ကြီးအနေနဲ့ အချိန်တိုအတွင်း အရှိန်အဟုန်နဲ့ ပြန်ထိုးတက်လာမယ်လို့ ယုံကြည်ကြောင်း ခရီး သွားလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီး ဒန်တီဟန်က ဘလွန်ဘတ်ရုပ်သံလိုင်းကို ပြောကြားခဲ့ပါတယ်။ 

ပြည်ထောင်စုအစိုးရအနေနဲ့ ပြည်နယ်အစိုးရရဲ့ ထောက်ခံမှုကို ရရှိမယ်ဆိုရင် လာမဲ့အပတ်တွေ မှာ  အပန်းပြေစီးပွားရေးလုပ်ငန်းတွေ စတင်လည်ပတ်နိုင်တော့မယ်’ လို့ တီဟန်က ထပ်လောင်းပြောကြားခဲ့ ပါတယ်။ 

လက်ရှိအချိန်မှာတော့ အစိုးရအနေနဲ့ ကိုဗစ်- ဇီးရိုး မူဝါဒကို အကောင်အထည်ဖော်လျက်ရှိပြီး ကိုဗစ်ကာကွယ် ဆေးကို ၉၄% အထိ အောင်မြင်စွာ ထိုးနှံထားနိုင်ပြီး ဖြစ်သလို Booster အနေနဲ့ ကမ်ပိန်းလုပ်ပြီး ထိုးနှံပေးနေပါ တယ်။ 

ဘာသာပြန် – အာသစ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.