ရုရှားကုမ္ပဏီများ၏ အမေရိကန် ဒေါ်လာသုံးစွဲခွင့်ကို အနောက်နိုင်ငံများက ဖြတ်တောက်ဖို့ ပြင်ဆင်နေ

လန်ဒန်၊ ဖေဖော်ဝါရီ ၂၀

ကရင်မလင်က ယူကရိန်းကို ကျူးကျော်ဖို့ အမိန့်ပေးလျှင် အမေရိကန်နဲ့ ဗြိတိန်မှ ရုရှားကုမ္ပဏီတွေရဲ့ အမေရိကန် ဒေါ်လာနဲ့ ဗြိတိန်ပေါင်တွေကို ဖြတ်တောက်ပစ်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်စင်က ဘီဘီစီကို ပြော သည်။

“ကျွန်ုပ်တို့ လက်ရှိမြင်နေရတဲ့အခင်းအကျင်းတွေက ဥရောပအတွက် ၁၉၄၅ ခုနှစ်နှောင်းပိုင်းကာလရဲ့ အကြီးမား ဆုံးစစ်ပွဲဖြစ်လာနိုင်တဲ့ အနေအထားဖြစ်တယ်” လို့ မစ္စတာဂျွန်ဆင် မှပြောကြားခဲ့သည်။

ကျူးကျော်ဝင်ရောက်လာပါက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများသည် ပြည်သူ့ရှေ့မှောက်မှာ ပြောကြားခဲ့တဲ့ ယခင်ကြေညာထားတာထက် ပိုပြီးပြင်းထန်စွာ အရေးယူသွားမယ်လို့ မစ္စတာ ဂျွန်ဆင်က ပြောကြားခဲ့သည်။

ဗြိတိန်နှင့် အမေရိကန်အနေနဲ့ ရုရှားကုမ္ပဏီများ၏ “ပေါင်နှင့်ဒေါ်လာငွေအသုံးပြု ရောင်းဝယ်ခြင်း” အပေါ် ပိတ်ဆို့ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထိုအကျိုးသက်ရောက်မှုသည် “အလွန့်အလွန်ပြင်းပြင်းထန်ထန် ထိခိုက်နိုင် သည်” ဟု ပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှု ပြုလုပ်မယ်ဆိုရင် ကမ္ဘာ့နိုင်ငံခြားငွေကြေးဖလှယ်မှုဆိုင်ရာ ဌာနချုပ်ဖြစ်သည့် ဗြိတိန်အနေနဲ့ ရုရှားကုမ္ပဏီတွေ လန်ဒန်မှာ လာရောက် မြှပ်နှံမှု၊ ပိုင်ဆိုင်မှုတွေအပေါ် ပိတ်ဆို့ သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ 

ယူကရိန်းကို စိုးမိုးရေးအစီအစဉ်အပေါ် ရုရှားက ငြင်းဆိုထားပြီး စစ်အေးတိုက်ပွဲအပြီးတွင် နေတိုးရဲ့ ချဲ့ထွင်မှုနှင့် ပတ်သက်၍ ကရင်မလင်၏ စိုးရိမ်မှုများကို လျစ်လျူရှုထားပြီးနောက်တွင် ရုရှား၏စစ်ရေးလှုပ်ရှားမှုအပေါ် အနောက်အုပ်စုတို့ ဆင်ခြင်မဲ့စိုးရိမ်လွန်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်သည်။

ရုရှားနိုင်ငံသည် ယူကရိန်းနယ်စပ်တွင် တပ်ဖွဲ့ဝင် (၁၅၀၀၀၀) ကျော်စေလွှတ်ထားပြီး အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် နေတိုးတို့သည် သမ္မတပူတင်က ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံပြိုလဲချိန်တွင် မော်စကိုမှ ဆုံးရှုံးခဲ့သော နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်ရန် စီစဉ်နေမည်ကို စိုးရိမ်မှု ရှိနေပါသည်။ 

ရုရှားသည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုများကို ကမ္ဘာ့ထိပ်တန်း တင်ပို့ရောင်းချသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာငွေကြေးဖြင့် လုပ်ကိုင်နေသည့် ရုရှားကုမ္ပဏီများကို ဒေါ်လာဈေးကွက်သို့ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းသည် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုများ ဖြစ်နိုင်ပါသည်။

ပူတင်သည် အမေရိကန် ဒေါ်လာဖြင့် ကုန်သွယ်မှုအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့ ထပ်ခါတလဲလဲ ပြောကြား ခဲ့ဖူးပါသည်။

ရုရှား၏အကြီးဆုံးရေနံကုမ္ပဏီ Rosneft သည် ၎င်း၏ငွေကြေးလွှဲပြောင်းမှုများကို အမေရိကန်၏ ပိတ်ဆို့မှုမှ ကာကွယ်ရန်အတွက် ၎င်း၏စာချုပ်များ၏ငွေကြေးကို အမေရိကန်ဒေါ်လာမှ ယူရိုသို့ အပြည့်အဝပြောင်းလဲခဲ့ ကြောင်း ထိုကုမ္ပဏီရဲ့ CEO Igor Sechin က ၂၀၁၉ ခုနှစ်မှာ ပြောကြားခဲ့သည်။

ဗြိတိန်၏ ပိတ်ဆို့အရေးယူမှုတွင် မည်သူမည်ဝါ ပါဝင်သည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ရုရှား အာဏာပိုင်တွေအနေဖြင့် ပုန်းခိုရန် နေရာမရှိဟု ဗြိတိန်ကပြောဆိုထားသည်။

၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုလဲပြီးကတည်းက လန်ဒန်နှင့် ဗြိတိန်၏ နိုင်ငံရပ်ခြား ဒေသများသို့ ရုရှားမှ ဒေါ်လာဘီလီယံရာနှင့်ချီ စီးဆင်းခဲ့ပြီး လန်ဒန်သည် ရုရှား၏ နှင့် အခြားသော ဆိုဗီယက် သမ္မတနိုင်ငံများအတွက် အနောက်နိုင်ငံ၏ ရွေးချယ်စရာ မြို့တစ်ခုဖြစ်လာခဲ့ပါတယ်။

သမ္မတပူတင်အနေဖြင့် ယူကရိန်းအပေါ် သမရိုးကျမဟုတ်တဲ့ စစ်ဆင်ရေးနည်းလမ်းများဖြင့် တိုက်ခိုက်ရန် အမိန့် ပေးနိုင်သည်ဟု အနောက်နိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့မှ ယုံကြည်ထားပြီး အနောက်နိုင်ငံများအနေဖြင့် ရရှား အပေါ် ပိတ်ဆို့အရေးယူမှုကို မြန်မြန်ဆန်ဆန် စီရင်ချက်ချဖို့ လုံလောက်တဲ့ အနေအထားဖြစ်နေပြီလို့ အနောက် နိုင်ငံရဲ့  အကြီးတန်းအရာရှိမှ ပြောကြားပါတယ်။

“အဲဒီအခြေအနေမှာ မျဉ်းကိုဖြတ်ပြီးတဲ့အခါမှာ အချိန်အတိအကျကို ခေါ်ဖို့က ပိုခက်လိမ့်မယ်” ဟု တာဝန်ရှိသူက ပြောပါတယ်။ “ရုရှားက ဒီမျဉ်းကိုဖြတ်ကျော်မယ်လို့ ဆုံးဖြတ်တဲ့အခါ၊ ကျွန်တော်တို့ရဲ့ ပိတ်ဆို့အရေးယူမှုဟာ တုံ့ပြန်မှုအရ မြန်မြန်ဆန်ဆန်နဲ့ အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်ဖို့ လိုပါတယ်။”

ဘာသာပြန် – အာသစ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.