အာမေဒါဘာ၊ ဖေဖော်ဝါရီ ၁၉

၂၀၀၈ ခုနှစ်အတွင်း အာမေဒါဘာမြို့တော်၌ ဖြစ်ပွားခဲ့သော လူဒါဇင်ချီသေဆုံးခဲ့ သည့် ဗုံးဖောက်ခွဲမှု ဖြစ်စဥ်အတွက် အိန္ဒိယရုံးတော်သည် လူ ၃၈ ဦးကို သေဒဏ်ချမှတ်ခဲ့ကာ အကြီးစားသေမိန့်ချမှတ်ခြင်း ပြစ်ဒဏ်တစ်ခုဖြစ်လာခဲ့သည်။ 

၂၀၀၈ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော အနောက်ဂူဂျာရက် စီးပွားရေးအချက်အချာနေရာကို ပူးပေါင်းတိုက် ခိုက်မှုများသည် လူ ၅၆ ဦးကို သေဆုံးစေခဲ့ပြီး ဈေးများ၊ ဘတ်စ်ကားများနှင့် အခြားသော အများ ပြည်သူ ပိုင်နေရာများအား ဦးတည်သော ပစ်ခတ်မှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။   

၎င်းတို့ကိုယ်ကို အင်ဒီယန် မူဂျာဟီဒင်န် ဟု ခေါ်ဆိုသော အစ္စလာမ်အဖွဲ့တစ်ဖွဲ့က တာဝန်ရှိသည်ဟု အခိုင်အမာပြောဆိုခဲ့ပြီး ထိုဖောက်ခွဲမှုများသည် လူဦးရေ ၁၀၀၀ ခန့်ကို အသက်သေဆုံးစေသည့် ၂၀၀၂ ခုနှစ် ဂူဂျာရတ် ဘာသာရေး ပဋိပက္ခအတွက် လက်စားချေမှုဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။  

အနောက်ဂူဂျာရက်တိုက်ခိုက်မှုများနှင့် ပတ်သက်သည့် လူ ၄၉ ဦးကို စီရင်ချက်ချခဲ့ပြီး ထိုဖြစ်စဥ်တွင် လူ ဦးရေ ၂၀၀ ခန့်လည်း ဒဏ်ရာရရှိခဲ့သည်။ 

“စီရင်ချက်ချမှတ်ခံရတဲ့ ၄၉ ဦးထဲက ၃၈ ဦးကို အထူးရုံးတော်မှ သေဒဏ်ချမှတ်ခဲ့ပါတယ်။ ကျန်တဲ့ ၁၁ ဦးကိုတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပြီးတော့ ဒီလို စီရင်မှုမျိုးက အရှားတကာ့ အရှား ပါးဆုံးပါပဲ”ဟု အစိုးရရှေ့နေ အမစ်ပါတယ် က ပြောကြားခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခံရသူအားလုံးသည် လူသတ်မှုနှင့် ရာဇ၀တ်ပူးပေါင်းကြံစည်မှုတို့ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရသည်။ လူ ၈၀ နီးပါးကို တရားစွဲဆိုထားသော်လည်း ၂၈ ဦးကို တရားသေလွှတ်ပေးခဲ့သည်။

မျက်မြင်သက်သေ လူဦးရေပေါင်း ၁၁,၀၀ ကျော်ကို သက်သေထွက်ဆိုနိုင်ရန် ခေါ်ဆိုခဲ့ရခြင်းနှင့်အတူ အိန္ဒိယနိုင်ငံ၏ ဝင်္ကပါတရားစီရင်ရေးစနစ်ကြောင့် ထိုမာရသွန် စစ်ဆေးကြားနာမှုမှာ အချိန်တစ်နှစ် ကျော်ကြာမြင့်ခဲ့သည်။   

အောင်မျိုးမြတ်

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.