သာကေတ၊ ဖေဖော်ဝါရီ ၂၀

သာကေတမြို့နယ် ၇ စျေး မီးလောင်မှုက စစ်ကောင်စီတပ်သားတွေနဲ့ ဆက်စပ်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ ​ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ Wolf warriors stf အဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၉ရက်နေ့ နေ့လည် ၁၂နာရီက သာကေတမြို့နယ် မြင်တော်သာလမ်းမကြီးပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီကားကို Wolf warriors stf အဖွဲ့က ဗုံးနဲ့တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတချို့ သာကေတ ၇ စျေးထဲဝင်သွားတယ်လို့ မျက်မြင်သက်သေတွေကဆိုပါတယ်။

“၇ ဈေးနားက မီတာရုံးမှာ သူတို့က တပ်စွဲထားတယ်။ ဒီဘက်မှာဆိုရင် မြို့ရဲစခန်းရှိတယ်။ ပစ်ခတ်မှု ဖြစ်တာကတော့ ကျန်းမာရေးလမ်းထိပ်မှာပါ။ အဲ့ဒီနှစ်နေရာကြားမှာ ကျွန်တော်တို့က Mission လုပ်တာပေါ့နော်။ ပစ်ခတ်မှုပြီးတော့ အဲ့ဒီမှာ ၇ ဈေးထဲကို စစ်ကောင်စီတပ်သားတွေ သက်သက်ကြီးဝင်သွားတယ်လို့ မျက်မြင်တွေ့ရတယ်ဗျ”လို့ မျက်​မြင်သက်သေတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ စျေးထဲဝင်သွားပြီး ခဏအကြာမှာ မီးလောင်မှုစဖြစ်ခဲ့တာပါ။ မီးဘယ်ကစလောင်တာလဲဆိုတာကိုတော့ ခုထိ မသိရသေးပါဘူး။

စစ်ကောင်စီရဲ့ အထက်လူကြီးတချို့က ပစ်ခတ်မှုတွေဖြစ်ပြီးရင် နီးရာစျေးတွေကိုမီးရှို့ဖို့ မှာထားတယ်လို့ တပ်တွင်းသတင်းပေးတွေကနေ ပြန်ပြောလာကြောင်း WW stf တာဝန်ခံက ပြောပါတယ်။

သာကေတ ၇ စျေးအနီးမှာ မီးသတ်ရုံးရှိနေပေမဲ့ မီးလာမငြှိမ်းဘဲ တောင်ဒဂုံကနေ လာငြှိမ်းတာက ထူးဆန်းနေတယ်လို့ WW stfက တာဝန်ခံက ဆိုပါတယ်။

” စစ်​ကောင်စီတပ်သားတွေ စျေးထဲဝင်သွားပြီးခနနေတော့ မီးလောင်တယ်။ သာကေတ မီးသက်က အနီးဆုံးမှာရှိသွားမငြိမ်းဘူးဗျ။မြေပုံမှာ မီးသက်စခန်းတည်နေရာပါ ပါတယ်။ ၅မိနစ်အတွင်းရောက်တဲ့နေရာကို တောင်ဒဂုံက ကားတွေလာငြိမ်းမှ ငြိမ်းတယ်။”လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ သာကေတဖြစ်စဥ်မှာ စစ်ကောင်စီတပ်သား ၄ဦးကျည်ထိပြီး ၂ဦးခန့်သေဆုံးနိုင်ကြောင်း WW stfက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.