ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၉

ထိုင်းနိုင်ငံတော်ဝင်ထောက်ခံသူဦးရေ ၂၀၀ ခန့်သည် ကြာသပတေးနေ့၌ အစိုးရအိမ်တော်ရှေ့ စုဝေးခဲ့ကြပြီး ထိုင်းတရားစီရင်ရေးစနစ်ကို ပမာမခန့်ပြုသည်ဟု စွပ်စွဲခံထားရသော နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် ဆိုင်ရာ အဖွဲ့အစည်း (Amnesty International) ကို နိုင်ငံတွင်းမှ ထွက်ခွာသွားရန် လက်မှတ်ပေါင်း ၁.၂ မီလီယမ်ခန့် ပါဝင်ရေးထိုးထားသော တောင်းဆိုချက်ကို ပေးပို့ခဲ့ပါသည်။ 

ထိုင်းအစိုးရအိမ်တော်အရှေ့ စုဝေးလာသူများသည် တောင်းဆိုလွှာကို အရာရှိများမှ တဆင့် ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာနှင့် အလုပ်သမားဝန်ကြီးဌာန၊  ပြည်တွင်းရေးဝန်ကြီးဌာနများသို့  တင်သွင်းခဲ့ကာ Amnesty ၏ လုပ်ငန်းဆောင်ရွက်ခွင့်ကို သက်တမ်းမတိုးပေးရန် တောင်းဆိုထားပြီး ထိုမှတဆင့် ထိုင်းနိုင်ငံမှ ထွက်ခွာ သွားစေရန်ဖြစ်သည်။ အဆိုပါအဖွဲ့၏ လုပ်ငန်းလိုင်စင်သည် ယခုနှစ် ဇန်နဝါရီလတွင် သက်တမ်းကုန်ဆုံးခဲ့ပြီး ဖြစ်သည်။ 

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စည်းမျဥ်းခံဘုရင်စနစ်အား အဆုံးသတ်ရန် ကြိုးစားခဲ့သူ တက်ကြွ လှုပ်ရှားသူ ပါနူဆာယာ ကို တရားစွဲဆိုထားမှုအပေါ် ကန့်ကွက်ကြောင်း ဖော်ပြသော ကမ္ဘာတဝှမ်းမှ စာလွှာ ပေါင်း တစ် မီလီယမ်ကို စုစည်းတင်ပြခြင်းသည် ထိုင်းတရားစီရင်စနစ်ကို ပမာမခန့်ပြုသည်ဟု ဆန္ဒထုတ် ဖော်သူများမှ Amnesty အဖွဲ့အား စွပ်စွဲထားခဲ့သည်။ 

၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ထမဆတ်တက္ကသိုလ် (Thammasat တက္ကသိုလ်ဝင်းအတွင်းရှိ Rangsit ပင်မဆောင်ရှေ့နှင့် အခြားသော နေရာများရှိ စုဝေးမှုများတွင် ဘုရင့်ကို နိုင်ငံ၏ အကြီးအကဲအဖြစ် သတ်မှတ်ထားသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများအား ဖြိုဖျက်ရန် ကြံစည်လုပ်ဆောင်သည်ဟု ဆိုကာ ပါနူဆာယာနှင့် အခြားသော တက်ကြွလှုပ်ရှားသူများကို အခြေခံဥပဒေခုံရုံးမှ နိုဝင်ဘာလ ၁၀ ရက်နေ့ တွင် စီရင်ချက် ချမှတ်ခဲ့သည်။ အဆိုပါ စီရင်ချက်သည် ပြစ်ဒဏ်မဟုတ်ပဲ အခြားသော ဥပဒေရေးရာ ဆောင်ရွက်မှု အတွက် အခြေခံအဖြစ်အသုံးပြုနိုင်သည်။  

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.