ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ လာမည့်လအတွင်း မြန်မာနိုင်ငံသို့ သွား ရောက်နိုင်ရေးအတွက် ကြိုးစားနေပြီး NUG အစိုးရနှင့် တွေ့ဆုံဆွေးနွေးသွားနိုင်ရန် စစ်ခေါင်းဆောင်ကို မေတ္တာရပ်ခံခဲ့သည်ဟု ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။

အာဆီယံ၏ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရာ့ဆွန်ခွန်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အဖယ်ရှားခံအစိုးရ၏ အဖွဲ့ဝင်များနှင့် အခြားသော စစ်ရေးဆိုင်ရာ အဖွဲ့အစည်းများကို တွေ့ဆုံ စေ့စပ်နိုင်ရေးသည် စစ်ခေါင်းဆောင်၏ ကန့် ကွက်မှုများကြောင့် ရှုပ်ထွေးခဲ့ရသည်ဟု ပြောကြားခဲ့သည်။

“တကယ်လို့ နေပြည်တော်က NUG နဲ့ စကားမပြောဖြစ်ဘူးဆိုရင် အထူးကိုယ်စားလှယ်ကို ပေါင်းကူး အဖြစ်၊ စေ့စပ်ညှိနှိုင်းသူ အဖြစ် စကားပြောခွင့်ပြုဖို့ ကျွန်ုပ်တို့ တကယ်ကို နည်းလမ်းတစ်ရပ် ရှာဖွေနေ တာဖြစ်ပါတယ်”ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

မစ္စတာ ပရာ့ဆွန်ခွန် ၏ ပြောကြားချက်တွင် သူ့မတိုင်ခင် အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန် ယူဆောင်ရွက်သော ပုဂ္ဂိုလ်သည် အုပ်ချုပ်ဆဲ စစ်ဗိုလ်ချုပ်များ လက်မခံနိုင်သည့် အာဆီယံအဖွဲ့ဝင်အချို့ ၏ ကြိုတင်သတ်မှတ်ချက်များကြောင့် မြန်မာနိုင်ငံသို့သွားရောက်ရန် မဖြစ်နိုင်ခဲ့ဟု ပြောကြားခဲ့သည်။  

ထိုသတ်မှတ်ချက်ထဲတွင် ရွေးကောက်ခံအစိုးရ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရှိလည်း ပါဝင်ခဲ့သည်။

၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် ဝန်ကြီးချုပ်ဟွန်ဆန် တာဝန်ယူဆောင်ရွက်ချိန်၌ လွန်ခဲ့သောလအတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံသို့ သွားရောက်လည်ပတ်ခြင်း အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် တိုက်ရိုက်စေ့စပ်သည့် အခြေအနေကို အဖွဲ့ဝင်နိုင်ငံများမှ စိုးရိမ်ပူပန်ခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်ထားသည့် မစ္စတာ ပရာ့ဆွန်ခွန်သည် သူ၏ ချဥ်းကပ်မှုကို ခုခံကာကွယ်ခဲ့ပြီး ယခုတစ်ကြိမ်တွင် ထိုသို့သွားရောက်ရန်အတွက် အာဆီယံနိုင်ငံများမှ ပေးသည့် ကြိုတင်သတ်မှတ်ချက်များ မရှိကြောင်းဟူ၍ ပြောကြားခဲ့သည်။ 

အဆိုပါ ပုဂ္ဂိုလ်က ကမ္ဘောဒီးယားအနေဖြင့် “ယုံကြည်မှုတွေကို ဆက်လက်ရှင်သန်နိုင်ရေး”အတွက် စစ်ခေါင်းဆောင်နှင့် စေ့စပ်မှုကို ထိန်းသိမ်းမည်ဟုလည်း ပြောကြားခဲ့သည်။ 

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွက် ဆယ်ရီ ဆိုင်ဖူဒင် အဘ်ဒေါလာက မစ္စတာ ပရာ့ဆွန်ခွန်ကို NUG နှင့်တွေ့ဆုံရန်အတွက် တောင်းဆိုခဲ့သည်။ 

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “မြန်မာ့အရေးအတွက် အဖြေရှာရန် အားကောင်းသော ထောက်ပံ့မှုဖြစ်ပြီး အထူးကိုယ်စားလှယ်အတွက် သူ့ရဲ့သတင်းစကားဟာ ရှင်းလင်းပြတ်သားပါတယ်” ဟု မလေးရှားဝန်ကြီးအား တွစ်တာစာမျက်နှာမှ တဆင့် ကျေးဇူးတင်စကားဖော်ပြခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.