ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၁၇

မြန်မာနိုင်ငံမှာ ပြန်လည်တည်ငြိမ်မှုရရှိရေးအတွက် သဘောထားကွဲလွဲနေတဲ့ အာဆီယံအစုအဖွဲ့ရဲ့ နိုင်ငံခြား ရေးဝန်ကြီးများပါဝင်တဲ့ ဆွေးနွေးပွဲတရပ်ကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာ ဒီကနေ့ ကြာသပတေးနေ့မှာ ကျင်းပခဲ့ပါတယ်။

ယင်းအစည်းအဝေးသို့ မြန်မာစစ်ခေါင်းဆောင်ဘက်မှ တက်ရောက်နိုင်ခွင့်ကို တားမြစ်ခဲ့သည့်အတွက် မြန်မာ စစ်ခေါင်းဆောင်ဘက်မှ မတက်ရောက်ခဲ့ပေ။

အာဆီယံအနေနဲ့ ယခင်နှစ်က အစုအဖွဲ့အတွင်း သဘောတူထားခဲ့သော ငြိမ်းချမ်းရေးအစီအမံများကို ဆောင် ရွက်ဖို့ ပျက်ကွက်ခဲ့တာကြောင့် မြန်မာစစ်ခေါင်းဆောင်နဲ့ သူ၏ အဖွဲ့ကို အဓိကအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်မှ စစ်ခေါင်းဆောင်နှင့် ပြန်လည် စေ့စပ်ရန် လိုလားနေသော်လည်း ထိုနည်း လမ်းအပေါ်မှာ သဘောထားကွဲလွဲနေပါတယ်။

“အချို့ကိစ္စတွေမှာ အမြင်မတူတာမျိုးတွေ မကြာခဏ ဖြစ်တတ်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါ။ အဲ့လို အမြင်မတူတာတွေတဲ့ မရှိတာ ဘယ်လို မိသားစုအသိုက်အဝန်းမျိုးလဲ” ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး က မေးခွန်းထုတ်ခဲ့ပါတယ်။ 

အရှေ့တောင်အာရှနိုင်ငံများအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဥ်များ မြင့်တက်လာသည့်အတွက် အချို့ သော အာဆီယံဝန်ကြီးများအနေနဲ့ အစည်းအဝေးသို့ အွန်လိုင်းစနစ်ဖြင့်သာ တက်ရောက်ခဲ့ပါတယ်။ 

အာဏာသိမ်းစစ်အစိုးရသည် စစ်မက်ပြုခြင်းများကို အဆုံးသတ်ရန် လွန်ခဲ့သော နှစ်အတွင်း ပေးခဲ့သော ကတိ ကဝက်အတိုင်း အကောင်အထည်ဖော်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် အာဆီယံအား ပါဝင်ခွင့်ပြုခြင်း စသည့်အခြေအနေများတိုင်အောင် မြန်မာစစ်ဗိုလ်ချုပ်များကို  အစည်းအဝေးဖိတ်ကြားခြင်းမပြုရန် စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ တိုက်တွန်းခဲ့ပါတယ်။

ဆွေးနွေးမှုများအပြီးမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး၏ ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေး အစီအမံကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ခြင်းမရှိသည့်အတွက် စိတ်ပျက်ဖွယ်ကောင်းတယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဘာသာပြန် – အောင်မျိုးမြတ်   

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.