ဟနွိုင်း၊ ဖေဖော်ဝါရီ ၁၇

ဗီယက်နမ်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ နိုင်ငံခြားသားခရီးသွားဧည်သည့်များအတွက် အပြည့်အဝ ပြန်လည်ဖွင့်လှစ်ရေး အစီအစဥ်တရပ်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အဆိုပြုခဲ့ပြီး ခရီးသွားကန့် သတ်ချက်များ အားလုံးနီးပါးကို စီစဥ်ထားသည့်ထက် ၃ လစောလျင်စွာဖြင့် မတ်လ ၁၅ ရက်နေ့မှ စတင်၍ ဖြေလျှော့ပေးသွားမည်ဖြစ်သည်။ 

ထိုအဆိုပြုလွှာကို ဝန်ကြီးချုပ်အတည်ပြုနိုင်ရန်အတွက် တင်ပြသွားမည်ဖြစ်ပြီး ထိုင်းနှင့် ဖိလစ်ပိုင် ကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများအတိုင်း အလားတူဖွင့်လှစ်ရေးအဆင့်များအတိုင်း လိုက်ပါဆောင်ရွက် ခြင်းဖြစ်သည်။  

အဆိုပြုလွှာအရအရ ခရီးသည်များသည် တရက်ကွာရန်တင်းနေထိုင်ရန် လိုအပ်ပြီး နိုင်ငံအတွင်းသို့ ထွက်ခွာခြင်းနှင့် ဆိုက်ရောက်ခြင်းမတိုင်ခင်တွင် ကိုဗစ် ၁၉ ကူးစက်ခံထားရခြင်းမရှိကြောင်း စစ်ဆေးချက်များ လိုအပ်ပါသည်။ 

အင်္ဂါနေ့အထိ ဗီယက်နမ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ် ကူးစက်မှုဖြစ်ရပ်အသစ် ၃၁,၈၁၄ ဦးအထိရှိပြီး ကူးစက်မှုဖြစ်စဥ်စုစုပေါင်းမှာ ၂.၅၄ မီလီယမ် အထိရှိခဲ့ပြီးဖြစ်သည်။ ရောဂါကူးစက်မှုကြောင့် သေဆုံးသူမှာ ၃၉,၀၀၀ အထိရှိပြီးဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံအတွင်းသို့ ရောက်ရှိလာသော နိုင်ငံခြားသားခရီးသွားဦးရေမှာ ၁၈ မီလီယမ်အထိရှိပြီး ယမန်နှစ်အတွင်း ၁၅၇,၀၀၀ အထိ ကျဆင်းခဲ့သည်။ 

ဗီယက်နမ်နိုင်ငံသည် နိုဝင်ဘာလမှစတင်၍ ကာကွယ်ဆေးပတ်စ်ပို့အစီအစဥ်ဖြင့် နိုင်ငံခြားသားခရီးသွား များကို သတ်မှတ်နေရာများသို့ ဝင်ရောက်လည်ပတ်ခွင့်ပြုပြီး ဤ အဆိုပြုချက်မတိုင်မီတွင် ခရီးသွား ကဏ္ဍတစ်ခုလုံးအတွက် ပြန်လည် ဖွင့်လှစ်ရေးကို ဇွန်လမှ စတင်မည်ဟု ရည်ရွယ်ထားခဲ့သည်။ 

ဗီယက်နမ်နိုင်ငံ လူဦးရေ ၉၈ မီလီယမ်၏ ၇၇ ရာခိုင်နှုန်းအထိကို ကာကွယ်ဆေးထိုးနှံခြင်းများကို ဆောင်ရွက်ပေးထားခဲ့ပြီးဟုလည်း ထုတ်ပြန်ချက်များအရ သိရသည်။   

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.