မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃

မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ကိုဗစ်ရောဂါပိုး အစုံအလိုက် အပြုံအလိုက် ကူးစက်ခံနေရတယ် လို့ ကိုဗစ်အရေး ကူညီနေသူတွေက ပြောပါတယ်။

စစ်ကောင်စီ ကျန်းမာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ချက်အရ ဖေဖော်ဝါရီ ၉ ရက်နေ့ကနေ ၁၂ ရက်ထိ ၄ ရက်တာကာလအတွင်း ကိုဗစ်အတည်ပြုလူနာ ၂၈၇ ဦးထိ ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် မြေပြင်မှာ ဒီထက် အရေအတွက် ပိုနိုင်တယ်လို့ ကိုဗစ်အရေးကူညီသူတွေက ဆိုပါတယ်။

ကိုဗစ်ရောဂါပိုးကိုတော့ ချောင်းဆုံ၊ မော်လမြိုင်၊ မုဒုံနဲ့ သံဖြူဇရပ်မြို့နယ်တို့က အခြေခံပညာကျောင်း တွေမှာ အစုံအလိုက် အပြုံအလိုက် ကူးစက်ခံနေရတာ ဖြစ်ပြီး ရပ်ကွက်ကျေးရွာတချို့မှာလည်း ရောဂါကူးစက်မှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။

ရောဂါပိုးတွေ့ရှိခဲ့တဲ့ ဒေသခံတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကွာရန်တင်းစင်တာတွေ ဖွင့်လှစ်ပြီး ကုသနေသလို ရောဂါအခံရှိတဲ့သူတွေကိုတော့ ဆေးရုံပို့ဆောင် ဆေးကုသမှုခံယူစေတယ်လို့ ကိုဗစ်အရေးကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်းက ပြင်ပဆေးခန်းတွေမှာ လာရောက်ပြသတဲ့ ပြည်သူအများစုကလည်း အိုမီခရွန် လက္ခဏာတွေဖြစ်တဲ့ နှာဈေး၊ချောင်းဆိုးတဲ့ ဝေဒနာတွေ အဖြစ်များနေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ကိုဗစ်အတည်ပြုလူနာ ၁၇၀၀၀ နီးပါး တွေ့ရှိထားပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၁၄၀၀ ကျော် သေဆုံးထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.