တိုကျို၊ ဖေဖော်ဝါရီ ၁၃

ဂျပန်အစိုးရသည် ပညာရေးနှင့် စီးပွားရေးဆိုင်ရာ အဝန်းအဝိုင်းများတွင် ဝေဖန်မှုများမြင့်တက်လာသည့် အချိန်တွင် ပြည်တွင်းနေထိုင်သူမဟုတ်သော နိုင်ငံခြားသားများအား ပြည်ဝင်ခွင့် ၃ လကျော်ကြာ ပိတ်ပင်ထား သည့် အခြေအနေကို ပြန်လည်ဖြေလျှော့ပေးရန် စဥ်းစားမည်ဟု ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက စနေနေ့တွင် ပြောကြားခဲ့သည်။ 

ဂျပန်ဝန်ကြီးချုပ်သည် နယ်စပ်ထိန်းချုပ်မှုများကို မည်သည့်အချိန်တွင် ဖြေလျှော့သွားမည်ကိုမူ ရှင်းလင်းစွာ ပြောကြားခြင်းမရှိခဲ့ပါ။

အိုမီခရွန်ကိုရိုနာမျိုးကွဲပျံ့နှံ့မှုကို တားမြစ်ရန် နိုဝင်ဘာလအကုန်ပိုင်းမှ အချိန်တစ်ခုအထိ သတ်မှတ်ထားသော လက်ရှိအတိုင်းအတာများသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်သည်။  

“ကျွန်ုပ်တို့အနေဖြင့် အိုမီခရွန်မျိုးကွဲ၏ သိပ္ပံနည်းကျဗဟုတုသများ၊ ဂျပန် နိုင်ငံတွင်း/နိုင်ငံပ ကူးစက်ရောဂါ အခြေအနေများတွင်ဖြစ်ပေါ်သော အပြောင်းအလဲများနှင့် အခြားသော နိုင်ငံများ၏ နယ်စပ်ထိန်းချုပ်ဖို့ အတိုင်းအတာစတဲ့ အချက်အလက်များကို စုစည်းပြီး ဆောင်ရွက်သွားပါမယ်” ဟု မစ္စတာ ကီရှီဒါက တိုကျိုမြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ 

ဂျပန်အစိုးရအဖွဲ့ သတင်းအရင်းအမြစ်တစ်ခုအရ အစိုးရသည် လာမည့်သီတင်းပတ်ကို အစောဆုံးထား၍ အသေးစိတ်အချက်အလက်များ ကြေငြာဖို့ ပြင်ဆင်နေသည်ဟု သိရသည်။ 

‌မြောက်များစွာသော ပညာရေးနှင့် စီးပွားရေး ဦးဆောင်ဦးရွက်ပြုသူများကို ပြည်ဝင်ခွင့် ပိတ်ပင်ထားရာမှ ဝေဖန်မှုများ မြင့်တက်လာသည့်နောက်ဆက်တွဲတွင် မစ္စတာ ကီရှီဒါ ၏ မှတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ် သည်။

ထိုကဲ့သို့ ပြည်ဝင်ခွင့် ပိတ်ပင်တားဆီးသော အတိုင်းအတာများတွင် နိုင်ငံတကာ ကျောင်းသားကျောင်းသူများ လည်း ပါဝင်ပြီး ယခုအခါ အချို့‌သောသူများသည် တောင်ကိုရီးယားကဲ့သို့သော ပြောင်းလဲသင်ကြားနိုင်သည့် နေရာတစ်ခုကို စဥ်းစားရန် တွန်းအားပေးနေခဲ့ကြသည်။ 

စီးပွားရေးအသိုက်အဝန်းတွင်လည်း အဆိုးရွားဆုံးသော လုပ်သားရှားပါးမှုပြဿနာကို ကြုံတွေ့နေရပြီး တား မြစ်ချက်ကို ‌ဖြေလျှော့ပေးရန် တောင်းဆိုထားကြသည်။ 

လက်ရှိတွင် တစ်နေ့လျှင် ပြည်ပမှ ဂျပန်ပြည်တွင်းသို့ အသစ်ဝင်ရောက်နိုင်သူဦးရေကို ၃၅၀၀ အထိ ထိန်းချုပ်ထားပြီး အစိုးရအနေဖြင့် ထိုအတိုင်းအတာကို ဖြေလျှော့ရန် စဥ်းစားနေသည်ဟု သတင်းအရင်း အမြစ်မှ ပြောကြားခဲ့သည်။ နိုဝင်ဘာလ မတိုင်ခင်အထိ ဂျပန်နိုင်ငံသို့ တစ်နေ့လျှင် လူဦးရေ ၅၀၀၀ အထိ ဝင်ရောက်နိုင်ဖို့ ခွင့်ပြုထားခဲ့သည်။ 

၎င်းပြည်ဝင်ခွင့်ကို ဂျပန်နိုင်ငံတွင် အိုမီခရွန်ကူးစက်မှု စတင်အတည်ပြုခဲ့သော နိုဝင်ဘာလ ၃၀ ရက်နေ့ ကတည်းက ပြန်လည် ရုတ်သိမ်းခဲ့ပြန်သည်။  

အစိုးရမှ ထောက်ပံ့ပေးထားသည့် အချို့သောနိုင်ငံရပ်ခြား ကျောင်းသား/ကျောင်းသူများကိုလည်း ပြည်ဝင် ခွင့်ပြုနိုင်ရေးအတွက် လွန်ခဲ့သော လအတွင်းက ချွင်းချက် အစီအစဥ်အချို့ကိုသတ်မှတ်နိုင်ရန် ဂျပန်အစိုးရမှ ဆောင်ရွက်ထားသည်ဟု အစိုးရအဖွဲ့မှ ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.