February 13, 2022

ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ဒုတိယအကြိမ် အစာငတ်ခံ ဆန္ဒပြ

ထားဝယ်၊ ဖေဖေါ်ဝါရီ ၁၃ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား‌တွေဟာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ဒုတိယအကြိမ် အစာငတ်ခံဆန္ဒပြနေကြတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့စစ်ကောင်စီအမိန့် မှန်သမျှကို ဆန့်ကျင်ကန့်ကွက်တာ၊ အကျဉ်းသားအခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ အစာငတ်ခံဆန္ဒပြတာကိုတော့ မနက်စာ စားချိန်ကနေ စတင်ပြီး အကျဉ်းသား အများစု…

မွန်ပြည်နယ်မှာ ကိုဗစ်ရောဂါပိုး အစုံအလိုက် အပြုံအလိုက် ကူးစက်ခံနေရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃ မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ကိုဗစ်ရောဂါပိုး အစုံအလိုက် အပြုံအလိုက် ကူးစက်ခံနေရတယ် လို့ ကိုဗစ်အရေး ကူညီနေသူတွေက ပြောပါတယ်။ စစ်ကောင်စီ ကျန်းမာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ချက်အရ ဖေဖော်ဝါရီ ၉ ရက်နေ့ကနေ ၁၂ ရက်ထိ ၄ ရက်တာကာလအတွင်း ကိုဗစ်အတည်ပြုလူနာ ၂၈၇ ဦးထိ ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် မြေပြင်မှာ ဒီထက်…

ဂျပန်နိုင်ငံသို့ ပြည်ဝင်တားမြစ်ချက် ပြန်လည်‌ဖြေလျှော့ရန် စဉ်းစားနေ

တိုကျို၊ ဖေဖော်ဝါရီ ၁၃ ဂျပန်အစိုးရသည် ပညာရေးနှင့် စီးပွားရေးဆိုင်ရာ အဝန်းအဝိုင်းများတွင် ဝေဖန်မှုများမြင့်တက်လာသည့် အချိန်တွင် ပြည်တွင်းနေထိုင်သူမဟုတ်သော နိုင်ငံခြားသားများအား ပြည်ဝင်ခွင့် ၃ လကျော်ကြာ ပိတ်ပင်ထား သည့် အခြေအနေကို ပြန်လည်ဖြေလျှော့ပေးရန် စဥ်းစားမည်ဟု ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက စနေနေ့တွင် ပြောကြားခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်သည် နယ်စပ်ထိန်းချုပ်မှုများကို မည်သည့်အချိန်တွင် ဖြေလျှော့သွားမည်ကိုမူ ရှင်းလင်းစွာ ပြောကြားခြင်းမရှိခဲ့ပါ။…