ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၂

ဖမ်းဆီးထိန်းသိမ်းခံထားရသော ထိုင်းဆန္ဒပြလူငယ်ခေါင်းဆောင် ပါနူပွန် ဂျဒ်နိုကို ကို အချုပ်မှ ပြန်လည် လွှတ်ပေးရန် အယုဒ္ဓယရုံးတော်မှ ယာယီလွတ်ငြိမ်းခွင့်ကို သောကြာနေ့ ၌ အတည်ပြုခဲ့သည်။ 

လူ့အခွင့်အရေးများဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့  Thai Lawyers for Human Rights (TLHR) ၏ ထုတ်ပြန်ချက်အရ မိုက် (Mike) ဟု လူသိများသော မစ္စတာ ပါနူပွန်ကို ရုံးတော်မှ အာမခံ လိုအပ်ချက်မရှိဘဲ လွတ်ငြိမ်းခွင့်ပေးခဲ့သော်လည်း အီလက်ထရွန်နစ်မှတ်တမ်းတင်သည့်စက် (Electronic Tag) တစ်ခုကို ဝတ်ဆင်ထားရမည်ဟု သိရသည်။ 

လွတ်ငြိမ်းချမ်းသာခွင့်သည် ဘုရင့်အပေါ် ခြိမ်းခြောက်သည်ဟု ယူဆရသော လှုပ်ရှားဆောင်ရွက်မှုများမှ ‌ဝေး‌ဝေးနေထိုင်မည့် အခြေအနေအပေါ်မူတည်ပြီး အိမ်အတွင်းတွင်  ည ၆ နာရီမှ မနက် ၆ နာရီ အထိ ရှိနေဖို့လိုအပ်ကာ အီလက်ထ‌ရွန်နစ် စောင့်ကြည့်ရေး လက်ဝတ်တန်ဆာတစ်ခုကိုလည်း အချိန်ပြည့် ဝတ်ဆင်ထားရမည်။ 

TLHR က မစ္စတာ ပါနူပွန်သည် ထိုအခြေအနေများကို ကျုးလွန်ချိုးဖောက်ပါက ဒဏ်ကြေးငွေ ဘတ် ၁၅၀,၀၀၀ အထိ ပေးဆောင်ရမှာဖြစ်သလို လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း ပြန်လည် ရုတ်သိမ်းမည် ဟု ပြောကြားခဲ့သည်။ 

အယုဒ္ဓယရုံးတော်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် နောက်ဆက်တွဲတွင် ထိမ်းသိမ်းခံရသည့် အခြား‌သော တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် ဂျတူပတ်အား ပြန်လွှတ်ပေးရေးကို သက်ဆိုင်ရာ ခရိုင်‌ဒေသန္တရ ရုံးတော်မှ အတည်ပြုခဲ့ကြသည်။ မစ္စတာ ပါနူပွန် အတိုင်း တူညီသော အခြေအနေအောက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ဘန်ကောက် ရမန် အချုပ်မှ ၎င်း၏ နေအိမ်သို့ ကြာသပတေးနေ့ည၌ ပြန် လည်ပို့ဆောင်ပေးခဲ့သည်။ 

မစ္စတာ ဂျတူပတ်၏ အကျဥ်းထောင်ပြင်ပ ပြောကြားချက်တွင် အစိုးရကို ဖြုတ်ချရေးအတွက် တောင်းဆိုမှု မှာ ပြည်သူ့အသံကသာ အဓိက သော့ချက်ဖြစ်ကြောင်း ဟုပါရှိသည်။

ဒါအိုဒင် (Dao Din) အဖွဲ့၏ အဓိက အဖွဲ့ဝင်များသည် ခြောက်လအကြာ ထိန်းသိမ်းခံခဲ့ရပြီး မစ္စတာ ပါနူပွန် ကိုမူ ခြောက်လထက်ပိုကြာသော အချိန်တစ်ခုအထိ အကျဥ်းချထားခဲ့သည်။ 

လူငယ်တက်ကြွလှုပ်ရှားသူနှစ်ဦးသည် ဘုရင့်အား အသေရေ/ရည်ဖျက် ပြုစုမှုစော်ကားခြင်း ပုဒ်မ အပါအဝင် စွဲချက်မြောက်များစွာကို ရင်ဆိုင်နေကြရသည်။ 

သူတို့နှစ်ဦးအတွက် ယာယီလွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံရာတွင် TLHR ရှေ့နေတစ်ဦးဖြစ်သည့် ခရစ်ဆာဒန် နွတ်ဂျာရက်စ်က ယင်းတို့၏ မိဘများကို ကူညီနိုင်ရေးအတွက် ထိန်းသိမ်းခံထားရသူနှစ်ဦးကို အကျဥ်းထောင်မှ လွတ်မြောက်ခွင့်ပေးဖို့ ရုံးတော်အသီးသီးကို တောင်းဆိုခဲ့သည်။ 

မစ္စတာ ဂျတူပတ်၏ မိခင်သည် မ‌တော်တဆမှုတစ်ခုကြောင့် ခြေထောက်ကျိုးဒဏ်ရာရရှိသည့်အတွက် အိမ်တွင် မိခင်ဖြစ်သူကို ဂရုစိုက်ပေးနိုင်ရန်နှင့် ဖခင်ကို ကူညီနိုင်ရန် လိုအပ်ခဲ့သည်ဟု ရှေ့နေမှ ပြောကြားခဲ့ သည်။  

မစ္စတာ ပါနူပွန်သည် မိသားစုဝင်များကို ထောက်ပံ့နိုင်ရေးအတွက် မိခင်ကို ကူညီဖို့ လိုအပ်နေကြောင်း၊ ၎င်း၏ မိခင်အနေဖြင့် သစ်သီးဝလံရောင်းချပြီး ရရှိသည့် ငွေကြေးမှာ မိသားစုအတွက် လုံလောက်မှုမရှိကြောင်း ဟုပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.