မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၀

လွတ်လပ်မှု၊ တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ လူမျိုးတိုင်း၊ အဖွဲ့စည်းအတိုင်းနဲ့လက်တွဲပြီး ကရင်အမျိုးသားတွေအနေနဲ့ အကောင်အထည်ဖော်ဆောင်ကြဖို့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖို့က တိုက်တွန်းလိုက်ပါတယ်။

ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ ကျရောက်မယ့် (၇၄)ကြိမ်မြောက် ကရင့်အမျိုးသားနေ့အတွက် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပေးပိုးတဲ့သဝဏ်လွှာမှာ တိုက်တွန်းထားတာပါ။

ကရင်အမျိုးသားတွေရဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အခြားသော ရပိုင်ခွင့်အခွင့်အရေးအတွက် စည်းစည်းလုံးလုံးနဲ့ ကြိုးပမ်းအားထုတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့လည်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တိုက်တွန်းထားပါတယ်။

လူမျိုးတစ်မျိုးအနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ နည်းလမ်းများစွာရှိပြီး အဲ့ဒီနည်းလမ်းတွေကို ရှာဖွေဖော်ထုတ် ပြီး ကြိုးပမ်းအားထုတ်သွားရမှာဖြစ်တဲ့အပြင် မိမိတို့နေရပ်ဒေသနဲ့ ကျရာအခန်းကဏ္ဍအသီးသီးမှာ ကရင်အမျိုးသားတွေရဲ့ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်ရာအခန်းကဏ္ဍမှာ ကြိုးစားမြင့်တင်ကြရမယ်လို့ KNU ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အပြန်အလှန်ပြစ်တင်ပြောဆိုမှုတွေဟာ မိမိတို့ ကရင်အမျိုးသားတွေရဲ့ဘဝကို မြှင့်တင်ပေးနိုင်မှာမဟုတ်ပဲ မိမိတို့အမျိုးသားတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အမှန်တကယ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ခြင်းဖြင့် ကရင်အမျိုးသားတွေရဲ့သမိုင်းမှန်ကို ရေးသားဖော်ထုတ်ကြရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ စတင် သတ်မှတ်ခဲ့တဲ့ ကရင်အမျိုးသားနေ့အဖြစ် အခုဆိုရင် ၇၄ နှစ်ပြည့်မြောက်တော့မှာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.