မနီလာ၊ ဖေဖော်ဝါရီ ၁၀

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြည်တွင်း ကိုဗစ်ကူးစက်မှုဖြစ်စဥ်ကို ထိန်းချုပ်နိုင်ရေးကို အကောင်အထည်ဖော်နိုင် ရန် ကိုဗစ်တားမြစ်ချက်ကို ၂ နှစ်ကျော်ကြာကန့်သတ်ပြီးနောက် နိုင်ငံခြားခရီးသွားဧည်သည့်များအတွက် ၎င်း၏ နယ်စပ်များကို ကြာသပတေးနေ့က ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ 

နိုင်ငံပေါင်း ၁၅၇ နိုင်ငံ မှ လာရောက်ကြမည့် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသော ခရီးသည်များ အပေါ်  နယ်စပ်ကန့်သတ်ချက်များ လျှော့ချမှုသည် ဗီဇာကင်းလွတ်ခွင့်အစီအစဥ်များပါဝင်ပြီး ၎င်းအခြေ အနေသည် “ပြန်လည်ထူထောင်ရေး လမ်းမထက် အခန်းကဏ္ဍအသစ်” စတင်ခြင်းဟု ခရီးသွားလုပ်ငန်း အတွင်းရေးမှူး ဘာနာဒီတီက ပြောကြားခဲ့သည်။ 

အပူပိုင်းဒေသ ကမ်းခြေ အပန်းဖြေစခန်းများကြောင့် ထင်ရှားသော အရှေ့တောင်အာရှရှိ ဖိလစ်ပိုင်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးစတင်ချိန် ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၈၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ 

လူဝင်မှုကြီးကြပ်ရေးကော်မရှင်နာ ဂျိုင်မီ မိုရန်တီက ခရီးသည်များအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထားနှင့် ကိုဗစ် ၁၉ ရောဂါပိုးမရှိကြောင်း ဓါတ်ခွဲအဖြေလက်မှတ်ကိုသာ ပြရုံသာ လိုအပ်သည် ဟု ပြောကြားခဲ့သည်။ 

ကြာသပတေးနေ့တစ်ရက်တည်းတွင် ဝင်ရောက်လာမည့် ဆိုက်ရောက်ခရီးသည်များမှာ ၇၀၀၀ ကျော်ခန့်ရှိ မည်ဟု ဖိလစ်ပိုင်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဗျူရိုမှ ခန့်မှန်းထားပြီး နောက်လများတွင် လူဦးရေး ၁၀,၀၀၀ မှ  ၁၂,၀၀၀ အထိ ရောက်ရှိနိုင်မည်ဟုလည်း မျှော်လင့်ထားကြသည်။ 

ဖိလစ်ပိုင်သည် ကနဦးပိုင်းတွင် နိုင်ငံခြားခရီးသွားဧည့်သည်များကို ယမန်နှစ် ဒီဇင်ဘာလမှ စတင်လက်ခံရန် စီစဥ်ခဲ့သော်လည်း ကူးစက်မှုမြန်ဆန်သည့် အိုမီခရွန်မျိုးကွဲကြောင့် ကိုရိုနာဗိုင်းရပ်စ် လူနာများ များပြားလာ သည့်အတွက် ထိုအစီအစဥ်ကို နောက်ဆုတ်ခဲ့ရခြင်းဖြစ်သည်။  

အစိုးရ၏  လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ဖိလစ်ပိုင်လေကြောင်းလိုင်းများမှ ကြိုဆိုထောက်ခံကြသည်။ 

လေကြောင်းလိုင်းပြောရေးဆိုခွင့်ရှိသူ စီယာလိုဗီလာလူနာက ကျိုဒိုသတင်းဌာန (Kyodo News) သို့ ပြောကြားရာတွင် နိုင်ငံအတွင်း နေ့စဥ်လေကြောင်းခရီးစဥ်ပေါင်း ၃၀၀ ကျော် ပေးဆွဲလေ့ရှိခဲ့ပြီး ကပ်ဘေး စတင်ချိန်တွင် တစ်နေ့လျှင် ပြေးဆွဲနိုင်သည့် ခရီးစဥ်ပေါင်း ၁၄၀ ခန့် အထိ ကျဆင်းသွားခဲ့သည် ပါရှိသည်။ 

ဖိလစ်ပိုင်ခရီးသွားလုပ်ငန်းဦးစီးဌာန က ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ လုပ်သား ၃၄၉,၀၀၀ ကျော်သည် ခရီးသွား လုပ်ငန်း ကဏ္ဍအပေါ် မှီခိုနေရသည်ဟု ပြောကြားခဲ့သည်။ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့် ဂျပန် စသည့်နိုင်ငံများမှ လာရောက်ကြမည့် လည်ပတ်သူများသည် ဖိလစ်ပိုင်နိုင်ငံ၏ အမြင့်ဆုံး ခရီးသွားဧည်သည့် ဈေးကွက်များဖြစ်သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.