ဘန်ကောက်၊ ဖေဖော်ဝါရီ ၉

ညွန့်ပေါင်းအဖွဲ့၏ အမာခံ PPRP အနေဖြင့် ဝန်ကြီးချုပ် ပရရွတ်ကို ဖိအားပေးများ ဆက်လက်ပေးနေမည် ဆိုပါက ရူရမ်မ်ထိုင်းဆန်ချာတ်ပါတီ (Ruam Thai Sang Chart Party) ကို ဦးဆောင်ဖို့ မစ္စတာပရရွတ်ကို ဖိတ်ခေါ် သွားမည်ဟု ပါတီတည်ထောင်သူမှ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ 

ဝန်ကြီးချုပ်ရုံး၏ ဒုဝန်ကြီး ဆစ်ကွန် အာထဝန်၏ ပြောကြားချက်တွင် PPRP မှ ဗိုလ်ချုပ်ကြီး ပရရွတ်ကို နောက် လာမည့် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းထုတ်ပြန်ခြင်းမရှိသည့် ‌အ‌ခြေအနေကြောင့်  သူသည် အရေးပေါ် အရန်ကိစ္စရပ်တစ်ခုအနေဖြင့် ရူရမ်မ် ထိုင်းဆန်ချာတ် ပါတီ (Ruam Thai Sang Chart Party) ကို တည်ထောင်ခြင်းဖြစ်သည်ဟု ပါရှိသည်။ 

မစ္စတာ ဆစ်ကွန်က စက်တင်ဘာလနှောင်းပိုင်းတွင် လွှတ်တော်တွင်း ကျင်းပခဲ့သော ဒီဘိတ်ဆွေးနွေးပွဲ တစ်ခုတွင် ဝန်ကြီးချုပ်ကို ဖယ်ရှားဖို့ ဦးတည်ချက်ထားခဲ့ကြပြီး PPRP အတွင်း၌လည်း ဗိုလ်ချုပ်ကြီး ပရာရွတ် အပေါ် ဖိအားပေးနေခဲ့ကြသည်ဟု ပြောကြားခဲ့သည်။  

“လူတစ်စုကတော့ အမြဲလိုလို နိုင်ငံရေး ပရိယာယ်တွေကို ကစားနေကြမြဲပဲ။ ဒါကတော့ လက်မခံနိုင် စရာပါ။ ဝန်ကြီးချူပ်ရဲ့ လက်ထောက်တစ်ယောက်အနေနဲ့ သုံးနှစ်တာ ကာလအတွင်းမှာ ကျွန်ုပ်ဟာ သူရဲ့ နိုင်ငံရေးကိစ္စ တွေကို ဂရုပြုအလေးထားပါတယ်။ PPRP က သူ့ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းမတင်သွင်းတဲ့ အခြေ အနေရယ် နောက်ပြီး ကျွန်ုပ်အနေနဲ့ကလည်း ဒီထဲကနေ ထွက်နိုင်မယ့် လမ်းတစ်ခုကို ရှာဖို့ ရှုံးနိမ့်မယ် ဒါမှ မဟုတ် ပျက်ကွယ်မယ်ဆိုရင် ဝန်ကြီးချုပ်ကိုယ်တိုင် လွတ်မြောက်သွား နိုင်ပါ့မလား” ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

PPRP ထဲမှာ ဗိုလ်ချုပ်ကြီး ပရရွတ်တစ်ယောက်တည်း ဖိအားပေးခံနေရခြင်းကို သည်းမခံနိုင်ပါဟု မစ္စတာ ဆစ်ကွန် က ပြောကြားခဲ့သည်။ 

ဗိုလ်ချူပ်ကြီး ပရရွတ်အနေဖြင့် အဆိုပါ နိုင်ငံရေးပါတီအသစ်ကို ပိုင်ဆိုင်ပါသလားဟု မေးရာတွင် မစ္စတာ ဆစ်ကွန် က ပြောကြားခြင်းမပြုနိုင်ဟုသာ တုံ့ပြန်ခဲ့သည်။ 

သို့သော်ငြားလည်း ဝန်ကြီး ပရရွတ်သည် ထိုပါတီ၏ နာမည်ကို သဘောတူခဲ့ပြီး ၎င်းနာမည်သည် သူ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ကာလအတွင်း အမြဲထုတ်ဖော်ပြောနေကျ ဆောင်ပုဒ်ဖြစ် သည်။ ရူရမ် ထိုင်းဆန်ချာတ် (Ruam Thai Sang Chart) ကို  အဓိပ္ပါယ်ပြန်ဆိုပါက နိုင်ငံတည်ဆောက်ရာတွင် စည်းလုံးညီညွတ်သော ထိုင်းနိုင်ငံသားများဟု အဓိပ္ပါယ်ရသည်။

မစ္စတာ ဆစ်ကွန်က လူအမြောက်အများသည် ပါတီအသစ်သို့ ဝင်ရောက်လိုကြသည်ဟု ပြောကြားခဲ့သည်။ ဗိုလ်ချုပ်ကြီး ပရရွတ်၏ ရေပန်းစားမှုကြောင့် ရွေးကောက်ခံရသော ပါလီမန်အမတ်များ ပါတီသို့ ဝင်ရောက် နိုင်မည်ကိုလည်း မစ္စတာ ဆစ်ကွန် အနေဖြင့် မျှော်မှန်းထားသည်။ 

မစ္စတာ ဆစ်ကွန်က ပါတီအသစ်ကို ဦးဆောင်ရန် ဗိုလ်ချုပ်ကြီး ပရရွတ်ကို ဖိတ်ကြားဖို့ စီစဥ်ခဲ့ခြင်းကို အတည်ပြုပြောကြားခဲ့သည်။ 

‌ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.