ဘန်ကောက်၊ ဇန်နဝါရီ ၂၇

ထိုင်းနိုင်ငံတွင် အိုမီခရွန်ထပ်ဆင့်မျိုးကွဲ BA.2 ကူးစက်ခံရသူ ၁၄ ဦးအထိရှိပြီး တစ်ဦးသေဆုံးခဲ့သည်ဟု ဆေးဝါးသိပ္ပံဆိုင်ရာဦးစီးဌာနမှ အထွေထွေဒါရိုက်တာ ဒေါက်တာ ဆူဖာကစ် ဆီရီလက်က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။ 

အိုမီခရွန် BA.2 သည် PCR နည်းလမ်း အသုံးပြုပြီး ဒယ်လ်တာမျိုးကွဲများနှင့် နှိုင်းယှဥ်ရာတွင် အခက် အခဲများရှိသောကြောင့် “ကိုယ်ပျောက်မျိုးကွဲ”ဟု အမည်ပြောင်ခေါ်ဝေါ်ရခြင်းဖြစ်သည်။ 

BA.2 သည် စင်ကာပူ၊ အိန္ဒိယ၊ ဒိန်းမတ်၊ ဆွီဒင်နှင့် ယူကေနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်တွင် အလျင်အမြန် ကူးစက်ပျံ့နှံ့နေပြီးဖြစ်သည်။ 

“ယမန်နှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် စတင်တွေ့ရှိခဲ့သော အိုမီခရွန်မျိုးကွဲက BA.1 ထပ်ဆင့်မျိုးကွဲ ဖြစ်လာခဲ့ပြီးတော့ အဲ့အထဲမှာ မူရင်း ကိုဗစ် 19 ဗိုင်းရပ်စ်ကနေK417N, T478K, N501Y နဲ့ del69/70  များအဖြစ် သန္ဓေပြောင်းခဲ့တာပါ”ဟု စူဖာကစ်က ရှင်းပြခဲ့သည်။ 

“နိုင်ငံခြားသားခရီးသွားဧည့်သည်များအကြားမှာ ပထမဦးဆုံး ကူးစက်မှုဖြစ်စဥ်ကို စမ်းသပ်တွေ့ရှိပြီးတဲ့ သုံးပတ်မြောက်မှာတော့ BA.1 က အစီအရင်ခံမှုအတိုင်းတင်ပြထားတဲ့ လူဦးရေထူထပ်တဲ့၊ ခရီးသွား လုပ်ငန်းဧရိယာများဆီနှင့် နိုင်ငံအတော်များများကို အလျင်အမြန် ပျံ့နှံ့သွားခဲ့တာပါ”ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

“ထိုင်းနိုင်ငံမှာတော့ အိုမီခရွန် BA.2 ထပ်ဆင့်မျိုးကွဲ ပထမဦးဆုံးကူးစက်မှုဖြစ်စဥ် ကို ဇန်နဝါရီလ ၂ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တယ်။ ပြီးနောက်မှာတော့ ထိတွေ့မှုရှိခဲ့တဲ့ လူနာ ၁၄ ဦးဟာ ကူးစက်ခံခဲ့ရပါ တယ်”ဟု ဆူဖာကစ် က ပြောကြားခဲ့ပြီး “အိုမီခရွန် BA.3 မျိုးစိပ်ကိုတော့ ထိုင်းနိုင်ငံအတွင်း တွေ့ရှိရခြင်း မရှိသေးပါ”ဟု ပြောကြားခဲ့သည်။  

ထိုင်းနိုင်ငံတွင် အိုမီခရွန်ကူးစက်ခံရသူ ၇ ဦးတွင် တစ်ဦးသေဆုံးခဲ့ပြီး အဆိုပါဗိုင်းရပ်စ်ကြောင့် သေဆုံးမှု နှုန်း ၀.၁ ရာခိုင်နှုန်းကို နိုင်ငံအတွင်းသို့ ဆောင်ကျဥ်းလာခဲ့ပြိဖြစ်သည်။ ယခုအခါ အိုမီခရွန်သည် ထိုင်းနိုင်ငံအတွင်း အဓိက ပျံ့နှံ့လျှက်ရှိသည့် မျိုးကွဲဖြစ်လာပြီး ကူးစက်ခံရသူများအနက် ၉၄.၆ ရာခိုင်နှုန်း မှာ အိုမီခရွန်လူနာများဖြစ်သည်။ ထို့အပြင်ဒယ်တာမျိုးကွဲကူးစက်ခံရသူမှာ ၅.၄ ရာခိုင်နှုန်းရှိသည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Nation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.