ဘန်ကောက်၊ ဇန်နဝါရီ ၂၃

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် ရှေ့တန်းဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ စေတနာ့ဝန်ထမ်း အုပ်စု အဖွဲ့များနှင့် အခြေခံကျန်းမာရေးပြဿနာရှိသူများကို လေးကြိမ်မြောက် ကာကွယ်ဆေးထိုးနှံရေး ကို  အတည်ပြုပေးဖို့ CCSA ကို မေးမြန်းထားပြီးဖြစ်သည်။ 

ကူးစက်မှုနှုန်းမြင့်မားသည့် ခရိုင် ၆ ခုနှင့် ခရီးသွားဧည်သည့်များ  ဦးတည်သွားရောက်သည့် နေရာ ၄ ခုတွင် ပါဝင်ဖွဲ့စည်းသော ခရိုင် ၁၀ ခုကို လွှမ်းခြုံထိုးနှံနိုင်ရေးအတွက် အဆိုပြုထားသည်။  

ဝန်ကြီးဌာနအနေဖြင့် ကိုဗစ် ၁၉ ဆက်လက် ကူးစက်နေမှုကို စိုးရိမ်မှုကြောင့် လေးကြိမ်မြောက် ကာကွယ် ဆေးထိုးနှံရေးကို အဆိုပြုရခြင်း၏ အကြောင်းအရင်းတစ်ရပ်ဖြစ်သည်။ 

CCSA အနေဖြင့် ကာကွယ်ဆေးထိုးနှံမှုမှတ်တမ်းများကို ခြေရာခံနိုင်ရန် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လွှမ်းခြုံမှု အချက်အလက်အခြေခံစနစ်ကို အသုံးပြုနိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အဆိုပြုထား သည်။ 

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်‌ရေးဦးစီးဌာန အကြီးအကဲမှ ‌ဒေါက်တာ အိုဖ ကန်နဝင်ဖွန်မှ ပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် ၎င်း၏ ရောဂါကူးစက်မှုနှင့် ပတ်သက်၍ အသိပေးအတိုင်းအတာများကို ဆက်လက် ထိန်းသိမ်ထားပြီး လူအများနေဖြင့် ထိုကဲ့သို့ ကြိုတင်ကာကွယ်ရေး အတိုင်းအတာများကို လိုက်နာသင့် သည်ဟု ပါရှိသည်။ 

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း အဓိက ကူးစက်ပျံ့နှံ့သော ရောဂါမျိုးကွဲမှာ အိုမီခရွန်ဖြစ်ပြီး ထိုင်းပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် အချို့သော စည်းမျဥ်းစည်းကမ်းများကို လျှော့ချရေးအပါအဝင် ရောဂါနှင့် အတူ နေထိုင်ရေးအတွက် ကမ္ဘာသုံး နည်းနာအတိုင်းအတာများကို အကောင်အထည်ဖော်လျှက်ရှိသည်။ 

ဒေါက်အိုဖက်က ကိုဗစ် ၁၉ သည် များမကြာမီ သာမန်တွေ့ရှိဖြစ်ပွား‌သော ကူးစက်ရောဂါဖြစ်လာလိမ့်မည် ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် ကာကွယ်‌ဆေးများကို မြန်မာနှင့် အာဖရိကအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ လှူဒါန်းသွားမည်ဟု ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.