ဘေဂျင်း၊ ဇန်နဝါရီ ၂၁

ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်း‌အော်ပရေးရှင်းကွပ်ကဲရေးက USS Benfold သည် တရုတ်နိုင်ငံပိုင် ရေနယ်နိမိတ်တွင်းသို့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ရွက်လွှင့်လာခဲ့ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးနှောက်ယှက်ခဲ့သလို တရုတ် ရေတပ်နှင့် လေတပ်များမှ ထိုသင်္ဘောကို ခြေရာခံ လိုက်ပါခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့သည် အမေရိကန်ပြည်ထောင်စုဘက်မှ ထိုကဲ့သို့ တမင်တကာ လှုံဆော်ပြုမူသော လုပ်ဆောင် ချက်များကို ချက်ချင်းရပ်တန့်ပေးရန် ဂုဏ်သိက္ခာရှိစွာတောင်းဆိုပြီး ယင်းသို့မဟုတ်ပါက ၎င်းအခြေ အနေသည် ပြင်းထန်ပြီး မမျှော်မှန်းနိုင်သော နောက်ဆက်တွဲအဖြစ်အပျက်များကို ပေါ်ပေါက် ာစေနိုင် မည်” ၎င်း ကွပ်ကွဲရေးက ဖြည့်စွက်ပြောကြားထားသည်။ 

အမေရိကန်ရေတပ်သည် Benfold ကို အဝေးသို့ထွက်ခွာဖို့ သတိပေးခဲ့သည်ဟူသော စိတ်ကူးစိတ်သန် ကို ပယ်ချခဲ့သော်လည်း  ထိုနယ်ပယ်အတွင်း စစ်သင်္ဘောသည် အော်ပရေးရှင်းကို ဆောင်ရွက်ခဲ့ကြောင်း ကို အတည်ပြုထားကာ ထိုမစ်ရှစ်သည် ရေကြောင်သွားလာရေးဆိုင်ရာ လွတ်လပ်ခွင့်ကို ခုခံကာကွယ် ရန်ဟူသော အမေရိကန်ပြည်ထောင်စု၏ ရေတပ်ကတိကဝက်များကို ထင်ဟပ်စေသည်ဟု ဆိုသည်။  

အမေရိကန် ရေယာဥ်စု ၇ ၏ ပြောရေးဆိုခွင့်ရှိသူ မက်လန်ဖို့သည် “ဤမစ်ရှင်နှင့်ပတ်သက်ပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ထုတ်ပြန်ချက်သည် အမှားသာ ဖြစ်သည်” ဟု ပြောကြားခဲ့သည်။ 

Benfold သည် အမေရိကန်စစ်တပ်မှ ရေကြောင်းအော်ပရေးရှင်လွတ်လပ်ခွင့်ဟု ခေါ်ဝေါ်သုံးနှုန်းသည့် အကြောင်းအရာကို “နိုင်ငံတကာဥပ‌ဒေနှင့်အညီ” ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်‌ရေတပ်သည် တရုတ်နိုင်ငံ၏ နယ်နိမိတ်ရေးရာ တောင်းဆိုချက်များကို စိန်ခေါ်နိုင်ရန် တောင်တရုတ်ပင်လယ်အတွင်း ထိုကဲ့သို့သော အော်ပရေးရှင်းလုပ်ငန်းများကို မကြာခဏ လုပ်ဆောင် လေ့ရှိသည်။  

“ယခုသီတင်းပတ်တွင် USS Benfold လုပ်ဆောင်ခဲ့သည်အတိုင်း အမေရိကန်ပြည်ထောင်စုသည် နိုင်ငံတကာဥပဒေများ ခွင့်ပြုသည့်အတိုင်း နိုင်ငံတိုင်း၏ ပျံသန်းခွင့်၊ ရွက်လွှင့်ခွက်နှင့် စစ်ဆင်ရေး လုပ်ဆောင်ခွင့်ကို ကာကွယ်နေခြင်းဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြောဆိုချက်အတိုင်း မဟုတ်သလို အကယ်၍ ထိုနည်းလမ်းအတိုင်း လုပ်ဆောင်ခြင်းမဟုတ်ပါက ကျွန်ုပ်တို့ကို တားကြပါလိမ့် မည်” ဟုပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် ရေပိုင်နက်များတွင် သဘာဝအလျောက်ဖြစ်ပေါ်ခြင်းမဟုတ်သော ကျွန်းအတုများကို ဖန်တီးကာ ရှေ့တန်းကင်းစခန်းများကို တည်‌ဆောက်ထားပြီး ထိုနေရာများသည် အဓိကကျသော ကုန်တင်ယာဥ်သင်္ဘောလမ်းများဖြစ်ကြသလို ဓါတ်ငွေ့ထွက်နိုင်သော နယ်ပယ်များနှင့် ငါးများ ပေါ ကြွယ်ဝသော ငါးဖမ်းကွက်များလည်းပါဝင်သည်။ 

တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအကြား ကြွတ်ဆပ်လွယ်သော ဆက်ဆံရေးတွင်  ထိတွေ့မှုများစွာ တစ်ခုပြီး တစ်ခုဖြစ်လာခဲ့ပြီး ဝါရှင်တန်အစိုးရသည် ဘေဂျင်း၏ ဥပ‌ဒေနှင့် မလျော်ညီသည့် နယ်နိမိတ် ရေးရာ တုံ့ပြန်ချက်များကို ငြင်းချက်ထုတ်ထားခဲ့သည်။ 

တရုတ်နိုင်ငံသည် ကျယ်ပြန့်သော တောင်တရုတ်ပင်လယ်ပြင် တစ်ခွင်လုံးကို တောင်းဆိုထားသည်။ ထိုင်ဝမ်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း နှင့် ဖိလစ်ပိုင် နိုင်ငံများသည်လည်း တနယ်နှင့် တနယ်ထပ်နေ သည့် ရေပိုင်နက်နယ်နိမိတ်များအတွက်လည်း တောင်းဆိုထားကြသည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.