ဘန်ကောက်၊ ဇန်နဝါရီ ၁၈

အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံသည် ဆေးခြောက်ကို အစားအစာနှင့် အလှကုန်ပစ္စည်းများအတွက် ဆေးခြောက်ကို ဆေးဖက်ဝင်အဖြစ် ဥပဒေအရ သုံးစွဲခွင့်ပြုသော ပထမဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီးနောက် ဆေးခြောက်ကို အပန်းဖြေအနားယူခြင်းအတွက် သုံးစွဲမှုနှင့် စပ်လျဥ်း၍ ရာဇဝတ်ပြစ်မှုမြောက်ခြင်းမှ ရပ်စဲနိုင်ရန်  စီစဥ်ဆောင်ရွက်ထားသည်။ 

ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၁၉) ရက်နေ့တွင် ထိုင်းနိုင်ငံ အစားအစာနှင့် ဆေးဝါးအသင်းအဖွဲ့ (FDA) မှ ဆေးခြောက်ကို ထိန်းချုပ်တားမြစ်ဆေးများစာရင်းမှ ပယ်ဖျက်နိုင်ရန်  မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့သို့  တင်ပြ တောင်းဆိုသွားရန်ရှိသည်။  

ဘုတ်အဖွဲ့မှ အသိပေးရှင်းလင်းပြီးသည်နှင့် တပြိုုင်နက် အဆိုပြုချက် အသက်ဝင်လာဖို့ ကျန်းမာရေး ဝန်ကြီး အနုတင် ချာန်ဗီရာကောမှ အတည်ပြုရန် ထပ်မံလိုအပ်သည်။

ပြည်သူများအနေဖြင့် နှစ်ရှည်ထောင်ဒဏ်နှင့်ငွေဒဏ်များကို ကြောက်ရွံစရာမလိုဘဲ ဆေးခြောက်ကို အပြည့်အဝလက်လှမ်းမီဖို့ ခွင့်ပြုသွားမည်ဟု ထိုင်း FDA ၏ ဒုတိယ အတွင်းရေးမှူး ဒေါက်တာ ဝတ်ထစ် က ပြောကြားခဲ့သည်။  

လက်ရှိအခြေအနေတွင် ထိုင်းနိုင်ငံအတွင်း ဆေးခြောက်အပင်သည် မူးယစ်ဆေးဝါးစာရင်းတွင် အဆင့် ၅ ဖြစ်သောကြောင့် ဆေးခြောက်ကို ပိုင်ဆိုင်ထားကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၁၅ နှစ် အထိ ချမှတ် နိုင်သည်။ 

ဒေါက်တာဝတ်ထစ်၏ က “ကျွန်ုပ်တို့တွေက ဆေးခြောက်ကို ရာဇဝတ်ပြစ်မှုစာရင်းထဲက ရပ်စဲလိုက်နိုင် ရင် ဒီအပင်ရဲ့ တခတ် တပိုင်းလေးမှ မဟုတ်ပဲ အပင်တစ်ပင်လုံးကနေ အကျိုးရလဒ်တွေ ရဖို့ဖြစ်နိုင်မှာ ပါ။ အပွင့်ရဲ့အဖူးလေးတွေနဲ့ အစေ့လေးတွေကိုဆိုရင်လည်း ဥပဒေနှင့်အညီ စီးပွားရေးအရ အသုံးပြုနိုင် မှာပါ”ဟု ပြောကြားခဲ့သည်။ 

ထိုင်းနိုင်ငံသည် ငွေဝင်နိုင်သော သီးနှံဖြစ်သည့် ဆေးခြောက်ကို စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းနှင့် ထုတ် လုပ်ခြင်းများကို ဥပဒေအရ တားမြစ်ထားဆဲအခြေအနေတွင် လျှော့ပေ့ါပေးနိုင်ရန် အတွက်လည်း အစီအစဥ်တကျနှင့် အတိုင်းအတာတစ်ခုလုံး မဟုတ်ပဲ အစိတ်အပိုင်းအလိုက် ဆောင်ရွက်နေခြင်း ဖြစ်သည်။  

ထိုင်းနိုင်ငံသည် ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားပြီး လူတစ်ဦးချင်းစီတွင် ပိုင်ဆိုင်ထားရှိခွင့်ကို တားမြစ်သော်ငြားလည်း စီးပွားရေးလုပ်ငန်းများသို့ ပိုမို့လက်လှမ်းမီနိုင်ရေးအတွက် ခွင့်ပြုပေးထားသည်။

ယမန်နှစ်တွင် ထိုင်းနိုင်ငံအစိုးရသည် အရှေ့တောင်အာရှတွင် ပေါက်ရောက်သော ဘိန်းနှင့် အလား သဏ္ဍာန်တူသည့် ဘိန်းစာရွက် (ထိုင်းအခေါ် – ကရမ်ထောမ်)ကိုလည်း ပြစ်မှုဆိုင်ရာ ကန့်သတ် ထိန်းချုပ်မှု စာရင်းမှ ဖယ်ရှားပေးခဲ့သည်။ 

ကရုန်းဆရီ သုတေသန၏ သုံးသပ်လေ့လာသူ မစ္စတာ ချိုင်ဝတ် က “ဥပဒေအပြောင်းအလဲနှင့်အတူ ဆေးခြောက်ပင်၏ အစိတ်အပိုင်းအားလုံးကို ဝယ်ယူဖို့၊ ရောင်းချဖို့နှင့် အပန်းဖြေအနားယူရေးအတွက် သုံးစွဲဖို့ ခွင့်ပြုသွားပေမယ့် လူတွေကို ပိုမိုမူးယစ်စေတဲ့၊ tetrahydrocannabinol အဆင့် မြင့်မားတဲ့ ဆေးခြောက်ထုတ်လုပ်မှုကိုတော့ ဥပဒေအရ ဆက်လက်ထိန်းချုပ်ထားမှာပါ။ အခုလို ပြစ်မှု ရာဇဝတ် မြောက်ခြင်းမှ ပယ်ဖျက်လိုက်ခြင်းမှ တဆင့် အများဆုံးအကျိုးဖြစ်ထွန်းမယ့်သူတွေထဲမှာ ဆေးခြောက် ကို အသုံးပြုပြီး ဆပ်ပြာများ၊ အလှကုန်များပစ္စည်းများ ထုတ်လုပ်မယ့် လုပ်ငန်းရှင်တွေ လည်း ပါဝင် နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.