ဘန်ကောက်၊ ဇန်နဝါရီ ၁၇

တယ်လီ‌နောလုပ်ငန်းစုသည် မြန်မာနိုင်ငံရှိ မိုဘိုင်းငွေကြေးဆိုင်ရာဝန်ဆောင်မှုကဏ္ဍတွင် ကျန်ရှိနေသော အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရောင်းထုတ်ရန် သဘောတူခဲ့ပြီး ယမန်နှစ် စစ်အာဏာသိမ်းချိန်ကတည်းက မငြိမ်မသက်မှုများ တိုးမြှင့်ဖြစ်ပေါ်လာသည့် နိုင်ငံတစ်နိုင်ငံမှ ထွက်ခွာဖို့ နီးကပ်လာသော နော်ဝေး၏ အကြီးစား တယ်လီကွန်ဆက်သွယ်ရေးကုမ္ပဏီ၏   ခြေလှမ်းတစ်ခုဖြစ်လာတော့မည်။ 

Wave Money ဟု လူသိများသော မြန်မာ့ဒစ်ဂျစ်တယ်ငွေကြေးရှိ ရင်းနှီးမြှုပ်နှံမှုကို စင်ကာပူနိုင်ငံတွင် စာရင်းဝင်မှတ်ပုံတင်ထားသည့် Yoma Strategic Holdings လီမီတက်သို့ ရောင်းချမည်ဖြစ်ပြီး ဒေါ်လာ ၅၃ မီလီယမ်ကို ဘဏ္ဍာငွေထည့်ဝင်ကာ ရင်းနှီးမြှုပ်နှံသူများဆိုင်ရာ အကျိုးတူပူးပေါင်းမှုအဖွဲ့အစည်းကို ဦးဆောင် သွားမည်ဟုသိရသည်။ အဆိုပါ Yoma Strategic ကုမ္ပဏီကို မြန်မာနိုင်ငံဖွား အိမ်ခြံမြေသူဌေး Serge Pun ဖြစ်သည်။ 

ယမန်နှစ်တွင် တယ်လီနောသည် မြန်မာနိုင်ငံရှိ ၎င်း၏ မိုဘိုင်းအော်ပ‌ရေးရှင်းများကို ဘေရွတ်အခြေစိုက် M1 လုပ်ငန်းစုသို့ ဒေါ်လာ ၁၀၅ မီလီယမ်တန်ဖိုးဖြင့် ရောင်းချရန် သဘောတူခဲ့သည်။

အဆိုပါ အရောင်းအဝယ်ကို အပြီးသတ်လုပ်ဆောင်ရာမှာ စစ်ခေါင်းဆောင်သည် မြန်မာအဝယ်တော်တစ်ဦး ကိုသာ အစားထိုးရန် လိုလား‌သောကြောင့် ကြန့်ကြာမှုရှိခဲ့သည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီး Pun သည် ထိုပိုင်ဆိုင်မှုများအတွက် စိတ်ဝင်စားကြသူများအနက် တစ်ဦးဖြစ်သည် ဟု ထင်မြင်ရသည်။  

စစ်တပ်အကြီးအကဲ မင်း‌အောင်လှိုင်ဦးဆောင်သည့် ဖေဖော်ဝါရီလ အာဏာသိမ်းမှုပြီးနောက် ကသောင်း ကနင်းအခြေအနေများသို့ ထိုးကျသွားခဲ့သော မြန်မာနိုင်ငံမှ ဆုတ်ခွာကြမည့် ကုမ္ပဏီများအနက် နော်ဝေး လုပ်ငန်းစုသည်လည်း တစ်ခုဖြစ်သည်။

ယခုနောက်ဆုံးအကြိမ် ‌ရောင်းချမှုတွင် ၂၀၂၀ ခုနှစ်အတွင်း ငွေလွှဲပြောင်းမှုနှင့် ပေးချေမှုကဏ္ဍတွင် နိုင်ငံ GDP ၏ ၁၂ ရာနှုန်းရှိသည့် အမေရိကန်ဒေါ်လာ ၈.၇ ဘီလီယမ် တန်ဖိုးကို ကိုင်တွယ်နိုင်ခဲ့သော  ရိုးမသည် Wave Money ၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်လာပါလိမ့်မည်။ 

ထိုသဘောတူညီချက်သည် တယ်လီနောအနေဖြင့် Wave Money ၏ ဒေါ် လာ ၇၆.၅ မီလီယမ်တန်ဖိုးရှိသော အစုရှယ်ရာ ၃၄ ရာနှုန်းကို ရောင်းထုတ်ရန် ၂၀၂၀ ခုနှစ် ဇွန်လတွင် ကြေငြာခဲ့သည့် လုပ်ငန်းပြန်လည်ရုတ်သိမ်း ရေးဖြစ်စဥ်ကိုလည်း အပြီးသတ်နိုင်သည်။ Wave Money ၂၀၁၆ ခုနှစ်တွင် တယ်လီနော၊ ရိုးမဘဏ် နှင့် Yoma Strategic Holdings အကြား အကျိုးတူလုပ်ငန်းအဖြစ် ထူထောင်ခဲ့ခြင်းဖြစ်သည်။  

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.