ဘန်ကောက်၊ ဇန်နဝါရီ ၁၇

ကူးစက်မှုနှုန်းမြင့်မားသည့် အိုမီခရွန်ကိုရိုနာဗီဇမျိုးကွဲကြောင့် ထိုင်းနိုင်ငံတွင် ပထမဦးဆုံး သေဆုံးမှု ပေါ်ထွက် လာခဲ့ပြီဖြစ်သည်ဟု  ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။   

လွန်ခဲ့သောလအတွင်း ပထမဦးဆုံး အိုမီခရွန်ဖြစ်စဥ်ကို စစ်ဆေးတွေ့ရှိပြီးနောက် နိုင်ငံခြားခရီးသွား ဧည် သည့်များအတွက် ကိုဗစ် ၁၉ ကွာရန်တင်းကန့်သတ်ချက်များကို ပြန်လည်သတ်မှတ်ထားပြီးနောက် ထို ဗိုင်းရပ်စ်ကြောင့် အသက်သေဆုံးမှုမှာ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်တွင် နေထိုင်သော အသက် ၈၆ နှစ် အရွယ် အမျိုးသမီးအိုတစ်ဦး ဖြစ်ခဲ့သည်။ 

ထိုအမျိုးသမီးသည် အိပ်ယာပေါ်လဲနေသည့် အယ်လ်ဇိုင်းမားရောဂါဝေဒနာသည်တစ်ဦးဖြစ်သည်ဟု ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဂရူအန် ကစ်တ်ဖာထီ က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ 

နိုင်ငံအနေဖြင့် အိုမီခရွန်ကူးစက်မှုဖြစ်စဥ်ပေါင်း ၁၀,၀၀၀ ကျော်ကို စမ်းသပ်ဖော်ထုတ်ထားပြီးဖြစ်သော ကြောင့် ထိုကဲ့သို့သော သေဆုံးမှုဖြစ်စဥ်တစ်ရပ်ကို မျှော်လင့်ထားခဲ့ပြီးကြောင်း၊ ထိုင်းနိုင်ငံသည် နောက်ထပ် ထိန်းချုပ်ရေးအတိုင်းအတာများကို ဆောင်ရွက်ဖို့ မလိုအပ်သေးကြောင်းဟု ဒေါက်တာ ရန်ဂရူအန်က ပြော ကြားခဲ့သည်။ 

ခရိုင်ဒေသန္တရ ကျန်းမာရေးဦးစီးဌာနရုံး၏ ပြောကြားချက်အရ ထိုအမျိုးသမီးသည် ဟတ်ယိုင်ခရိုင်ခွဲတွင် နေထိုင်ပြီး ဖူးခက်မှပြန်လာသော သူမ၏ မြေးထံမှ ရောဂါကူးစက်ခံရခြင်းဖြစ်သည်ဟု ပါရှိသည်။ ထိုအမျိုးသမီးသည် ဟတ်ယိုင်ရှိ နာမွန်ဆေးရုံ ပီဖိုက်ဇာကာကွယ်ဆေးကို နှစ်ကြိမ်တိုင် ထိုးနှံခဲ့ပြီးဖြစ်သည်ဟု ထိုဌာနမှ ဖြည့်စွက်ပြောကြားခဲ့သည်။ 

အစိုးရအဖွဲ့၏ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ ကူးစက်မှုဖြစ်ရပ်သစ်မှာ ၈၀၇၇ ဦးအထိရှိပြီး သေဆုံးမှုမှာ ၉ ဦး ဖြစ်ကာ ကပ်ရောဂါစတင်ဖြစ်ပေါ်သည့် ၂၀၂၀ ကဆိုလျှင် ရောဂါကူးစက်မှုမှာ ၂.၃ သန်းအထိရှိပြီး သေဆုံး သူ ဦးရေမှာ ၂၂,၀၀၀ ခန့်ရှိပြီးဖြစ်သည်။ 

ထိုင်းနိုင်ငံအတွင်းနေထိုင်သော ခန့်မှန်းခြေ လူဦးရေ ၇၂ သန်း၏ ၆၆ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးကို နှစ်ကြိမ်တိုင်တိုင် ထိုးနှံထားပြီး ၁၄.၉ ရာခိုင်နှုန်းကသာ တတိယအကြိမ်အဖြစ် Booster Shot ကို အသီးသီး ထိုးနှံထားခဲ့ကြသည်။ 

ထိုင်းနိုင်ငံဘဏ်၏ အင်္ဂါနေ့ ပြောကြားချက်တွင် အိုမီခရွန်ကြောင့် စီးပွားရေးမှာ ၀.၃ ရာခိုင်နှုန်းအထိ ထိခိုက် ထားပြီး ၎င်းအခြေအနေကို နှစ်တစ်နှစ်၏ ပထမတဝက်သော အချိန်ကာလအတွင်းတွင် စီမံခန့်ခွဲ့ နိုင်သည်။  

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.