ဘန်ကောက်၊ ဇန်နဝါရီ ၁၅

ထိုင်းနိုင်ငံတွင် ဝက်သားဈေးနှုန်း ပုံမှန်နှုန်းထားအတိုင်း ပြန်လည်ကျဆင်းဖို့ အချိန် ၈ လကနေ ၁ နှစ်အထိ ကြာမြင့်နိုင် သည်ဟု မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DLD) ၏ အထွေထွေဒါရိုက်တာမှ ပြောကြားခဲ့သည်။ 

‌သောကြာနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဆိုရာဗစ် ထာနီတို (Sorravis Thaneto) က ဈေးနှုန်းကို ထိန်းထားနိုင်သည့် အ‌ခြေအနေအောက်သို့ ပြန်ရောက်စေရန် လတ်တလောကြိုးပမ်းဆောင်ရွက်မှုများနှင့် အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ထိုနေ့အစောပိုင်းတွင် ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာနှင့် အတူ ကျင်းပခဲ့သော သီးသန့်အစည်း အဝေးအကြောင်းအရာများကို ပြောကြားခဲ့သည်။ 

မစ္စတာ ဆိုရာဗစ်၏ ပြောကြားချက်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ကြီးကြပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံ အတွင်းရှိ သားသတ်ရုံများတွင်ရှိသော ဝက်အကောင်အရေအတွက် အတိအကျကို အကဲဖြတ်ဆန်းစစ်ရန် ဝန်ကြီးချုပ် ပရရွတ်က ညွှန်ကြားခဲ့သည်ဟု ပါရှိသည်။ 

ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး စူပါထာနာဖွန် ပွန်မီချာအို က  သူ့အနေဖြင့် ထိုအသားထွက်ကုန်၏ မြင့် တက်နေသော ဈေးနှုန်းကို ဇက်ကြိုးထိန်းထားနိုင်ဖို့ မွေးမြူရေး တိရစ္ဆာန်အစာနှင့် ပတ်သက်သည့် အခွန်ကောက်မှူ လျှော့ချရန် လိုလားကြောင်းဟု ပြောကြားခဲ့သည်။ 

အဆိုပါ ပုဂ္ဂိုလ်က ဘဏ္ဍာရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ထိုင်းဗဟိုဘဏ်၏ အဆင့်မြင့်အရာရှိများနှင့် အမျိုးသား စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီ (NESDC) ၏ ရုံးအဖွဲ့နှင့်အတူ အစည်းအဝေး တစ်ရပ်ကို တဆက် တည်း ကျင်းပခဲ့သည်။  

ထို (စွမ်းအင်) ဒုတိယဝန်ကြီးက “တိရစ္ဆာန် အစာအပေါ်  အခွန်လျှော့ချဖို့က အစိုးရအဖွဲ့အတွက် နောက်ထပ် ဝန်ထုပ် ဝန်ပိုး မဖြစ်ဘူးဆိုရင် ကျွန်ုပ်တို့က အဲ့ဒီကိစ္စကို ထည့်စဥ်းစားရ‌တော့မှာပါ” ဟု ပြောကြားခဲ့သည်။ 

DLD အကြီးအကဲ မကြာသေးမီနှစ်များတွင်း ထိုင်းနိုင်ငံ၌ ဖြစ်ပွားခဲ့သော အာဖရိကဝက်အပြင်းဖျားရောဂါနှင့် ပတ် သက်၍ သတင်းထိန်းချန်ခဲ့သည်ဟု ပြောဆိုချက်များထွက်ပေါ်လာခဲ့သော်လည်း စိုက်ပျိုးရေး နှင့် ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး ချာလာမ်ချိုင် ဆရီအွန် က “DLD အနေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ဝက်အပြင်းဖျားရောဂါဆိုင်ရာ အချက်အလက်တွေ ကို ဖုံးကွယ်ထားခဲ့ခြင်းမရှိပါ” ဟု ပြောကြားခဲ့သည်။ 

ဦးစီးဌာနမှ ဆောင်ရွက်သော ကာကွယ်ရေးဆိုင်ရာ အတိုင်းအတားများ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် လယ်သမား ၃၂၃၉ ဦး ပိုင်ဆိုင်သော ဝက်အကောင်ရေ ၁၁၂,၇၅၂  ကို မကြာသေးမီက ရွေးနုတ်သုတ်သင်ထားပြီး ထို လယ်သမားများ အတွက် နစ်နာကြေး ၄၇၀.၄၂ မီလီယမ်ကို သုံးကြိမ်ခွဲ၍ ပေးဆောင်ခဲ့ပြီးဖြစ်သည်။ 

နောက်ဆုံးအကြိမ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် လယ်သမား ၄၉၄၁ ဦး၏ အပြင်းဖျား ရောဂါ ဖြစ်ပေါ် နေသော ဝက်အကောင်‌ရေ ၁၅၉,၄၅၃ ကို ရွေးနုတ်သုတ်သင်ထားပြီး နစ်နာကြေးအဖြစ်ပေးဆောင်ရန် ဘတ် ၅၇၄.၁၁ မီလီယမ်ကို DLD အတွက် အစိုးရအဖွဲ့မှ ခွင့်ပြုခဲ့ပြီးဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

ဘာသာပြန် -အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.