ဘန်ကောက်၊ ဇန်နဝါရီ ၁၄

ထိုင်းအစိုးရနှင့် ထိုင်းတောင်ပိုင်းရှိ ပုန်ကန်မှုများကို ဦးဆောင်နေသည့် အဓိက လက်နက်ကိုင် အဖွဲ့ အစည်းတို့ တွေ့ဆုံမှုကို နဂိုအတိုင်း ပြန်လည်ကျင်းပနိုင်ခဲ့ပြီး နှစ်နှစ်ကျော်ကြာ ဆွေးနွေးညှိနှိုင်းမှု ရပ်ဆိုင်းခဲ့ပြီးနောက် ယခုကျင်းပမှုမှတဆင့် နှစ်ဖက်စလုံးမှ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ထား ကြောင်း တက်ရောက်သူများမှ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ 

ထိုင်းအစိုးရအဖွဲ့ကိုယ်စားလှယ်နှင့် အမျိုးသားတော်လှန်ရေးတပ်ဦးဟု အမည်ရသော Barisan Revolusi Nasional (BRN) တို့အကြား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် တနင်္လာနေ့နှင့် အင်္ဂါနေ့တွင် တွေ့ဆုံခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ရပ်ဆိုင်းထားရချိန်ကတည်းဆိုလျှင် ပထမဦးဆုံး‌တွေ့ဆုံမှုဖြစ်သည်။

ဗုဒ္ဓဘာသာသာဝင် အများစုနေထိုင်သည့် ထိုင်းနိုင်ငံတွင် မလေးဘာသာစကားပြောဆိုသည့် မွတ်ဆလင် အများစုနေထိုင်သည့် ဧရိယာဖြစ်‌သော နာရာထီဝတ်၊ ရာလာနှင့် ဖထနီ စသည့်ခရိုင်များအတွင်း ဆယ်စုနှစ်များစွာ ပုန်ကန်မှုများဖြစ်ပေါ်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ဗုံးခွဲမှုများနှင့် ပစ်ခတ်မှုများကြောင့် လူဦးရေ ၇၃၀၀ ‌ကျော် သေဆုံးခဲ့သည်။ 

ထိုင်းအစိုးရအဖွဲ့ပြောကြားချက်အရ နှစ်ဖက်ကြားဆွေးနွေးမှုများသည် နိုင်ငံရေးဖြေရှင်းချက်တစ်ရပ် ရှာဖွေခြင်း၊ အကြမ်းဖက်မှုလျှော့ချခြင်း၊ လူထုနှီးနှောတိုင်ပင်မှုဖြစ်စဥ်များနှင့် လက်ဆုပ်လက်ကိုင်ပြနိုင် သော ရလဒ်နှင့်အတူ နှစ်ဖက်စလုံးမှ အဓိပ္ပါယ်ရှိသော၊ ပျော့ပျောင်းသော ဆွေးနွေးမှုများရှိနိုင်ရေး အတွက် ခွင့်ပြုပေးနိုင်သည့် ယန္တရားများချမှတ်ရေးစသည့် အကြောင်းအရာများဟု သိရသည်။ 

BRN က ဆွေးနွေးမှုကို ထောက်ခံပြီး ဆက်လက်ဖြစ်တည်သွားဖို့လည်း မျှော်လင့်ကြောင်း၊ သို့မှသာ လျှင် ထိုနယ်ပယ်အတွင်း မှန်ကန်သော၊ ဂုဏ်သိက္ခာရှိသော ငြိမ်းချမ်းရေးကို ဦးတည်နိုင်မည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။ 

နောက်ယောင်ခံ လက်နက်ကိုင်အဖွဲ့အစည်းများသည် ၁၉၀၉ ခုနှစ်၊ ဗြိတိန်နှင့် သဘောတူညီချက်စာချုပ် ၏ အစိတ်အပိုင်းအရ ထိုင်းနိုင်ငံမှ သိမ်းပိုက်ထားပြီး ယခုအခါ ဖထနီဟုခေါ်သော ပသီဘုရင်၏ အစိတ် အပိုင်းများဖြစ်သည့် နယ်စပ်ခရိုင်ဒေသန္တရများအတွက် လွတ်လပ်ရေးကို တောင်းဆိုခဲ့ကြသည်။ 

ခွဲထွက်ရေးသမားများသည် ထိုင်းအစိုးရမှ အတင်းအကျပ် ရောနှောနေထိုင်စေခဲ့သည့် မလေး မွတ်ဆလင်များကိုလည်း ငြင်းချက်ထုတ်ပြန်ထားပြီး ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယခင်က အလွန် ကြမ်းကြုတ်သော အခြေအနေများကိုလည်း ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲထားခဲ့သည်။

ထိုင်းစစ်တပ်အနေဖြင့်လည်း ထိုဧရိယာအတွင်း ၎င်း၏ စစ်ဆင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ဖူး သည်။ 

တွေ့ဆုံဆွေးနွေးမှုများကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး နောက်တစ်နှစ်တွင် BRN နှင့် အခြားသော အဓိကကျသည့် သက်ဆိုင်သူများပါဝင်ခြင်းမရှိပဲ ပြန်လည်စတင်ခဲ့ရာ အနှောက် အယှက်များသာ ပြည့်နှက်နေခဲ့သည်။ 

ထို့နောက် ဆွေး‌နွေးညှိနှိုင်းမှုကို ၂၀၁၉ ခုနှစ်တွင် ပြန်လည်စတင်ခဲ့ပြီး ၂၀၂၀ ခုနှစ် အစောပိုင်းတွင် မလေးရှားနိုင်ငံမှ ကြားဝင်အကျိုးဆောင်သော တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ဦးတည်လာခဲ့ သော်လည်း ကပ်ဘေးကြောင့် အစည်းအဝေးကျင်းပမှုများကို ရပ်ဆိုင်ထားရသည့် အခြေအနေတွင် ရှိခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.