ဟနွိုင်း၊ ဇန်နဝါရီ ၆

ကိုဗစ် ၁၉ ကူးစက်ရောဂါ အိုမီခရွန်ရောဂါပိုးကြောင့် စိုးရိမ်မှုများ ဖြစ်ပေါ်လာချိန်တွင် တရုတ်နိုင်ငံသည် ဗီယက်နမ်နှင့် ထိစပ်နေသည့် ၎င်း၏ နယ်ခြားမျဥ်းကို တင်းကြပ်လိုက်သောကြောင့် စီးပွားရေး ပြန်လည် နာလန်ထူဖို့ ရင်ဆိုင်တိုက်ပွဲဝင်နေရသော အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေး လမ်းကြောင်း ခက်ခဲလာမည့် အခြေအနေကို ရင်ဆိုင်နိုင်ဖွယ်ရှိနေသည်။

တရုတ်ကျန်းမာရေး အာဏာပိုင်များ၏ တောင်းခံချက်အရ နိုင်ငံခြားကုန်တင်ယာဥ်မောင်းများအတွက် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်သန်းခွင့်ကို တားမြစ်ထားမည်ဖြစ်ပြီး လာမည့် သောကြာနေ့မှ စတင်၍ ကန့်သတ်ထားမည်ဟု ဘေဂျင်းအစိုးရသည် ကြာသပတေးနေ့က ဗီယက်နမ်နိုင်ငံသို့ အသိပေးခဲ့သည်။

ယင်းအဖြစ်အပျက်မှာ မြန်မာနှင့် လာအိုကဲ့သို့ အခြားသော တရုတ်နယ်ခြားများအပေါ် တွင်လည်း သက် ရောက်မည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်အတွက် ဒုတိယအကြီးဆုံးပြည်ပတင်ပို့ကုန် ဈေးကွက်တစ်ခုဖြစ်သလို သွင်းကုန်များ၏ အရင်းအမြစ် တစ်ခုလည်းဖြစ်သည်။

ဗီယက်နမ်အခြေစိုက် တရုတ်သံရုံး၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အတိုင်ပင်ခံ ဟူဆူအိုဂျင် မှ လာမည့်လအတွင်းတွင် ကြီးမားသော အနေအထားနှင့် ဖြစ်ပေါ်လာနိုင်ချေရှိသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးနိုင်ရန် ဒေသန္တရနယ်ခြားမျဥ်းများကို ဖြတ်သန်း၍ ကုန်သွယ်စီးဆင်းမှုကို ဘေဂျင်း အစိုးရမှ ကန့်သတ်ဖို့လိုအပ်ကြောင်း ပြောကြားပြီးနောက် အဆိုပါ ထုတ်ပြန်ချက်များ ထွက်ပေါ်လာခဲ့ သည်။

တရုတ်နိုင်ငံအနီးရှိ မြို့တစ်မြို့တွင် ကိုဗစ်ဖြစ်စဥ်များ ပေါ်ထွက်လာခဲ့ပြီး အကြီးစားစစ်ဆေးမှုများကို အာဏာပိုင်များမှ ဆောင်ရွက်လာခြင်းနှင့်အတူ နိုဝင်ဘာလမှ စတင်၍ နယ်စပ်တွင် တရုတ်နိုင်ငံဘက် ခြမ်းမှ အကောက်ခွန်ဖြစ်စဥ်များသည် လွန်စွာနှေးကွေးလာခဲ့ပြီဖြစ်သည်။

ကြာသပတေးနေ့တွင် စက်မှုလုပ်ငန်းသုံးကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ တင် ဆောင်ထားသည့် ကုန်တင်ယာဥ် ၆၃၀၀ ကျော်သည် အကောက်ခွန်ရှင်းလင်း ဆောင်ရွက်မှုအတွက် ပင်မ ဂိတ်လေးခုသို့ ဝင်ရောက်ဖြတ်သန်းရန် ဗီယက်နမ်နိုင်ငံ လမ်းတလျှောက်တွင် စီတန်းနေခဲ့ကြသည်။

ထိုအထဲတွင် အချို့သော ကုန်တင်ယာဥ်များမှာ ရက်ပေါင်း ၂၀ ကျော် စောင့်ဆိုင်းနေခဲ့ကြပြီး နောက်ထပ်ကုန်တင်ယာဥ်အစီးရေ ၃၀၀၀ ခန့်သည် တရုတ်နိုင်ငံဘက်တွင် သောင်တင်နေခဲ့ကြသည်။

ကနဦးမှန်းဆချက်များမှ လွန်ခဲ့သော သီတင်းပတ်အနည်းငယ်အတွင်း တရုတ်နိုင်ငံနယ်စပ်ထိန်းချုပ် မှုများကြောင့် ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်ရေးတွင် ဒေါ်လာ ၁၇၄ မီလီယမ်အထိ ဆုံးရှုံးခဲ့ကြောင်း ပြသနေသည်ဟု ဟနွိုင်းအခြေစိုက် စီးပွားရေး ပညာရှင် လီဒန်မှ ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် ဒေါ်လာ ၈.၁ ဘီလီယမ်တန်ဖိုးရှိ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပိုခဲ့ပြီး ဒေါ်လာ ၄၃.၃ ဘီလီယမ်တန်ဖိုးရှိ စက်ပစ္စည်းနှင့် လျှပ်စစ်ထွက်ကုန်များကို တရုတ်နိုင်ငံမှ ပြန်လည်တင်သွင်းခဲ့သည်။

ပြောင်းလဲသတ်မှတ်ထားသော ထောက်ပံ့ပို့ဆောင်ရေးစနစ်တစ်ရပ်အနေဖြင့် ဟနွိုင်းသည် ကုန်သွယ် ရေးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို ကုစားနိုင်ပြီး ပြည်ပတင်ပို့ကုန်များကို အလျင်အမြန် ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိတွင် သောင်တင်နေသာ ကုန်တင်ယာဥ်များကို တရုတ်နိုင်ငံလမ်း ကြောင်းမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ ကုန်ပစ္စည်းများကို သယ်ဆောင်သွားရန် ပို့ကုန်လုပ်ငန်းဆောင် ရွက်သူများနှင့် အစုအဖွဲ့များကို ချိတ်ဆက်ဆောင်ရွက်ရမည်”ဟု စင်ကာပူ အခြေစိုက် ISEAS-Yusof Ishak အင်စတီကျုမှ Ha Hoang Hop က ပြောကြားခဲ့သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.