မနီလာ၊ ဇန်နဝါရီ ၃

ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏ ကြွေးမြီးကို အမေရိကန်ဒေါ်လာ ၂ ဘီလီယမ်တန်ဖိုးအထိ လျှော့ချနိုင်သည့် အပြင် ထပ်ဆောင်း ငွေလုံး ငွေရင်း ရရှိနိုင်သည်ဟူသော အစီအစဥ်တစ်ရပ်ကို အမေရိကန် ပြည်ထောင် စုတရားရုံးတော်မှ အတည်ပြုလိုက်ပြီးနောက် ဖိလစ်ပိုင်လေကြောင်းလိုင်းသည် အမေရိကန်၏ လူမွဲစာရင်းခံယူခြင်းအစီအစဥ်တွင် ပါဝင်သည်ဟု ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၏ အမျိုးသားလေကြောင်းကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စု တွင် ဒေဝါလီခံရန်အတွက် လျှောက်ထားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လေကြောင်းလိုင်းအတွင်း ကြုံတွေ့ခဲ့ရသော ထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရန်နှင့် သက်သာချောင်ချိရန်အတွက် ချေး ငွေပေးသူများထံမှ အကူအညီရယူလို၍ ဖြစ်သည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ဖိလစ်ပိုင်လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တွင် အဓိက ရှယ်ယာရှင်ထံမှ ၎င်း၏ ကြွေးမြီးကို အမေရိကန်ဒေါ်လာ ၂ ဘီလီယမ် လျှော့ချနိုင်သည့်အပြင် အမေရိကန် ဒေါ် ၅၀၅ မီလီယမ်အထိ ငွေပေါ်ရနိုင်သည်ဟု ပြန်လည်ပြင်ဆင်ထားသည့် အစီအစဥ်တစ်ရပ်ကို ရှယ်ယာရှင်နိုင်ငံ ရုံးတော်မှ အတည်ပြုလိုက်ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

အဆိုပါလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တွင် “PAL အနေဖြင့် ပြန်လည်စုစည်းထားသော ယာဥ်စုများ နှင့်အတူ လုပ်ငန်းကို လည်ပတ်စေပြီး ယခုအခါ အနာဂတ်ဖွံ့ဖြိုးမှုအတွက် အဆိုပါချေးငွေ အရင်းအနှီး ကို အသုံးချနေပါသည်”ဟု ပါရှိသည်။ 

ဖိလစ်ပိုင်နိုင်ငံအစိုးရထုတ်ပြန်သော သတင်းအချက်အလက်များအရ လေကြောင်းခရီးသွားကဏ္ဍသည် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ခရီးသွားကန့်သတ်ချက်များကြောင့် ၂၀၂၀ ခုနှစ်အတွင်း ၇၅ ရာခိုင်နှုန်းကျော် အထိ ကျဆင်းခဲ့သည်ဟု ပြောကြားခဲ့သည်။ 

၂၀၁၉ ခုနှစ်တွင် ပြည်တွင်းပြည်ပခရီးသည်ပေါင်း ၆၀ မီလီယမ်ကျော်ရှိခဲ့ရာမှ ၂၀၂၀ ခုနှစ်တွင် ခရီးသည် ၁၃ မီလီယမ်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။ 

ဖိလစ်ပိုင်အမျိုးသားလေကြောင်းလိုင်း၏ စက်တင်ဘာလအတွင်း ပြောကြားချက်အရ  လေကြောင်း ခရီးစဥ်ပေါင်း ၈၀,၀၀၀ ကျော်ကို ပယ်ဖျက်ခဲ့ရပြီး အခွန်ကောက်ခံရေးတွင် အမေရိကန်ဒေါ်လာ ၂ ဘီလီ ယမ်အထိ ဆုံးရှုံးခဲ့ရကာ အလုပ်သမားဦးရေ ၂၀၀၀ ကျော်ကို လက်လွှတ်ခဲ့ရကြောင်း သိရသည်။ 

နယ်ခြားမျဥ်းနှင့် ခရီးသွားကန့်သတ်ချက်များ ဖြေလျှော့သွားခြင်းကြောင့် လေကြောင်းလိုင်းအနေဖြင့် တရုတ်ပြည်မကြီးနှင့် ဩစတြေးလျရှိ မြို့များသို့ ပုံမှန်ခရီးစဥ်များကို ပြန်လည်ဆောင်ရွက်မည်ဟု သိရ သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.