December 22, 2021

ကော့ကရိတ်ထဲကို စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့် ထပ်မံရောက်ရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ ၂၂ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက ကော့နွဲ့ရွာထဲကို စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့် ထပ်မံရောက်ရှိလာတယ်လို့ ကေအဲန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာထဲကို ဒီကနေ့ မနက် ၅ နာရီခွဲအချိန်က အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်က နယ်မြေကျူးကျော်ရောက်ရှိလာတာလို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။ ဒီလို စစ်ကောင်စီတပ်ရောက်ရှိလာတာကြောင့်…

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အမှု ၃ မှုထပ်တိုး ဖွင့်လှစ်

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၂) ဖမ်းဆီးထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက အမှု ၃ မှု ထပ်တိုး ဖွင့်လှစ်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ၊ ပုဒ်မ…

သောင်ရင်းမြစ်ဘေးက စစ်ရှောင်ပြည်သူတွေ အရေးပေါ် အကူအညီ လိုအပ်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၂) လေးကေကော်တိုက်ပွဲကြောင့် ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အစားအသောက်နဲ့ ဆေးဝါးအပြင် အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။ လေးကေကော်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ စစ်ရှောင်ဦးရေ ၄၀၀၀ ကျော်ရှိနေပြီး ထိုင်းဘက်ကို ဖြတ်မကူးသေးပဲ မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းနားမှာ ယာယီခိုလှုံနေတဲ့ စစ်ရှောင်ဦးရေ…

ကရင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ကုန်ဈေးနှုန်း ထပ်တက်ဖို့ ရှိနေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၂) ကရင်ပြည်နယ်က တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့လို့ ထိုင်းက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ…

မြန်မာစစ်ဘေးဒုက္ခသည်တွေဆီ အရေးပေါ်ဝင်ရောက်ခွင့်ပေးဖို့ ကုလအေဂျင်စီမှ ထိုင်းအစိုးရသို့ တောင်းဆို

ဘန်ကောက်၊ ဒီဇင်ဘာ ၂၁ ပဋိပက္ခဖြစ်ပွားနေသော ကရင်ပြည်နယ်ရှိ တိုက်ခိုက်မှုများမှ လွတ်မြောက်နိုင်ရန် ထိုင်းနိုင်ငံသို့ တိမ်းရှောင် လာသော မြန်မာဒုက္ခသည် ၃၀၀၀ ကျော်ဆီသို့ “အရေးပေါ် ဝင်ရောက်ခွင့်”ပေးဖို့ ထိုင်းနိုင်ငံကို ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီမှ တနင်္လာနေ့က တောင်းဆိုခဲ့ပါသည်။ ဖေဖော်ဝါရီလအတွင်း အစိုးရကို ဖြုတ်ချခဲ့သည့် မြန်မာစစ်တပ်နှင့် အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်သည် ဟု ကြွေးကြော်ထားသော ကရင့်အမျိုးသားအစည်းအရုံးအကြား ထိတွေ့မှုများသည်…