ဂျာကတာ၊ ဒီဇင်ဘာ ၁၆

အင်ဒိုနီးရှားနိုင်ငံတွင် ပထမဦးဆုံး အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဥ်ကို စစ်ဆေးတွေ့ရှိထားပြီး နိုင်ငံရပ်ခြားခရီးသွားရာဇဝင်မရှိသူ ဆေးရုံဝန်ထမ်းတဦးထံမှ တွေ့ရှိခဲ့ရသည်ဟု ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီဆဒီကင် Budi Gunadi Sadikin မှ ပြောကြားခဲ့သည်။ 

ကျန်းမာရေးဝန်ကြီး၏ ပြောကြားချက်အရ လူထုအတွင်း ကူးစက်ပျံ့နှံ့မှုကို မတွေ့ရှိရသော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံမှ ပြန်လာသော အင်ဒိုနီးရှားနိုင်ငံသား နှစ်ဦး၊ မာနာဒိုနှင့် မြောက် ဆူလာဝီဆီ၌ လက်ရှိတွင် ကွာရန်တင်းဝင်နေသော တရုတ်နိုင်ငံသား သုံးဦးတို့တွင် အိုမီခရွန် ဖြစ်စဥ်များနှင့် စပ်လျဥ်းသည့် သံသယ လူနာ ၅ ဦးထိ တွေ့ရှိထားသည်ဟု ဆိုသည်။ 

အစိုးရအနေဖြင့် ထိုဖြစ်စဥ်များကို ဆုံးဖြတ်နိုင်ဖို့ ဗိုင်းရပ်စ် မျိုးစိပ်စစ်ဆေးအတည်ပြုခြင်းကို စောင့်ဆိုင်း နေဆဲ ဖြစ်သည်။  

အိုမီခရွန်ဗိုင်းရပ်စ်ကို တောင်အာဖရိကနှင့် ဟောင်ကောင်တွင် လွန်ခဲ့သောလအတွင်းက ပထမဦးဆုံး တွေ့ရှိခဲ့ပြီး ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (WHO) ၏ သတင်းပေးပို့ချက်အရ နိုင်ငံပေါင်း ၇၀ ကျော်သို့ ရောက်ရှိနေပြီး ထိုအထဲတွင် အင်ဒိုနီးရှားနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့လည်း ပါဝင်သည်။

WHO ၏ ပြောကြားချက်အရ ကနဦးသက်သေတွင် ကိုဗစ် ၁၉ ကာကွယ်ဆေးများသည် ပိုမိုမြင့်မားသော အန္တရာယ်ဖြစ်နိုင်ချေရှိပြီး ပြန်လည်ကူးစက်နိုင်သည့် အိုမီခရွန် မျိုးကွဲဗီဇအသစ်နှင့် ဆက်စပ်သည့် ကူးစက်မှုနှင့် ပျံ့နှံမှုကို အကျိုးသက်ရောက်မှုနည်းစေသည်ဟု ပါရှိသည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.