December 17, 2021

သထုံမြို့နယ်၊ ကေအဲန်ယူနယ်မြေအတွင်း မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိသာ သွားလာရန်အပါအဝင် အချက် ၄ ချက်ထုတ်ပြန်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၇ ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ်ထဲမှာ မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိသာ သွားလာရန်အပါအဝင် အချက် ၄ ချက်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့က KNLA တပ်မဟာ(၁) သထုံမြို့နယ် အလုပ်အမှုဆောင်ကော်မတီမှ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ KNLA တပ်မဟာ(၁)နယ်မြေအတွင်းကို ဒေသခံ ပြည်သူတွေနဲ့အတူ ရောနှောသွားလာနေပြီး…

လေးကေကော် စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၇) ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လေးကေကော်မြို့သစ်တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူအတွက် စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် လေးကေကော်မြို့သစ် နေထိုင်သူတွေအပါအဝင် မြို့အနီးကျေရွာတွေ ဖြစ်တဲ့ မဲ့ထော်သလေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊…

ယမ်း သုံးစွဲခွင့်မရလို့ မွန်က ကျောက်မိုင်းလုပ်ငန်းအများစု ရပ်နားလာကြ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၇) မွန်ပြည်နယ်အတွင်းက ကျောက်မိုင်းလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ယမ်းသုံးစွဲခွင့် ကန့်သတ်ခံရတဲ့အတွက်ကြောင့် လုပ်ငန်းအများစု ရပ်နားထားရတယ်လို့ ကျောက်မိုင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ ကျောက်မိုင်းလုပ်ငန်း (၁၃၀)နီးပါး ရှိပြီး နှစ်စဥ် ကျောက်တန်ချိန် ထောင်နဲ့ချီ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ အဲ့ဒီ ကျောက်မိုင်းလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ ယမ်းသုံးစွဲခွင့်…

အင်ဒိုနီးရှားတွင် ခရီးသွားရာဇဝင်မရှိသူထံမှ ပထမဦးဆုံး အိုမီခရွန်ကိုဗစ်ရောဂါပိုးတွေ့

ဂျာကတာ၊ ဒီဇင်ဘာ ၁၆ အင်ဒိုနီးရှားနိုင်ငံတွင် ပထမဦးဆုံး အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဥ်ကို စစ်ဆေးတွေ့ရှိထားပြီး နိုင်ငံရပ်ခြားခရီးသွားရာဇဝင်မရှိသူ ဆေးရုံဝန်ထမ်းတဦးထံမှ တွေ့ရှိခဲ့ရသည်ဟု ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီဆဒီကင် Budi Gunadi Sadikin မှ ပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီး၏ ပြောကြားချက်အရ လူထုအတွင်း ကူးစက်ပျံ့နှံ့မှုကို မတွေ့ရှိရသော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံမှ ပြန်လာသော အင်ဒိုနီးရှားနိုင်ငံသား နှစ်ဦး၊ မာနာဒိုနှင့် မြောက်…