ဖနွမ်ပင်၊ ဒီဇင်ဘာ ၉

မြန်မာ့စစ်တပ်အုပ်ချုပ်ရေးကို အဆက်မပြတ်ဖိအားပေးနိုင်ရန် တိုက်တွန်းဖို့ အမေရိကန်ပြည်ထောင်စု ၏ အဆင့်မြင့်အစိုးရအရာရှိတစ်ဦးအား အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံသို့ စေလွှတ်သည့်နေ့ မတိုင်ခင်တွင် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘောဒီးယားနိုင်ငံအား တရုတ်နှင့်ဆက်စပ်ပတ်သက်မှု၊ လူအခွင့်အရေးချိုးဖောက်မှုများကြောင့် လက်နက်ရောင်းချမှုကို ပိတ်ပင်လိုက်ပါသည်။   

အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဌာနသည် ဒေသတွင်းလုံခြုံရေးကို အနှောက်အယှက် ပေးသည့်အပြင် ခြိမ်းခြောက်မှုများကိုပါဖြစ်စေသည့် တရုတ်စစ်တပ်၏ လွှမ်းမိုးမှုကို နက်ရှိုင်းစွာ တုံ့ပြန်ရန် ကမ္ဘောဒီးယား နိုင်ငံအတွင်း လွှဲပြောင်းမှုများအပါအဝင် ပို့ကုန်ဆိုင်ရာ ထိန်းချုပ်မှုများကိုပါ ထည့်သွင်းခဲ့သည်။ လက်နက်ရောင်းချမှုပိတ်ပင်နှင့်အတူ နှစ်နိုင်ငံသုံးစွဲမှု အခြေပြု ကိရိယာပစ္စည်းများ၊ အချို့သော စစ်ဘက်ဆိုင်ရာ ကိရိယာပစ္စည်းများနှင့် စစ်ထောက်လှမ်းရေး ဝန်ဆောင်မှုများအတွက် အသုံးပြုခွင့်ကိုပါ ကန့်သတ်ထားသည့် အတိုင်းအတာများပါဝင်သည်။ 

ထိုင်းပင်လယ်ကွေ့တလျှောက်ရှိ ကမ္ဘောဒီးယားနိုင်ငံ၏ Ream ရေတပ်အခြေစိုက်စခန်း၏ အစိတ် အပိုင်းများကို တရုတ်စစ်တပ်ကို အသုံးပြုခွင့်ပေးသော လျှို့ဝှက်စာချုပ်ကို ဘေဂျင်းအစိုးရနှင့် လက် မှတ်ရေးထိုးခဲ့ဟု အစီရင်ခံမှုများထွက်ပေါ်လာသည့် ၂၀၁၉ ခုနှစ်ကတည်းက အမေရိကန်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ ဆက်ဆံရေးမှာ သဘောထားတင်းမာလာခဲ့သည်။ 

တရုတ်နိုင်ငံ စစ်တပ်သည် အဆိုပါသတင်းကို ငြင်းဆိုထားခဲ့ပြီး ဘိုင်ဒန် အုပ်ချုပ်ရေးသည် လွန်ခဲ့သော နှစ်လ အတွင်းက ကမ္ဘောဒီးယားရေတပ်အခြေစိုက်စခန်း နှင့် ဆက်စပ်သည့် အကျင့်ပျက်ခြစားမှု အတွက် ကမ္ဘောဒီးယားအဆင့်မြင့် ကာကွယ်ရေးအရာရှိ နှစ်ဦးကို အရေးယူခြင်းအပြင် ပါဝင် ပတ်သက်သော ကုမ္ပဏီများနှင့် တစ်ဦးတစ်ယောက်စီတိုင်းကို ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ 

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondo ၏ ထုတ်ပြန်ချက်တွင် “ကျွန်ုပ်တို့အနေ ဖြင့် ကမ္ဘောဒီးယားအစိုးရကို အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ချုပ်ငြိမ်းစေဖို့ အဓိပ္ပါယ်ရှိသော တိုးတက်ဆောင်ရွက်မှုကို တစ်ခုကိုပြုလုပ်တိုက်တွန်းပါတယ်၊ ထို့အပြင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိုပါ ခြိမ်းခြောက်စေသည့် ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်စစ်တပ်၏ လွှမ်းမိုးမှု များကို လျှော့ချနိုင်ဖို့ ဆောင်ရွက်သင့်ပါတယ်”ဟု ပါရှိသည်။ 

ဘိုင်ဒန်အုပ်ချုပ်ရေးသည် အာဆီယံအပေါ်ကျရောက်နေသော တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို တန်ပြန်ရန် နည်းလမ်းရှာဖို့ ရုံးတော်ကို ပြောကြားမှုများရှိခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံသည်လည်း အာဆီယံအလှည့် ကျဥက္ကဌ ဖြစ်လာနိုင်သောကြောင့် အမေရိကန်-ကမ္ဘောဒီးယား ဆက်ဆံရေးသည် အထူးအားဖြင့် ထိလွယ်ရှလွယ်သဘော ဆန်နေသည်။  

အမေရိကန်ပြည်ထောင်စု၊ နိုင်ငံ့အုပ်ချုပ်ရေးဌာန၏ ဗုဒ္ဓဟူးနေ့ သီးခြားထုတ်ပြန်ချက်အရ အတိုင်ပင်ခံ Derek Chollet သည် အကြမ်းဖက်မှုကို ရပ်တန့်ဖို့နှင့် မတရားဖမ်းဆီးထိန်းသိမ်းခံရသော နိုင်ငံရေး အကျဥ်းသားဟောင်းများကို ပြန်လွှတ်ပေးဖို့ အရှေ့တောင်အာရှ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ မြန်မာ စစ်ခေါင်းဆောင်အား ဖိအားပေးနိုင်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံသို့ ယခုသီတင်းပတ်တွင် သွားရောက်မည်ဖြစ်သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.