ဂျာကတာ၊ ဒီဇင်ဘာ ၈

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် လာမည့် သီတင်းပတ်တွင် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ လာရောက်ရန်ရှိပြီး တရုတ်လွှမ်းမိုးမှုကို ကြီးစွာခံနေရသည့် အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့အစည်းနှင့် ဂျိုးဘိုင်ဒန်အုပ်ချုပ်ရေးအကြား စေ့စပ်မှုကို အရှိန်အဟုန် မြှင့်တင်ရန်အတွက်ဖြစ်သည်ဟု ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၏ အမေရိကန်နှင့် ဥရောပရေးရာ အထွေထွေဒါရိုက်တာI Gede Ngurah Swajaya သည် (ဒီဇင်ဘာ ၆ ရက်နေ့) တနင်္လာနေ့၌ မီဒီယာများသို့ပြောကြားရာတွင် မစ္စတာဘလင်ကန်အနေဖြင့် ဒီဇင်ဘာ ၁၃ ရက်မှ ၁၄ ရက်ထိတိုင် ဂျာကတာမြို့သို့ ရောက်ရှိနေမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ အမြင့်ဆုံးအရာရှိတစ်ဦးမှ နှစ်လအတွင်း ဤဒေသအတွင်းသို့ လာရောက်သည့် တတိယမြောက်ခရီးစဥ်ဖြစ်သည်ဟုဆိုသည်။

အရှေ့‌တောင်အာရှ သံတမန် သတင်းအရင်းအမြစ်၊ အမည်မဖော်လိုသူ ပုဂ္ဂိုလ်နှစ်ဦး၏ ပြောကြားချက်အရ မစ္စတာ ဘလင်ကန်သည် ဒေသအတွင်းသို့ ဦးတည်သည့် သူ၏ ပွဲဦးထွက်ခရီးစဥ်၌ မလေးရှားနိုင်ငံသို့ ဒီဇင်ဘာ ၁၄ ရက် မှ ၁၅ ရက်အထိတိုင် ရောက်ရှိနေမည်ကို မျှော်လင့်ထားကြောင်းဟု ပါရှိသည်။

အင်ဒိုနီးရှားနိုင်ငံ၏ အမေရိကန်နှင့် ဥရောပရေးရာ အထွေထွေဒါရိုက်တာ မစ္စတာ Ngurah က မစ္စတာ ဘလင်ကန်သည် အင်ဒို-ပစိဖိတ် အတွင်းရှိ ကျန်းမာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အဦးများ ဆိုင်ရာ မိန့်ခွန်တစ်ရပ်ကို ပြောကြားသွားရန်ရှိသည်ဟု ဆိုသည်။ ထို့အပြင် မစ္စတာ ဘလင်ကန်သည် ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျင်းပမည့် ဘာလီဒီမိုကရေစီ ဖိုရမ်သို့လည်း အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်မည်။

မစ္စတာ ဘလင်ကန်အနေဖြင့် ဒေသတွင်းရှိ အခြားသော နိုင်ငံများသို့ သွားရောက်နိုင်ခြင်း ရှိ/မရှိနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဂျာကတာအခြေစိုက် အမေရိကန် သံရုံးပြော‌ရေးဆိုခွင့်ရှိသူမှ မှတ်ချက်ပေးနိုင်ရန်အတွက် ငြင်းဆိုခဲ့သည်။

စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံပွဲတွင် မစ္စတာ ဘလင်ကန် က “ဝါရှင်တန်အနေဖြင့် လွတ်လပ်သော၊ ပွင့်လင်းသော၊ အချင်းချင်းချိတ်ဆက်သော၊ ခံနိုင်ရှည်ရှိပြီး‌ ဘေးကင်းလုံခြုံသော ဒေသရပ်ဝန်းအတွက် ကျွန်ုပ်တို့ အားလုံးအကြား မျှဝေထားသည့် ဦးတည်ချက်များအပေါ် အခြေခံ ၍ ပိုမိုကျယ်ပြန်သော အင်ဒို-ပစိဖိတ်ဖြစ်နိုင်ရန် အသစ်သော မဟာဗျူဟာတစ်ရပ်ကို မကြာမီ ထုတ်ပြန်သွားပါမယ်” ဟု ပြောကြားခဲ့သည်။

အရှေ့အာရှဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ Daniel Kritenbrink က လွန်ခဲ့သောရက် သီတင်းပတ်အတွင်း ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့ပြီး ဝါရှင်တန်အနေဖြင့် သူ၏ မိတ်ဖက်များကို တရုတ်နှင့် အမေရိကန်အကြား ‌ရွေးချယ်ရန် မေးခွန်းထုတ်နေခြင်းမဟုတ်ပဲ ထိုအခြေအနေအစား စည်းကမ်းဥပဒေ အခြေပြုသော အမိန့်တစ်ရပ်ကို အချင်းချင်းကြား မျှဝေနိုင်ရေးအတွက် ဦးတည်ကြောင်းပြောကြားခဲ့ သည်။

ထို့အပြင် စီးပွားရေးဆိုင်ရာ စည်းနှောင်မှုများကို မြှင့်တင်နိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gino Raimondoသည် နိုဝင်ဘာလ အလယ်ပိုင်းက ဒေသတွင်းသို့ လာရောက်ခဲ့ပြန်ပါသေးသည်။

ဘာသာပြန် – အောင်မျိုးမြတ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.