ဘန်ကောက်၊ ဒီဇင်ဘာ ၆

ထိုင်းစိုက်ပျိုးရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးဌာန၏ ပြောကြားချက်အရ ထိုင်းတောင်ဝင် မင်းသမီး မဟာချက်ကရီသီရိဒုံသည် မြေဆီလွှာဆားဓါတ်လွန်ကဲမှုကို ကာကွယ်ရန်နှင့် ဒေသတွင်း ထုတ်လုပ် နိုင်စွမ်းကို မြှင့်တင်နိုင်ရန် ‌‌‌မြေဆီလွှာစမ်းသပ်ကိရိယာ အစုံ ၁၀၀၀ ကို  ကုလသမဂ္ဂအစားအသောက်နှင့် စိုက် ပျိုးရေးအသင်း (FAO) သို့ ပံ့ပိုးပေးခဲ့ပြီဖြစ်သည်။   

ကမ္ဘာလုံးဆိုင်ရာ မြေဆီလွှာနေ့ဖြစ်သော ဒီဇင်ဘာလ ၅ ရက်နေ့ကို အမှတ်တရရှိစေရန် FAO ၏ လက် ထောက် အထွေထွေဒါရိုက်တာ Jong-Jin Kim  ထံသို့ တော်ဝင်မင်းသမီးမှ ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု အဆို ပါ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 

“မြေဆီလွှာသည် စိုက်ပျိုးရေး၏ အဓိကအခြေခံဖြစ်သည့်အပြင် အခြားသောထုတ်ကုန်ပစ္စည်းများနှင့် ဂေဟ စနစ်ဆိုင်ရာဝန်ဆောင်မှုများဖြည့်တင်းနိုင်ရန်အတွက် အဓိက ဒြပ်စင်တစ်ခုဖြစ်ပါတယ်”ဟု FAO လက် ထောက်ဒါရိုက်တာ မစ္စတာ Kim က ပြောကြားခဲ့သည်။ 

သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြောကြားရာတွင် အဆိုပါစမ်းသပ်ကိရိယာများကို ‌မြေယာဖွံ့ဖြိုးမှုဦးစီးဌာနမှ ဖန်တီးဆောင်ရွက်ထားခြင်းဖြစ်ပြီး FAO ဖွဲ့စည်းသည့် Global Soil Partnership မှ အကောင်အထည်ဖော် လုပ်ကိုင်သော Global Soil Doctors Programme တွင် အသုံးပြုသွားမည်ဟု သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ 

ဖော်ပြပါ ပူးပေါင်းဆောင်ရွက်မှုအစီအစဥ်များသည် အစားအသောက်နှင့် အာဟာရလုံခြုံရေး၊ ရာသီဥတု ပြောင်း လဲမှုကို အလိုက်သင့်ပြောင်းလဲနိုင်ရေးနှင့် လျော့ပါးသက်သာစေရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသော မြေဆီလွှာ၏ အရည်အသွေးကို ကောင်းမွန်ဖို့နှင့် ထုတ်လုပ်နိုင်စွမ်း မြင့်မားဖို့ အာမခံထားပြီး မြေဆီလွှာစီမံခန့်ခွဲ‌ရေး ‌ကို ကောင်းမွန်စွာဆောင်ရွက်နိုင်ရေးတွက် ဦးတည်ဆောင်ရွက်ထား သော အစီအစဥ်များဖြစ်သည်။  

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.