ဘန်ကောက်၊ နိုဝင်ဘာ ၂၃
ကမ္ဘောဒီးယားကနေ ထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ်ခိုလှုံနေတဲ့ အမျိုးသမီးနိုင်ငံရေး သမား (၃)ဦးကို နေရပ်ပြန်ပို့လိုက်ပြီးနောက် ဖနွမ်ပင်ထောင်မှာ ပြစ်ဒဏ်ကျခံလိုက် ရတဲ့အတွက် ထိုင်းနိုင်ငံကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ဖျက်သိမ်းခံလိုက်ရပြီးဖြစ်တဲ့ ကမ္ဘာဒီးယားနိုင်ငံခရိုင်အဆင့် အတိုက်အခံပါတီ ကိုယ်စားလှယ် သာဗရီလန့်လို့ခေါ်တဲ့ အမျိုးသမီးဟာ ဝန်ကြီးချုပ်ဟွန်ဆန်ကို နှုတ်အားဖြင့် ဝေဖန်ထောက်ပြလေ့ရှိသူဖြစ်ပြီး လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ထိုင်းနိုင်ငံမှာ ခိုလှုံနေခဲ့တာဖြစ်ပါတယ်။
ထိုင်းလဝကအရာရှိက သူမကို ပြီးခဲ့တဲ့ သောကြာနေ့က နိုင်ငံအရှေ့ပိုင်းနယ်စပ်မြို့ တခုမှာ ဖမ်းဆီးခဲ့ပြီးနောက် နောက်တရက်မှာ ကမ္ဘောဒီးယားကို ပြန်ပို့လိုက်တာဖြစ်ပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့ အကြီးတန်းအရာရှိဖြစ်သူ ဂီလီယန်က နိုင်ငံရေးခိုလှုံသူဒုက္ခသည်တွေကို သူတို့ရဲ့ အသက်ရှင်သန်နိုင်ခွင့်အတွက် သူတို့ကို တားမြစ်ထားတဲ့ နေရာကို ပြန်မပို့ရတဲ့ မူကို ချိုးဖျက်တာလို့ဆိုပါတယ်။
ကမ္ဘာဒီးယားနိုင်ငံရဲ့ UNHCR မှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ (၂)ဦးကို နယ်စပ်ဖြတ်ပြီး နေရပ်ပြန်ပို့ပြီး (၁၀)ရက်အကြာမှာ သာဗရီလန့်ကို ပြန်ပို့လိုက်တာလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက တနင်္လာနေ့မှာ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
UNHCR အနေနဲ့ အဆိုပါ (၃)ဦးကို ပြန်ပို့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်းအစိုးရကို ကြားဝင်ဆွေးနွေးဖို့ ကြိုးစားနေပါတယ်။
ကမ္ဘာဒီးယားကို ပြန်ပို့လိုက်တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး သူတို့တွေဟာ နှိပ်စက်၊ ဖိနှိပ်မှု တွေကြုံနေမှာကို အလွန်ပဲစိုးရိပ်ရပါတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံးရဲ့ အကြီးတန်းအရာရှိက ကြေငြာချက်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံတွင်းက UNHCR မှာ မှတ်ပုံတင်ထားတဲ့ အခြားသော ဒုက္ခသည် တွေရဲ့ အနာဂတ်အတွက်လည်း စိတ်ပူတယ်လို့ UNHCR က ပြောပါတယ်။
သာဗရီလန့်ရဲ့ ခင်ပွန်းဖြစ်သူ ရာဒွန်ဖင်းကတော့ သူ့အမျိုးသမီးရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးအတွက် စိုးရိမ်ကြောက်လန့်နေတယ်လို့ ပြောပါတယ်။
သူမကို လက်ရှိမှာတော့ ဖနွမ်ပင်မှာရှိတဲ့ ပရေဆာထောင်မှာ ထိန်းသိမ်းထားပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ တရားစွဲထားပြီး ရုံးတင်ဖို့ရက်ကို စောင့်နေတယ်လို့ အမည်မဖော်လိုသူကပြောကြောင်း သူမရဲ့ ခင်ပွန်းက ပြောပါတယ်။
သူမအနေနဲ့ လများစွာသို့ နှစ်များစွာ အကျဉ်းချခံရနိုင်ပါတယ်။ သူမဟာ ပန်းနာရောဂါ သည်တဦးဖြစ်ပြီး နေ့စဉ်ဆေးသောက်နေရကာ သူမရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ရ ပါတယ်လို့ သူမရဲ့ ခင်ပွန်းက AFP ကို ပြောပါတယ်။ ဒါ့အပြင် သူမရဲ့ ဖုန်းကိုလည်း အာဏာပိုင်တွေက သိမ်းထားတဲ့အတွက် ဆက်သွယ်လို့မရနေဘူးလို့လည်း ထပ်ပြောပါတယ်။
AFP သတင်းဌာနကတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဖုန်းဆက်မေးမြန်းခဲ့ပါတယ်။
ထိုင်းနိုင်ငံနဲ့ ကမ္ဘာဒီးယားနိုင်ငံတို့အကြား တရားခံပြေးတွေကို လဲလှယ်နိုင်ရေးဆိုတဲ့ သဘောတူညီချက်တရပ်ကို ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
ယခုလအစောပိုင်းတုန်းကလည်း ဖျက်သိမ်းခံလိုက်ရတဲ့ ကမ္ဘာ့ဒီးယားအမျိုးသား ကယ်ဆယ်ရေးပါတီနဲ့ ချိတ်ဆက်နေတဲ့ ဗီယိုရန် ဗီယာဆာနာနဲ့ ဗိုယမ် ဆမ်နမ်တို့ကို လည်း ထိုင်းနိုင်ငံကနေ ပြန်ပို့လိုက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ပြစ်မှုနဲ့ ပြစ်ဒဏ် ပေးခြင်းခံခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။
အဆိုပါပုဂ္ဂိုလ် (၂)ဦးဟာ ဝန်ကြီးချုပ်ဟွန်ဆန်ကို Facebook လူမှုကွန်ရက်မှာ ဝေဖန်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့တာပါ။
Ref: The Bangkok Post