နယူးဒေလီ၊ နိုဝင်ဘာ ၂၂

ရိုက်တာသတင်းဌာနမှ တွေ့ရှိရသော အစိုးရစာရွက်စာတမ်းနှင့် အစိုးရအဖွဲ့အရင်းအမြစ်တစ်ခု၏ ပြောကြားချက်အရ အိန္ဒိယနိုင်ငံအစိုးရသည် Serum Institute of India (SII) မှ ထုတ်လုပ်သော ကိုဗစ် ၁၉ ကာကွယ်ဆေး Novavax အလုံးရေ ၂၀ သန်းကို အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့နိုင်ရန်အတွက် သ‌ဘောတူခဲ့ပြီးဟုသိရသည်။ 

SII မှ Covovax ဟု ခေါ်တွင်သော အဆိုပါကာကွယ်ဆေးကို အင်ဒိုနီးရှားနိုင်ငံအတွင်း အ‌ရေးပေါ် အ‌ခြေအနေအဖြစ်အသုံးပြုနိုင်ရန် အတည်ပြုပေးနိုင်ရန်အတွက် ခွင့်ပြုပေးခဲ့သော်လည်း အိန္ဒိယနိုင်ငံ အတွင်း အသုံးပြုရန်အတွက်မူ ခွင့်ပြုထားခြင်းမရှိပါ။  ဒီဇင်ဘာလထိတိုင် Covovax ဆေးဝါး အလုံးရေ ၁၀၀ မီလီယမ်အထိ ထုတ်လုပ်မည်ဟု SII မှ ရိုက်တာသတင်းဌာနသို့ လွန်ခဲ့‌သော လအတွင်းက ပြော ကြားခဲ့သည်။  

အိန္ဒိယအစိုးရသည် SII ထုတ် Covishield ဟု အမည်တွင်သော ခွင့်ပြုချက်ရရှိထားသည့် AstraZeneca ဆေးအမျိုး အစားကို ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် မျှဝေရေး အစီအစဥ် Covax အတွက် အလုံးရေ ၁၀ သန်း အထိ ထုတ်လုပ်နိုင်ရေးကို ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။ 

ကာကွယ်‌ဆေးတင်ပို့မှုကို နောက်လတွင် စတင်မည်ဖြစ်ပြီး ပထမအသုတ်ကို ဧပြီလကတည်းက ပေးပို့ခဲ့ ပြီးဖြစ်သည်ဟု သတင်းအရင်းအမြစ်တစ်ခုအရ သိရသည်။ 

လွန်ခဲ့သောလအတွင်း ရိုက်တာသတင်းဌာနသို့ SII အကြီးအကဲပြောကြားချက်တွင် သူ၏ မိတ်ဖက် မိသားစု ကုမ္ပဏီများအနေဖြင့် Covax တွင် ပါဝင်နိုင်ရန် နိုဝင်ဘာလတွင် Covishield ကာကွယ်ဆေးကို အလုံးရေ ၂၀-၃၀ မီလီယမ်အထိ ထုတ်လုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလတွင်လည်း အလားတူ ပမာဏထုတ်လုပ်သွားမည်ဟူ၍ ဖြစ်သည်။ 

အိန္ဒိယနိုင်ငံအစိုးရသည် ဇန်နဝါရီလတွင် အရွယ်ရောက်ပြီးသား လူဦးရေ ၉၄၄ သန်းအတွက် လုံလောက် သော ကာကွယ်ဆေးရရှိရန် ပမာဏအနေဖြင့် လိုလားခဲ့သည်။ အိန္ဒိယ အစိုးရမှ အကြမ်းအားဖြင့် ဦးတည်ထားသည့် စုစုပေါင်း အရေအတွက်ကိန်းဂဏန်းမှာ ၁.၇ ဘီလီယမ်ခန့်ဖြစ်သည်။ 

အိန္ဒိယနိုင်ငံသည် အရွယ်ရောက်ပြီးသား လူဦးရေ၏ ၈၁ ရာခိုင်နှုန်းကို အနည်းဆုံးတစ်ကြိမ်ခန့် ကာကွယ် ဆေးထိုးနှံထားပြီးဖြစ်သလို နှစ်ကြိမ်တိုင်တိုင် ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ထားနိုင် သည့် စုစုပေါင်းလူဦးရေ၏ ၄၁ ရာခိုင်နှုန်းဖြစ်သည်။ 

ထိုအရင်းအမြစ်၏ ပြောကြားချက်အရ အိန္ဒိယအစိုးရအနေဖြင့် ၎င်း၏ နိုင်ငံသားများအတွက် Booster Shot ထိုးနှံရေးအတွက် ခွင့်ပြုပေးဖို့ အစီအစဥ်မရှိ‌သေးဟုပါရှိသည်။ 

အိန္ဒိယနိုင်ငံ၏ ဥပဒေပြဌာန်းသူများသည် Dr Reddy’s Laboratories၊ Aurobindo Pharma၊  Cipla၊ Emcure Pharmaceuticals Sun Pharmaceuticals နှင့် Torrent Pharmaceuticals အစ‌ရှိသော ပြည်တွင်းကုမ္ပဏီများမှ ထုတ်လုပ်သော ဆေးဝါးများအပေါ်တွင် အချက်အလက်လေ့လာခြင်းများ ပြု လုပ်နေသည်ဟုလည်း သိရှိရသည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.