ဘန်ကောက်၊ နိုဝင်ဘာ ၁၉

ထိုင်းနိုင်ငံ၏ ကုန်းလမ်းပို့ဆောင်ရေးဌာနသည် လာမည့်လအတွင်းမှ စတင်၍ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ အတွင်း ဝင်ရောက်လုပ်ကိုင်နေသော ယာဥ်မောင်းများကို ပိုမိုလုံခြုံသော ယာဥ်မောင်းနှင်းခြင်း ဖြစ်‌စေရန် အတွက် အမှတ်ပေး (ပွိုင့်) အခြေပြုစနစ်ဖြင့် တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ 

အလားတူစနစ်တစ်ရပ်ကို လွန်ခဲ့သော နှစ်‌ပေါင်းများစွာအတွင်းက သတ်မှတ်ထားရှိဖူးသော်လည်း ယာဥ် မောင်းများ၏ လျော့ရဲစွာကျင့်သုံးခဲ့ကြပြီဖြစ်သည်။ ယင်းအတွက်ကြောင့် ဒီဇင်ဘာလမှ စတင်၍ ကုန်းလမ်းပို့ ဆောင်ရေးဌာနအနေဖြင့် တက္ကစီယာဥ်မောင်းများ၊ သုံးဘီးယာဥ်မောင်းများ၊ မော်တော်ဆိုင်ကယ် ယာဥ်မောင်း များကို ဦးတည် သတ်မှတ်သည့် စည်းမျဥ်းနှစ်ရပ်ကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်သွားမည်ဟု အထွေ ထွေ ဒါရိုက်တာ Chirute Visalachitra (ချီရူတီ ဗီဆာလာချီထရာ) က ‌ပြောကြားခဲ့သည်။ 

အကယ်၍ ပြစ်မှုကျူးလွန်သူများသည် မိမိတို့ ပွိုင့်အမှတ်များ ကုန်ဆုံးသွားပါက ယင်းတို့၏ ယာဥ်မောင်း လိုင်စင်များကို ခေတ္တဆိုင်းငံ့ခြင်း သို့မဟုတ် ရုတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည်။ 

ယာဥ်မောင်းများကို ရှေ့ပြေးအနေဖြင့် ရမှတ် ၁၀၀ ပွိုင့်ပေးအပ်သွားမည်ဖြစ်ပြီး ကျူးလွန်သည့် ပြစ်မှု အမျိုးအစား‌ပေါ် မူတည်၍ ယာဥ်စည်းကမ်းဖောက်ဖျက်ခြင်းများအတွက် ၁၀ ပွိုင့်၊ ၂၀ ပွိုင့် သို့မဟုတ် ၃၀ ပွိုင့် စသဖြင့် လျှော့ချသွားမည်ဖြစ်သည်။

အဆိုပါ အုပ်စုတွင် ပါဝင်သော ယာဥ်မောင်းများနှင့် အငှားယာဥ်ပိုင်ရှင်များအနေဖြင့် ထိုစည်းမျဥ်းအသစ်များ ကို လေ့လာနိုင်ရန်အတွက် ဌာန၏ ဝက်ဘ်ဆိုဒ် သို့မဟုတ် လူမှုကွန်ရက်စာမျက်နှာမှတဆင့် လေ့လာကြရန် အားပေးတိုက်တွန်းထားခဲ့သည်။ www.dlt.go.th/th or via the Facebook fan page PR.DLT.News

ဥပဒေကို ချိုးဖောက်သူဖြစ်စေ၊ ယာဥ်မောင်းလိုင်စင်နှင့်ပတ်သက်သော ရမှတ် ပွိုင့်များ ကုန်ဆုံးသွားသူ ဖြစ်စေ အဆိုပါပုဂ္ဂိုလ်များ၏ လိုင်စင်တရားဝင်မှုကို ရက် ၉၀ ဆိုင်းငံ့မည်ဖြစ်သည်။ 

တစ်နှစ်အတွင်း ထို့ကဲ့သို့ ဆိုင်းငံ့ခြင်းကို နှစ်ကြိမ်တိုင်တိုင် ကျူးလွန်ဖောက်ဖျက်ပါက အဆိုပါ ပုဂ္ဂိုလ်များ အနေဖြင့် ယာဥ်မောင်းလိုင်စင် ကိုင်ဆောင်ခွင့်ကို ရက်ပေါင်း ၁၈၀ တိုင် ပိတ်ပင်ထားမည်ဟု သက်ဆိုင်ရာ အေဂျင်စီမှ ပြောကြားခဲ့သည်။ 

မူးယစ်ဆေးသောက်သုံး၍ ယာဥ်မောင်းနှင်းခြင်း၊ သက်တမ်းလွန် ယာဥ်မောင်းလိုင်စင်များကို အသုံးပြုခြင်း၊ အခြားသော ယာဥ်မောင်းများ၏ လုံခြုံရေးကို ထိပါးနှောက်ယှက်ခြင်း သို့မဟုတ် သေစေနိုင်လောက်‌သော ယာဥ်မတော်တဆမှုများ ဖြစ်ပေါ်စေခြင်းစသော ကျူးလွန်မှုများဖြစ်ပါက ယင်းတို့ ကျန်ရှိသော ရမှတ်ပွိုင့်များ ကို ချက်ချင်းဆုံးရှုံးရမည်ဖြစ်သည်။ 

ရမှတ်လျှော့ခံရသော ယာဥ်မောင်းများသည် နှစ်နာရီကျော်ကြာ သင်တန်းကို တက်ရောက်ခြင်းဖြင့် ပွိုင့် ၅၀ မှ ၁၀၀ အထိ ပြန်လည်ရယူနိုင်သည်။ 

ပြန်လည်ရရှိမည့် ပွိုင့်များကို သင်တန်းတက်ရောက်ပြီးနောက် ယာဥ်မောင်း စစ်ဆေးမှု ဖြေဆိုသည့်နေ့တွင် ထည့်သွင်းပေးသွားမည်။ အကယ်၍ အဆိုပါစစ်ဆေးမှုကို အောင်မြင်အောင် ဖြေဆိုနိုင်ခြင်းမရှိပါက ၇ ရက်အတွင်း ပြန်လည်ဖြေဆိုနိုင်မည့် အခွင့်အရေးကို သုံးကြိမ်တိုင် ရရှိမည်ဖြစ်သည်။ 

ဤစည်းမျဥ်းတွင် အကျုံးဝင်သော ယာဥ်မောင်းများသည် တစ်နှစ်လျှင် ယာဥ်‌မောင်းသင်တန်း တစ်ကြိမ်စီ တက်ရောက်နိုင်သည်။ 

ဆုံးရှုံးသွားသော ရမှတ်ပွိုင့်များကို ပြန်လည်ရယူလိုသည့် ယာဥ်မောင်းများအနေဖြင့် ထိုင်းနိုင်ငံတဝှမ်းရှိ ကုန်းလမ်းပို့ဆောင်ရေးရုံးများတွင် ယင်းတို့၏ ယာဥ်မောင်းလိုင်စင်များ သို့မဟုတ် အထောက်အထားများကို ပြ၍ တောင်းဆိုနိုင်သည်။ 

အဆိုပါဌာန၏ ပြောကြားချက်အရ ယခုသတ်မှတ်ချက်သည် ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုသည့် ကိုယ်ပိုင်ကား ယာဥ်မောင်းများအတွက် အကျုံးဝင်မည်မဟုတ်ပေ။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.