မနီလာ၊ နိုဝင်ဘာ ၁၇

ဖိလစ်ပိုင်နိုင်ငံကို နောက်ဆုံးအုပ်စိုးခဲ့သည့် အာဏာရှင်တစ်ဦးဖြစ်သူ Ferdinand Marcos (ဖာဒီနန် မားကို့စ်)၏ သားဖြစ်သူက လာမည့် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်‌လောင်း အဖြစ် ပါဝင်ခွင့်ကို ရပ်ဆိုင်းပေးရန် အတိုက်အခံအစုအဖွဲ့တစ်ခုမှ မေးမြန်းမည်ဟု သိရသည်။

ထိုသို့ တောင်းဆိုရသည့် အကြောင်းအရင်းမှာ အဆိုပါပုဂ္ဂိုလ်သည် အခွန်ရှောင်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ ရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ 

မားကို့စ်အမျိုးအနွယ်များနှင့် စစ်အုပ်ချုပ်ရေး ပြန်လည်သက်ရောက်မည်ကို ဆန့်ကျင်သည့်လှုပ်ရှားမှု ဟု အမည်ပေးထားသော အဆိုပါအဖွဲ့သည် မေလ ရွေးကောက်ပွဲတွင် ရှေ့ပြေးအဖြစ်ပေါ်ထွက်လာခဲ့သော Ferdinand Marcos ၏ အရည်အချင်းမပြည့်မီမှုကို တင်ပြသွားမည်ဖြစ်သည်။

ထိုအဖွဲ့အစည်း၏ ဆော်ဩသူများအနက် တစ်ဦးအပါအဝင်ဖြစ်သည့် လွှတ်တော်ကိုယ်စားအမတ် အဖြစ်ဆောင်ရွက်ဖူးပြီး Mr. Marcos ကို အခွန်ရှောင်မှုအတွက် ရာစုနှစ် နှစ်ခုကျော်ကြာ ပြစ်ဒဏ် ကျစေခဲ့သူ Satur Ocampo က အဆိုပါ အသနားခံစာတင်သွင်းမှုသည် အခြားသောအဖွဲ့အစည်းတစ်ခုမှ တင်သွင်းခဲ့သည့်  ဆောင်ရွက်ချက်အတိုင်း ဖြစ်သည် ဟု ပြောကြားခဲ့သည်။ 

“ပြည်တွင်းအခွန်ကျင့်သုံးဥပဒေကို ဖောက်ဖျက်တဲ့ ပြည်သူ့အမှုဆောင်အရာရှိများက ပြည်သူ့ဝန်ဆောင် မှုပေးတဲ့ ရုံးတွေမှာ ထိုင်ဖို့နဲ့ ရွေးကောက်ပွဲထဲ ပါဝင်ဖို့အတွက် ရာသက်ပန်အားဖြင့် အရည်အချင်း ပြည့်မီမှာမဟုတ်ပါဘူး”ဟု မားကို့စ်အာဏာရှင်ကို တော်လှန်ခဲ့သူ Mr. Ocampo က စီရင်ထုံးပုဒ်မ တစ်ခုကို ကိုးကား၍ ပြောကြားခဲ့သည်။ 

ဖိလစ်ပိုင်နိုင်ငံ၏ နောက်ဆုံးအာဏာရှင် ဖြစ်သူသည် ရာစုနှစ်နှစ်နှစ်ခုကျော်ကြာ အုပ်ချူပ်ခဲ့ပြီး လူထု အာဏာဟုအမည်ရသောတော်လှန်ရေး ပေါ်ပေါက်သော နှစ် ၁၉၈၆ ခုနှစ်တွင် ဖယ်ရှားခံခဲ့ရကာ ပြည်နှင် ဒဏ်ခံရပြီး ၁၉၈၉ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။  

မားကို့စ်အာဏာရယူသည့် ကာလ ၁၉၈၇ ခုနှစ်တွင် နိုင်ငံပိုင် ကြွယ်ဝယ်မှုများအနက် ဒေါ်လာများကို ဘီလီယမ်နှင့်ချီ (အမေရိကန်ဒေါ်လာ ၁၀ ဘီလီယမ်) အဓမ္မလုယူခဲ့ကြသည့်ဟူသော စွပ်စွဲချက်ကို မားကို့စ်၏ ဇနီးဖြစ်သူနှင့် သားသမီးများမှ အကြိမ်ကြိမ် ငြင်းဆိုထားခဲ့သည်။ 

မစ္စတာမားကို့စ်ဂျူနီယာသည် ၁၉၈၂ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ သူ၏ ဝင်ငွေများကို ပြန်လည်တင်ပြရန် ပျက်ကွက်မှုကြောင့် အခွန်တိမ်းရှောင်မှုဖြင့် ရုံးတော်မှ ၁၉၉၅ ခုနှစ်တွင် စီရင်ချက်ချခဲ့သည်။ အဆိုပါ ပြစ်ဒဏ်ကို ၁၉၉၇ ခုနှစ်တွင် အယူခံရုံးတော်က အတည်ပြုခဲ့သည်။ 

သို့သော်ငြားလည်း မစ္စတာ မားကိုစ့်ဂျူနီယာသည် အုပ်ချုပ်သူအဖြစ်သော်လည်းကောင်း၊ လွှတ်‌တော် အမတ်အဖြစ်သော်လည်းကောင်း၊ ထို့အပြင် ၂၀၁၀ ခုနှစ်တွင် ဥပဒေပြုအထက်လွှတ်တော် အမတ် အဖြစ်သော်လည်းကောင်း ရွေး‌ကောက်ခံခဲ့ရပြီးဖြစ်သည်။ 

ပြစ်ဒဏ်ကျသင့်သော်ငြားလည်း မရှေးမနှောင်းကာလတွင် သူသည် အများပြည်သူရုံးများတွင် တာဝန်ထမ်းဆောင်နေခြင်းအပေါ် မစ္စတာ Ocampo က “အဲ့ဒါမျိုးထပ်ပြီး မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။ 

နိုင်ငံရေးအရထိန်းသိမ်းခံရသူများ၊ လူအခွင့်အရေးနှင့် ‌ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများ ကိုယ်စားပြု သည့် မားကိုစ့်ဆန့်ကျင်ရေး အဖွဲ့မှ အရည်အချင်းမပြည့်မီဟု အစောပိုင်းတွင်  တင်သွင်းထားသော အသနားခံစားအပေါ် သုံးသပ်မည့် ပဏာမညီလာခံကို နိုဝင်ဘာ ၂၆ ရက်နေ့တွင် ကျင်းပရန် မဲရုံအဖွဲ့မှ စီစဥ်ထားရှိသည်။ 

အသက် ၆၄ နှစ်အရွယ်ရှိသော မစ္စတာမားကိုစ့်က အဆိုပါအသနားခံစာသည် ကောင်းကျိုးမရှိသလို ဥပဒေရေးအရ အခြေခံခြင်းမရှိဟု ပြောကြားခဲ့သည်။ 

သမ္မတ Rodrigo Duterte ၏ သမီးဖြစ်သူ Ms Sara Duterte သည် ဒုတိယသမ္မတရာထူးအတွက် ဝင်ရောက်ယှဥ်ပြိုင်မည့် ပြိုင်ဘက်အဖြစ် သ‌ဘောတူပါသည်ဟု မစ္စတာမားကို့စ်က အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး ရက်သီတင်းပတ်များစွာကတည်း ထွက်ပေါ်နေသည့် နိုင်ငံ၏ အင်အားအကြီးဆုံး မိသားစုနှစ်ခုအကြား မဟာမိတ်ဖွဲ့နိုင်သည်ဟူသော ထင်မြင်ယူဆချက်ကို အတည်ပြုလိုက်သလို ဖြစ်ပြန်တော့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.