ဘန်ကောက်၊ နိုဝင်ဘာ ၁၆

ထိုင်းဘုရင်ကို အသေရေဖျက်သည့် သဘောအသွင် ပြောဆိုပါက အမြင်ဆုံးပြစ်ဒဏ် ထောင် ၁၅ နှစ်အထိ ချမှတ်ခြင်းကို လျှော့ပေါ့သင့်သည်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောကြားခဲ့သည်။ 

ဘုရင့်အား အသရေဖျက်ပြောဆိုခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်လျှင် ပတ်သက်လျှင် ပြဿနာမရှိ သော် လည်း  ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ ဖောက်ဖျက်မှုဖြင့် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ် အထိ  ချမှတ်သည်မှာ လွန်စွာမှ ပြင်းထန်သော အရေးယူဆောင်ရွက်မှုဖြစ်သည်ဟု သက်ဆင်က ပြောကြားခဲ့ သည်။ 

ပြစ်ဒဏ်လျှော့ပေါ့ရေးကို ဥပဒေကြောင်းအရ ပြင်ဆင်နိုင်ရေးကို အရေးကြီးကိစ္စရပ်အနေဖြင့် ဆောင်ရွက် သင့်သည်ဟုလည်း အဆိုပါပုဂ္ဂိုလ်မှ ပြောကြားခဲ့ပါသည်။  


“ပြစ်ဒဏ်ချမှတ်ခြင်းကို သိပ်ကို ပြင်းထန်တဲ့ အခြေအနေကနေ ဘယ်လို ထိန်းသိမ်းဆောင်ရွက်နိုင်မလဲဆိုတာ ကျွန်ုပ်တို့ စဥ်းစားကြည့်ဖို့လိုပါတယ်” ဟု မစ္စတာ သက်ဆင်မှ ပြောကြားခဲ့သည့်အပြင် ဘုရင့်အား အသရေ ဖျက်မှုဖြင့် ထိန်းသိမ်းခံရသူများအနေဖြင့်လည်း အာမခံရပိုင်ခွင့်ရှိသင့်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ 

လက်ရှိတွင် ဥပဒေအရဆိုလျှင် မည်သူမဆို တိုင်တန်းခွင့်ထားပြီး ယခင်ကဆိုလျှင် စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်မှု မတိုင်ခင် တိုင်တန်းချက်များကို လက်ခံပေးမည့် ကော်မတီရပ်ထားရှိခဲ့ပါသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့အနေဖြင့် ယခုအခါတွင်တိုင်တန်းချက်အားလုံးကို စုံစမ်းစစ်ဆေးရန်အတွက် လက်ခံ ဆောင်ရွက်နေရပါသည်။ အချို့သော တိုင်တန်းချက်များသည် လုံလောက်စွာ ခိုင်လုံမှုမရှိခြင်းကြောင့် ဆက်လက်ဆောင်ရွက်ရန် မပြုသင့်ပေ။ 

ဘုရင့်အားအသရေဖျက်ပြောဆိုမှုဆိုင်ရာ ဥပဒေနှင့်စပ်လျဥ်းသည် တိုင်တန်းချက်စနစ်ကိုလည်း ပြန်လည်မွမ်းမံသင့်သည်။

“အကယ်၍ အဲ့လိုသာ မဆောင်ရွက်နိုင်ပါလျှင် အမြင်ရေးရာအရ ကွဲပြားမှုတွေဟာ ပိုပြီးတော့ နက်ရှိုင်း သွားနိုင်ပါတယ်”ဟု မစ္စတာသက်ဆင်မှ ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.