ဖနွမ်ပင်၊ နိုဝင်ဘာ ၁၅

ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်‌နေ့မှ စတင်၍ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံပြီးသော ခရီးသွားဧည့်သည် များသည် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်ရာတွင် ကွာရန်တင်းဝင်ရန် လိုအပ်တော့မည် မဟုတ် ကြောင်း  ဝန်ကြီးချုပ်ဟွန်ဆန်က  တနင်္ဂနွေနေ့မှာ ပြောကြားလိုက်သည်။

အ‌ရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံသည် ကာလရှည် ကွာရန်တင်း လိုအပ် ချက်ကို ၁၈ လ ‌ကျော်ကြာ သတ်မှတ်ထားခဲ့ပြီးသည့်နောက် နိုင်ငံဝန်ကြီးချုပ်သည် လူမှုကွန်ရက်မီဒီယာ များပေါ်တွင် ပြန်လည်ဖွင့်လှစ်မည်ဟူသော ထုတ်ပြန်ချက်ကို ကြေငြာခဲ့ခြင်းဖြစ်သည်။ 

“လာရောက်ကြမယ့် ခရီးသွားဧည့်သည်များက ဆေးနှစ်ကြိမ်လည်းထိုးနှံပြီးတဲ့အပြင် ကိုဗစ် ၁၉ စစ် ဆေးချက်က negative ဖြစ်တယ်ဆိုရင် ကမ္ဘောဒီးယားဘုရင့်နိုင်ငံတခွင်လုံးကို လည်ပတ်နိုင်ဖို့ အတွက် ခွင့်ပြုပေးမှာဖြစ်ပါတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

ထို့အပြင် ကာကွယ်ဆေးမထိုးနှံရသေးသော ခရီးသူများအနေဖြင့် ကွာရန်တင်း ၁၄ ရက် နေထိုင်ရန် လိုအပ်မည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ 

Mr.Hun Sen (ဟွန်ဆန်)၏ ပြောကြားချက်တွင် ကွာရန်တင်းနေထိုင်ရသော ကာကွယ်ဆေးထိုးနှံ ပြီးသား နိုင်ငံခြားသားများနှင့် ကမ္ဘောဒီးယားနိုင်ငံသားများကိုလည်း တနင်္လာနေ့မှ စတင်၍ ထွက်ခွာခွင့် ပေးမည် ဟူ၍ ပါရှိသည်။ 

“ဤနည်းလမ်းကတော့ နိုင်ငံကို ပြန်လည်ဖွင့်လှစ်ဖို့နဲ့ ကျွန်တော်ရဲ့ လူတွေ ခရီးသွားနိုင်ရန်အတွက်လည်း ပံ့ပိုးဆောင်ရွက်ပေးတာဖြစ်ပါတယ်။ နိုင်ငံသားတော်တော်များက နိုင်ငံရပ်ခြားကို ခရီးသွားချင်ကြပေ မယ့် ပြန်လာတဲ့အခါ ကွာရန်တင်းဝင်ဖို့ လိုအပ်တာကို စိုးရိမ်နေကြတာပါ” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြော ကြားခဲ့သည်။ 

ကမ္ဘောဒီးယားနိုင်ငံသည် အာရှတွင် ကာကွယ်ဆေးထိုးနှံမှုကို အမြင့်ဆုံးဆောင်ရွက်နိုင်သည့် နိုင်ငံများ အနက် တစ်နိုင်ငံဖြစ်ပြီး ၁၆ မီလီယမ်ကျော်ရှိသည့် နိုင်ငံ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ကာကွယ် ဆေးထိုးနှံနိုင်ခဲ့ပြီဖြစ်သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.