ဂျာကတာ၊ နိုဝင်ဘာ ၈

ရေကြောင်းပိုင်နက်အငြင်းပွားမှုများမြင့်တက်လာခြင်းနှင့် ကပ်ဘေးကာလအလွန် နိုင်ငံ၏ စီးပွားရေးကို ပြန်လည် ဖွင့်လှစ်ရာတွင် လုံခြုံ‌ရေးကို မြှင့်တင်နိုင်ခြင်းအတွက်  အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒိုက ၎င်း၏ လက်နက် ကိုင်တပ်ဖွဲ့အင်အားစုများကို ဦးဆောင်နိုင်ရန် ယင်း၏ လူယုံဖြစ်သူ၏ သမက်ဖြစ်သူကို စစ်ရေးအကြီးအကဲအဖြစ် ခန့်အပ်ရာ အင်ဒိုနီးရှား ပါလီမန်ကော်မရှင် သဘောတူခဲ့သည်။ 

အသက် ၅၆ နှစ်အရွယ် ဗိုလ်ချုပ် Andika Perkasa (အန်ဒီကာ ပါကာဆာ)သည်  စစ်တပ်၊ လေကြောင်းတပ်ဖွဲ့နှင့် ပင်လယ်သမုဒ္ဒရာ ရေပိုင်နက်များ အပါအဝင် ရေကြောင်းတပ်ဖွဲ့ များကို ဦးစီးကွပ်ကဲရမည်ဖြစ်သည်။ 

အဆိုပါပုဂ္ဂိုလ်၏ ယောက္ခထီးဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ်ကြီး A. M. Hendropriyono (အေ အမ် ဟမ်ဒရိုပရီယိုနို)သည် ဂျာကတာ မြို့တော်ဝန်အဖြစ် တာဝန်ဆောင်ရွက်စဥ်က အင်ဒိုနီးရှားထောက်လှမ်းရေး အေဂျင်စီ၏ အကြီးအကဲဟောင်း ဖြစ်သလို ဝီဒိုဒို၏ သစ္စာအရှိဆုံး လူပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ 

စစ်တပ်ဝန်ထမ်းများအားလုံး၏ အကြီးအကဲအဖြစ်သူ ဗိုလ်ချုပ် Perkasa သည် အကြမ်းဖက်တိုက်ခိုက်မှုများ၏ ဦးတည်ချက်လည်းဖြစ် ကမ္ဘာအကျော်ကြားဆုံး မွတ်ဆလင်နိုင်ငံလည်းဖြစ်သော အင်ဒိုနီးရှားနိုင်ငံကို ကာကွယ်ရန် အတွက် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။ 

ထိုကဲ့သို့ ခြိမ်းခြောက်မှုများကိုကာကွယ်ခြင်းသည် MotoGP (မိုတိုဂျီပီ)၊ L’Etape Indonesia by Tour de France (တိုဒီဖရန်)နှင့် the G-20 စသည့် နိုင်ငံတကာအခမ်းအနားများကို လာမည့်နှစ်အတွင်း လက်ခံကျင်းပ ခြင်းအားဖြင့် နိုင်ငံ့စီးပွားရေးကို ပြန်လည်မြှင့်တင်လိုသောသ မစ္စတာ ဝီဒိုဒို၏ အစီအစဥ်အောင်မြင်ရေးအတွက် အဓိကသော့ချက်ဖြစ်သည်။ 

ပါလီမန် ကော်မရှင်အနေဖြင့် စုံညီအစည်းအဝေးမှ တဆင့် ချက်ချင်းအတည်ပြုပြီး ရလဒ်များကို တင်သွား မည်ဟုလည်း ဥက္ကဌ Meutya Viada Hafid နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ 

ထိုကဲ့သို့သော ကော်မရှင်မှတဆင့် အတည်ပြုမှု၏ အဓိပ္ပါယ်ဆိုသည်မှာ ဗိုလ်ချုပ်ကြီး Perkasa အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ‌ရွေးကောက်ပွဲအတွက် လုံခြုံရေးနှင့် ကမ်းလွန်လောင်စာပေါကြွယ်ဝပြီး တောင်တရုတ်ပင်လယ်နှင့် ထိစပ်နေသော Natuna ပင်လယ်၌ လာမည့်ငါးနှစ်အတွင်း ရူပီယာ ၁၂ ထရီလီယံ (စင်ကာပူဒေါ်လာ ၁.၁ ဘီလီယံ) ဘတ်ဂျက်အသုံးပြုမည့် စစ်ရေးနှင့် ကာကွယ်ရေး စွမ်းရည်များကို မြှင့်တင်ရေး အစီအစဥ် စသည့်အခြေအနေနှစ်ရပ်အတွက် သေချာအောင် ဆောင်ရွက်ရမည်ဟုလည်း ဆိုလိုခြင်း ဖြစ်သည်။

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.