ဂျာကတာ၊ နိုဝင်ဘာ ၈

ကာကွယ်ဆေးထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးအပါအဝင် အင်ဒိုနီးရှားနိုင်ငံ၏ ကဏ္ဍအများအပြားတွင် UAE (အာရပ်စော်ဘွားများပြည်ထောင်စု)၏ စီးပွားရေးလုပ်ငန်းများမှ ဒေါ်လာ ၃၂.၇ ဘီလီယမ် တန်ဖိုး ရှိသော ရင်နှီးမြှုပ်နှံဖို့ ကတိကဝက်များကို ရရှိထားပြီးဖြစ်သည်ဟု အင်ဒိုနီးရှားအစိုးရ မှ  ထုတ်ပြန်ကြေငြာခဲ့သည်။ 

ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သော ရင်းနှီမြှုပ်နှံမှုဆိုင်ရာ ကြေငြာချက်သည် အင်ဒိုနီးရှားသမ္မတ၏ UAE သို့ အလည်အပတ်ရောက်ရှိသည့် ခရီးစဥ်ပြီးနောက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

၎င်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝက် အပေးအယူ ၁၉ ချက်ကို   အင်ဒိုနီးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အာဏာပိုင်နှင့် ဒူဘိုင်းအခြေစိုက် နိုင်ငံတကာဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည့် DP World အကြား ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောကြားခဲ့သည်။ 

နိုင်ငံပိုင်လောင်စာဆီလုပ်ငန်းဖြစ်သည့် pertamina အနေဖြင့်လည်း Abu Dhabi အ‌ခြေစိုက် လောင်စာ ကုမ္ပဏီဖြစ်သည့် Masdar နှင့် Floating ဆိုလာပြားစီမံကိန်းကို လက်တွဲလုပ်ဆောင်ရန် လက်မှတ်ရေး အတွက် မျှော်မှန်းထားသည်။ 

Abu Dhabi အခြေစိုက် ဉာဏ်ရည်တုကုမ္ပဏီတစ်ခုဖြစ်သည့် G42 သည်လည်း စမတ်စီးတီးရှေ့ပြေးကဏ္ဍများ၊ တယ်လီကွန်ဆက်သွယ်ရေးများနှင့် မျိုးဗီဇဓါတ်ခွဲခန်းများတွင် ရင်းနှီးမြှုပ်နှံသွားရန် မျှော်မှန်းထားပါသည်။ G42 သည် စက်တင်ဘာလအတွင်းက အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်း၏ မိတ် ဖက်များနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

အင်ဒိုနီးရှားနှင့် UAE တို့သည် ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီမှု (Cepa) အတွက် ဆွေး‌‌ နွေးမှုများကို အရှိန်မြင့်တင်နိုင်ရန်လည်း သဘောတူထားခဲ့သည်။ ၇ ကြိမ်အထိ အပြန်အလှန် ညိနှိုင်းမှုများပြီးနောက်ကတွင် စက်တင်ဘာလအတွင်းက ၎င်းသဘောတူညီချက်ကို စတင်နိုင်ခဲ့ပြီး မစ္စတာ Joko အနေဖြင့် ထိုအပေးအယူကို အဆုံးသတ်နိုင်ရန် နောက်နှစ် မတ်လကို အစောဆုံးအဖြစ် မျှော်မှန်းထားသည်။

Cepa ဆွေး‌နွေးညှိနှိုင်းမှုများသည် ‌တောင်ကိုရီးယား၊ ကင်ညာ၊ အီသီယိုးပီးယားနှင့် တူရကီ စသော အလျင် အမြန်ဖွံ့ဖြိုးလာနေသော စီးပွားရေးများအတွင်း ဈေးကွက်ဖွင့်လှစ်နိုင်ရန်ဟူသော UAE ၏ စုပေါင်းဦးတည်ချက်အတွက် အစိတ်အပိုင်းတစ်ခုဖြစ်သည်။

နိုင်ငံတကာခရီးစဥ်များ ပြန်လည်ဝင်ရောက်ခွင့်ပြုခြင်းနှင့်အတူ နှစ်နိုင်ငံအကြားတွင် ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံပြီးမြောက်ကြောင်း သက်သေခံ အထောက်အထားမျာကို အပြန်အလှန် အသိအမှတ်ပြုကြရန်နှင့် ယမန်နှစ် ဂျူလိုင်လကတည်းက ဆောင်ရွက်ထားခဲ့သော ခရီးသွားစင်္ကြံ သဘောတူညီမှုကိုလည်း အားကောင်း‌အောင် ဆောင်ရွက်ဖို့ သဘောတူညီထားနိုင်ခဲ့သည်။ 

လွန်ခဲ့သော ကြာသပ‌တေးနေ့က ကျင်းပခဲ့သော အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် မစ္စ Rento ၏ ပြောကြားချက်အရ “တဖက်အစိုးရနှင့် အင်ဒိုအစိုးရအကြား (အပေးအယူသဘော) ထားရှိသည့် သဘော တူညီမှု ၁၀ ခုထိ ရှိနိုင်မည်ဟု ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပရိုမိုရှင်း၊ ‌အခွန်ကောက်ခံ‌ရေး၊ ဗဟိုဘဏ်ပူးပေါင်း‌ဆောင်ရွက်မှု၊ ခရီးသွားကဏ္ဍ အပြင် ဒီရေတော စီမံခန့်ခွဲမှု စသည့် ကဏ္ဍများ ပါဝင် သည်ဟု မစ္စ Rento က ပြောကြားခဲ့သည်။  

ယူအေအီးသို့ အင်ဒိုနီးရှား၏ ကုန်ပစ္စည်းတင်ပို့မှုသည် စက်တင်ဘာလတွင် စုစုပေါင်းတင်ပို့မှု၏ ၁ ရာခိုင်နှုန်း အောက်သာရှိခဲ့သည်ဟု စာရင်းအင်းအင်ဒိုနီးရှားအချက်အလက်များက ဖော်ပြသည်။ 2021 ခုနှစ် တတိယ သုံးလပတ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတွင်၊ UAE သည် အမေရိကန်ဒေါ်လာ 5.8 သန်းသာ အကောင်အထည်ဖော်ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

အင်ဒိုနီးရှားတက္ကသိုလ်၏ စီးပွားရေးပညာရှင် မစ္စတာ Fithra ၏ ပြောကြားချက်တွင် အင်ဒိုနီးရှား၏ ပို့ကုန်များနှင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများတွင် UAE ၏ အသေးစား မျှဝေမှုသည် နိုင်ငံအတွက် ဓလေ့ထုံးတမ်းမဟုတ်သော ဈေးကွက်တစ်ခု ဖြစ်လာစေနိုင်သည်၊ အထူးသဖြင့်နှစ်နိုင်ငံစလုံးသည် မွတ်ဆလင်/အစ္စလာမ် အများစုဖြစ်သည့် နိုင်ငံများဖြစ်ကြသည်ဟု ပါရှိသည်။

Jakarta Post မှ Mr.Fithra သို့ ဖုန်းဖြင့်မေးမြန်းချက်တွင် အဆိုပါပုဂ္ဂိုလ်က “ကျွန်ုပ်တို့က (ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှု)စတဲ့ လက်ရှိ အရာတွေကသာမက အနာဂတ်မှာရှိတဲ့ ဖြစ်နိုင်ချေ အလားအလာ တွေကိုလည်း ရှာ‌ဖွေနေပါတယ်။ ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းစဥ်တွေမှာ အကောင်းဆုံးဖြစ်တဲ့ UAE အတူလက်တွဲပြီး နိုင်ငံအတွင်း ဆက်စပ်ကဏ္ဍတွေကို  မြှင့်တင်ဖို့ မျှော်မှန်း ထားပါတယ်” ဟု ပြောကြား ခဲ့သည်။ 

စီးပွားရေးဆိုင်ရာ အပေးအယူများသည် မစ္စတာ Joko အတွက် အဓိကဆွဲဆောင်မှု ဖြစ်သည်။ ယခု သီတင်းပတ် အစောပိုင်းတွင် သွားရောက်ခဲ့သော မစ္စတာ Joko ၏ နိုင်ငံခြားခရီးစဥ်များတွင်လည်း သူသည် ၎င်း၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို လွန်စွာလက်ခံနိုင်သော နိုင်ငံသို့ သွားရောက်ရန် ရွေးချယ်ခဲ့သည်။

Abu Dhabi သို့ရောက်ရှိချိန်တွင်လည်း အင်ဒိုနီးရှားသမ္မတသည် မင်းသားနှင့် တွေ့ဆုံခဲ့ပြီး နောက်နှစ် တွင် ဘာလီ၌ ကျင်းပမည့် G-20 ထိပ်သီးခေါင်းဆောင်များတွေ့ဆုံပွဲတွင် အထူး ဧည်သည့်တော် အဖြစ် တက်ရောက် ဖိတ်ကြားခဲ့သည်။  

မစ္စတာ Joko နှင့် သရဖူမင်းသားတို့သည် အထင်ကရ လမ်းများကို  အမည်များ အပြန်အလှန် ပေးခြင်းဖြင့်လည်း အသိအမှတ်ပြုခြင်းများလည်းရှိခဲ့သည်။  

အရှေ့ ကာလီမန်တန်တွင် မြို့ပြသစ်တစ်ခုတည်ဆောက်ရန် ဟူသော မစ္စတာ Joko ရည်ရွယ်ထားသည့် စီမံကိန်းအကြောင်းအရာများကို ခေါင်းဆောင်နှစ်ဦးအကြား ဆွေးနွေးခဲ့ကြသည်။ သရဖူမင်းသားသည် လည်း အဆိုပါမြို့သစ်ဆောက်လုပ်နိုင်ရေးအတွက် ကြီးကြပ်ကွပ်ကဲ့မည့် ကော်မတီတစ်ရပ်ကို ဦး‌ဆောင် ထားသည်။ 

မစ္စ Rento က “နှစ်ဖက်ခေါင်းဆောင်များက ဒီကိစ္စနဲ့ပတ်သက်လို့ နည်းပညာအဆင့်တွေကို အလေးထား လိုက်နာဖို့ သဘောတူညီကြခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Jakarta Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.